ခရစ်စမတ် ပိတ်ရက်မှာ အိမ်မှာ အေးအေးလူလူ အနားယူရင် ဇာတ်ကား ကောင်းကောင်းလေးတွေ ကြည့်ဖို့ ကြံရွယ်နေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကားကောင်းများကို ကြည့်ရှုသင့်ပါတယ်။ ခရစ်စမတ် ပိတ်ရက်ရှည်မှာ ဇာတ်ကား ကောင်းတွေ ကြည့်ရင်း တစ်နှစ်တာလုံး ပင်ပန်းထားသမျှတွေကို ပြေလျော့နိုင်ပါတယ်။

(၁) EXmas

Graham က ခရစ်စမတ်ပိတ်ရက်မှာ သူ့ရဲ့ မိသားစုတွေဆီ ပြန်သွားပြီး ခရစ်စမတ်ကို အတူတူ ကျင်းပဖို့အတွက် မိဘတွေအိမ်ကို ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့အိမ်ကို ပြန်ရောက်တော့ သူ့ရဲ့ ရည်းစားဟောင်းက သူ့မိသားစုဝင်တွေနဲ့အတူတူ ခရစ်စမတ်ပါတီပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲဖို့ ပြင်နေတာကို အံ့အားသင့်စွာ မြင်လိုက်ရပါတယ်။ Graham တစ်ယောက် အံ့သြသွားပြီး သူ့ရဲ့ ရည်းစားဟောင်းကို ဘာလို့ ဖိတ်လိုက်တာလဲလို့ သူ့မိသားစုကို အံ့သြတကြီး မေးလိုက်ပါတော့တယ်။ သူ့ရဲ့ ရည်းစားဟောင်းကရော ဘာဖြစ်လို့ ဖိတ်ကြားတာကို လက်ခံပြီး သွားလိုက်တာလဲ။ ဇာတ်ကားအမြည်းလေးကို ကြည့်ရှုခံစားကြည့်လိုက်ပါဦး။

Source: Rotten Tomatoes

(၂) Your Christmas or Mine?

Hayley နဲ့ James တို့သည် ငယ်ရွယ်တဲ့ သမီးရည်းစားနှစ်ယောက်ဖြစ်ကြပြီး ခရစ်စမတ် ကျောင်းပိတ်ရက်မှာ အသီးသီး အိမ်ပြန်ဖို့ ပြင်ကြပါတယ်။ ဒီလိုနဲ့ပဲ အိမ်ပြန်မယ့်ရက်မှာ ရထားဘူတာရုံမှာ နှုတ်ဆက်ကြပါတယ်။ ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် စပရိုက်တိုက်မယ်ဆိုပြီး နှစ်ယောက်သားက တစ်ယောက်ရထားပေါ် တစ်ယောက်တက်ပြီး စပရိုက်တိုက်ပါတယ်။ ဖြစ်ချင်တော့ ကောင်မလေးက ကောင်လေးရဲ့ ရထားပေါ် ပါသွား၊ ကောင်လေးကလည်း ကောင်မလေးရဲ့ ရထားပေါ် ပါသွားပြီး နှစ်ယောက်သား လွဲသွားပါတော့တယ်။ ဘာဆက်ဖြစ်မလဲဆိုတာ သိချင်ရင်တော့ ဒီဇာတ်ကားလေးကို ဆက်ကြည့်ကြည့်လိုက်ပါ။

Source: Amazon Prime Video UK & IE

(၃) Your Christmas or Mine 2

ဒီဇာတ်ကားလေးကတော့ စောစောက ဇာတ်ကားက ဒုတိယပိုင်းပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ James အဖေက Hayley ရဲ့ မိသားစုကို သြစတြေးလျက Alps တောင်တန်းပေါ်က ဇိမ်ခံ စကိတ်အပန်းဖြေစခန်းဆီသို့ သွားရောက်လည်ပတ်ရန် ဖိတ်ကြားလိုက်ပါတယ်။ ဖြစ်ချင်တော့ လေဆိပ်မှာ အလွဲလေးတွေဖြစ်ပြီး ထိုစုံတွဲ နှစ်ယောက်ရဲ့ ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုတစ်ခု ကျရောက်လာပြန်ပါတယ်။

သူတို့အတွဲတွေ ဒီတစ်ခေါက်မှာရော ဘယ်လိုအလွဲနဲ့ ကြုံရမလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးထဲမှာ အဖြေရှာကြည့်လိုက်ပါ။

Source: Amazon Prime Video UK & IE

(၄) Falling For Christmas

မကြာသေးခင်ကမှ လောလောလတ်လတ် စေ့စပ်ထားတဲ့ စုံတွဲတစ်တွဲသည် ခရစ်စမတ်မှာ အတူတူ အပန်းဖြေဖို့ရန်အတွက် စကိတ် အပန်းဖြေကွင်းဆီသို့ ခရီးထွက်လာခဲ့ပါတယ်။ ထိုစုံတွဲမှာ အမျိုးသမီးဖြစ်သူက ကျိကျိတက်ချမ်းသာသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ စကိတ်စီးရင်း မတော်တဆတစ်ခုကြောင့် တောင်ပေါ်ကနေ ပြုတ်ကျကာ အတိတ်မေ့သွားပါတော့တယ်။ ဒီလိုနဲ့ပဲ သူ(မ)ကို ဆေးရုံသို့ ခေါ်ပေးသွားတဲ့ လူကပဲ သူ(မ)ကို စောင့်ရှောက်ဖို့အတွက် နေအိမ်သို့ ခေါ်သွားပါတယ်။ နောက်ဆုံးမှာ သူတို့ နှစ်ယောက်ကြား ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ဆက်လက်ကြည့်ရှုရင်း အဖြေရှာကြည့်လိုက်ပါ။

Source: Netflix

(၅) Home Alone

ခရစ်စမတ်ဇာတ်ကားတွေလို့ ပြောလိုက်တာနဲ့ Home Alone ဇာတ်ကားတွေက တကယ့်ကို အနှစ်သာရ ပြည့်ဝတဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။ Home Alone ကိုမှ ၁​၊ ၂၊ ၃၊ ၄ ဆိုပြီး လေးကား ထွက်ရှိထားတာပဲဖြစ်ပါတယ်။ ကြည့်ပြီးသား ဇာတ်ကားတစ်ကားဖြစ်ရင်တောင်မှ ခရစ်စမတ်ဆိုရင် ထိုဇာတ်ကားတွေကို ပြန်ကြည့်ရမှာကတော့ တာဝန်တစ်ခုလိုပါပဲ။

Source: TrailersPlayground

ကွီးတို့ရော ခရစ်စမတ် ပိတ်ရက်ရှည်ကြီးမှာ ဘယ် ဇာတ်ကား ကောင်းတွေကို ကြည့်ရှုဖို့ ရည်ရွယ်ထားပါသလဲ။