ဒီဇင်ဘာလ ရောက်ပြီဆိုတာနဲ့ အားလုံး မျှော်လင့်စောင့်စားနေတဲ့ ခရစ်စမတ်ကာလကို ရောက်ရှိလာခဲ့ပြန်ပါပြီ။ ခရစ်စမတ် အချိန်ကာလမှာ ချစ်သူ ခင်သူတွေနဲ့အတူတူ ပါတီပွဲ ကျင်းပဖို့ စီစဥ်နေပါသလား။ ခရစ်စမတ် အချိန်ကာလနဲ့ လိုက်ဖက်တဲ့ သီချင်း ကောင်းတွေကို နားထောင်ပြီး ပျော်ပျော်ပါးပါး ပါတီပွဲ ဆင်နွှဲချင်သူတွေအတွက် အခုဖော်ပြပေးမယ့် သီချင်းများက အကောင်းဆုံးပါပဲ။

(၁) All I Want for Christmas Is You By Mariah Carey

Source: Mariah Carey

ခရစ်စမတ်အချိန်ရောက်ပြီဆိုတာနဲ့ Mariah Carey ရဲ့ All I Want for Christmas Is You ဆိုတဲ့ သီချင်းလေးကတော့ မပါမဖြစ်ပါပဲ။ ဒီသီချင်းက ပရိသတ်တော်တော်များများကြား ရေပန်းစားနေဆဲ သီချင်းကောင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။

(၂) Last Christmas By Wham!

Source: WHAM!

ဒီသီချင်းလေးကတော့ ၁၉၈၆ ခုနှစ်ကတည်း က ထွက်ရှိခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ မူရင်းအဆိုရှင် သီဆိုထားတဲ့ သီချင်းကလည်း စထွက်ကတည်းကနေ ယနေ့ချိန်ထိ ရေပန်းစားနေဆဲဖြစ်ပြီး အခြားအဆိုတော်များကလည်း ကာဗာပြန်လည်သီဆိုထားကြပါတယ်။

(၃) Santa Baby By Eartha Kitt

Source: Eartha Kitt

ဒီသီချင်းလေးကတော့ ၁၉၅၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းဖြစ်ပြီး အမေရိကန်အဆိုတော် Eartha Kitt က သီဆိုထားတာပဲဖြစ်ပါတယ်။ ကမ္ဘာကျော် အဆိုတော်များစွာလည်း ကာဗာပြန်လည်သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၄) Rockin’ Around the Christmas Tree By Breanda Lee

Source: Brenda Lee

Brenda Lee သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ခရစ်စမတ် ပါတီလို့ ပြောလိုက်တာနဲ့ မပါမဖြစ် ထည့်သွင်းသင့်တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၅) Christmas Party By Meghan Trainor

Source: Meghan Trainor

ခေတ်သစ် ခရစ်စမတ် သီချင်းကောင်းတွေကို နားဆင်ခံစားချင်တယ်ဆိုရင်တော့ Meghan Trainor ရဲ့ Christmas Party သီချင်းကောင်းလေးကို နားဆင်ခံစားနိုင်ပါတယ်။

(၆) Santa Tell Me By Ariana Grande

Source: Ariana Grande

အမြင့်သံတွေကို အထာကျကျ သီဆိုနိုင်တဲ့ Ariana Grande ရဲ့ Santa Tell Me သီချင်းကလည်း မြူးမြူးကြွကြွနဲ့ ပါတီပွဲအတွက် လိုက်ဖက်လွန်းလှပါတယ်။

(၇) Santa’s Coming For Us By Sia

Source: Sia

ဒီသီချင်းလေးကတော့ ၂၀၁၇ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပြီး Sia ပရိသတ်တွေ အကြိုက်တွေ့စေမယ့် သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၈) Oh Santa! By Mariah Carey, Ft. Ariana Grande, Jennifer Hudson

Source: Mariah Carey

ဒိတ်ဒိတ်ကြဲ အဆိုတော် သုံးယောက်ကို သီချင်းတစ်ပုဒ်ထဲမှာ နားဆင်ခံစားကြည့်ချင်တယ်ဆိုရင်တော့ Oh Santa! ဆိုတဲ့ သီချင်းလေးကို နားဆင်နိုင်ပါတယ်။

(၉) Merry Christmas By Ed Sheeran & Elton John

Source: Ed Sheeran

ဘယ်တော့မှ ရိုးမသွားမယ့် ခရစ်စမတ် သီချင်း တစ်ပုဒ်ဖြစ်ပြီး ခရစ်စမတ် ပါတီပွဲနဲ့လည်း လိုက်ဖက်ပါတယ်။

(၁၀) Take Me Home For Christmas By Dan + Shay

Source: Dan + Shay

သီချင်းအေးအေးလေးနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းဖြစ်မယ့် သီချင်းမျိုးကို နားဆင်ခံစားချင်တယ်ဆိုရင်တော့ Take Me Home For Christmas သီချင်းလေးကို နားဆင်ခံစားနိုင်ပါတယ်။

ကွီးတို့ရော ဒီတစ်ခေါက် ခရစ်စမတ်ပါတီပွဲကို ဘယ်လိုမျိုး ဆင်နွှဲဖို့ ပြင်ဆင်ထားပါသလဲ။

Featured Image: Metro.co.uk