ကွီးတို့ရေ လူရယ်လို့ ဖြစ်လာရင် စိတ်ခံစားမှု အတက်အကျတွေ ၊ ဝမ်းနည်းတာတွေ ၊ ဝမ်းသာတာတွေ ၊ စိတ်ဖိစီးမှုတွေ ကြုံတွေ့ရတာက သဘာဝပါပဲ။ ဘယ်သူမဆို ပျော်ရွှင်တာ ၊ စိတ်ပိုင်းဆိုင်ရာ ကောင်းတဲ့ အခြေအနေတွေကိုပဲ လိုချင်ကြမှာပါ။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်တာ ၊ စိတ်ဓာတ်ကျတာတွေ ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီလိုအခြေအနေမျိုးကို  အကြာကြီးမသိမ်းထားပဲ တစ်နည်းနည်းနဲ့ ပြေလျော့ဖို့ ပြုလုပ်သင့်ပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို သီချင်းတွေကလည်း ကုစားပေးနိုင်ပါတယ်။ သီချင်းတွေက ကျွန်တော်တို့ရဲ့ စိတ်ကိုလွှမ်းမိုးနိုင်ပြီး ခံစားမှု ရသအမျိုးမျိုးကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒီ‌‌နေ့မှာတော့ ကွီးတို့ရဲ့ ညစ်နေတဲ့ စိတ်တွေ ပြန်လည် တတ်ကြွသွားဖို့ ကူညီပေးနိုင်တဲ့ သီချင်း ကောင်း‌လေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

“I Will Survive” by Gloria Gaynor

Photo : Gloria Gaynor

ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ သီချင်းလေးကတော့ Gloria Gaynor ရဲ့ I Will Survive ဆိုတဲ့ သီချင်းလေးပါ။ ဒီသီချင်းလေးက လမ်းခွဲပြီးနောက် ဘယ်လို ဘဝကို ရှေ့ဆက်သွားတဲ့ အကြောင်းသီဆိုထားပြီး ခွန်အားဖြစ်စေတဲ့ ဒစ္စကိုသီချင်းလည်း ဖြစ်ပါတယ်။

“Victory” by Puff Daddy (feat. The Notorious B.I.G., Busta Rhymes)

Source : Bad Boy Entertainment

ဒီ Victory ဆိုတဲ့ သီချင်းထဲမှာ “Excellence is my presence, never tense, ever hesitant “စတဲ့ စိတ်ခွန်အားပေးတဲ့ Rap စာသားတွေကြောင့် စိတ်ဓာတ်တွေ ကျနေချိန်မှာ နားထောင်ဖို့ အသင့်တော်ဆုံးပါပဲ။ “Victory” အောင်ပွဲ ဆိုတဲ့ သီချင်းခေါင်းစဉ်အတိုင်း ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရင်း လိုချင်တဲ့ ပန်းတိုင်ကို အရယူလိုက်ပါ။

“Fight Song” by Rachel Platten

Source : Rachel Platten

ကွီးတို့ဘဝရဲ့ အနိမ့်အမြင့် အတတ်အကျတွေ ရင်ဆိုင်ရတဲ့အခါ ၊ တစ်ခုခုကို ကျရှုးပြီးနောက် Motivation မြှင့်တင်ဖို့ လိုအပ်လာတဲ့အခါ ဒီသီချင်းလေးကို နားထောင်လိုက်ပါ။ ဒီသီချင်းက နားဆင်သူတို့ကို ယုံကြည်မှုရှိရန်နှင့် ဘယ်လို အတားအဆီးများ ရှိနေစေကာမူ ရှေ့ဆက် လျှောက်လှမ်းဖို့ ခွန်အားပေးထားပါတယ်။

“Stronger” (What Doesn’t Kill You) by Kelly Clarkson

Source : Kelly Clarkson

ဘဝမှာ စီစဉ်ထားတဲ့အတိုင်း မဖြစ်လာတာတွေ ၊ မျှော်လင့်သလို မဟုတ်ခဲ့တာတွေ ကြုံတွေ့ဖူးမှာပါ။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျတာ ၊ အထီးကျန်တာတွေလည်း ခံစားရနိုင်ပါတယ်။ ဒါဆိုရင်တော့ ဒီသီချင်းလေးက ကွီးတို့ သန်မာစေဖို့ ကူညီပေးမှာပါ။ ဒီသီချင်းဟာ ဘဝနဲ့ ပတ်သတ်ပြီး တကယ်ကို တတ်ကြွတဲ့ သံစဉ်တွေနဲ့ စိတ်အားတတ်ကြွမှုကို ပေးစွမ်းနိုင်တဲ့ သီချင်းကောင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။

“Get up Stand up” by Bob Marley

Source : Bob Marley

နောက်ထပ်ဖော်ပြပေးချင်တဲ့ သီချင်းကောင်းလေးကတော့ Bob Marley ရဲ့ Get up Stand up သီချင်းလေးပါ။ ဒီသီချင်းက စိတ်ပျက်အားငယ်နေတဲ့အခါ ဒါမှမဟုတ် မျှော်လင့်ချက်တွေ ပျောက်ဆုံးနေတဲ့အခါ စိတ်ခွန်အားပြန်လည် တည်ဆောက်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

“Tubthumping” by Chumbawumba

Source : Chumbawumba

လူတော်တော်များများဟာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဒါမှမဟုတ် နောက်ပြန်ဆုတ်ပြီး အရှုံးပေးတတ်ကြပါတယ်။ ဒါ့ကြောင့် ဘယ်တော့မှ အရှုံးမပေးဖို့ သတိပေးနေတဲ့ မြူးမြူးကြွကြွ နားဆင်ရမယ့် သီချင်းကောင်းလေးကတော့ Chumbawumba ရဲ့ Tubthumping ပဲ ဖြစ်ပါတယ်။

ကွီးတို့ရေ စိတ်ညစ်စရာတွေ ၊ စိတ်ဓာတ်ကျစရာတွေပဲ တွေးပြီး ငေးမှိုင်မနေပါနဲ့။ ကွီးတို့ရဲ့ ညစ်နေတဲ့ စိတ်တွေ ပြန်လည် တတ်ကြွလန်းဆန်းစေဖို့ ဒီသီချင်းလေးတွေက ကူညီပေးပါလိမ့်မယ်။ ကွီးတို့ စိတ်ဓာတ်ကျတိုင်း နားထောင်လေ့ရှိတဲ့ သီချင်းလေးတွေ ရှိရင်လည်း ဝေမျှပေးခဲ့နိုင်ပါတယ်။

Source : LifeHack

Featured Photo : Vista Create