ဒီနှစ် ဘောလုံးရာသီမှာ Treble Champions ဖြစ်လာဖို့ တာစူနေတဲ့ မန်ချက်စတာ စီးတီးအသင်းဟာ လာမယ့် ဘောလုံးရာသီမှာလည်း အသင်းကို အတောင့်တင်းဆုံး အနေအထား ဖြစ်နေစေဖို့အတွက် ခရိုအေးရှား ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ မက်တီအို ကိုဗာဆစ် နဲ့ ယိုကို့စ် ဂဗာဒီယော်လ်တို့ကို ခေါ်ယူ အားဖြည့်သွားဖို့ ရှိနေပါတယ်။

kovacic city

Photo Credit : The Sun

မန်စီးတီးက လက်ရှိမှာ ချယ်လ်ဆီးအသင်းရဲ့ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ် ကစားသမား ကိုဗာဆစ်ကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ personal agreed ပါ ရရှိထားခဲ့ပြီဖြစ်တာကြောင့် အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက် အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးသာ ညှိနှိုင်းရတော့မှာ ဖြစ်ပါတယ်။ ကိုဗာဆစ်ကိုယ်တိုင်ကတော့ ချယ်လ်ဆီးမှာ စာချုပ်သက်တမ်း ၂၀၂၄ခုနှစ်အထိ ကျန်ရှိနေသေးပေမယ့်လည်း အသင်း အပြောင်းအလဲ လုပ်ဆောင်ချင်နေပြီး စီးတီးနည်းပြ ပက်ဂွာဒိယိုလာနဲ့ပါ လက်တွဲသွားချင်နေတာကြောင့် စီးတီးကို သေချာပေါက် ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

gvardiol

Photo Credit : Goal

ဒီလို ကွင်းလယ်ပိုင်းအတွက် ကွင်းလယ်လူ ကိုဗာဆစ်ကို ခေါ်ယူပြီးတာနဲ့ ကိုဗာဆစ်ရဲ့ လက်ရွေးစင် အသင်းဖော် ခံစစ် ကစားသမားလေး ဂဗာဒီယော်လ်ကိုပါ ဆက်လက် ခေါ်ယူသွားဖွယ် ရှိနေပါတယ်။ ကိုဗာဆစ်ကို အသင်းမှာ အနာဂတ် မရေရာတော့တဲ့ ဂွန်ဒိုဂန်နေရာတွင် အစားထိုးဖို့အတွက် ခေါ်ယူချင်တာ ဖြစ်သလို ဂဗာဒီယော်လ်ကိုလည်း လာပေါ့တ်နေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။ ခရိုအေးရှား လက်ရွေးစင် ဗဟို ခံစစ်မှူး ဂဗာဒီယော်လ်ဟာ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအတွက် အကောင်းဆုံး စွမ်းဆောင်ပြနိုင်သလို လိုက်ပ်ဇစ်မှာလည်း အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြနေသူလည်း ဖြစ်နေပါတယ်။

gvardiol and kovacic

Photo Credit : The Athletic

ဒီလို အရည်အသွေးမြင့် ခရိုအေးရှား ကစားသမား (၂)ဦးကိုသာ စီးတီးကို ထပ်မံ ရောက်ရှိလာခဲ့မယ်ဆိုရင် စီးတီးအသင်းရဲ့ squad depth က ပိုပြီးတော့ အားကောင်းသွားတော့မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဂွန်ဒိုဂန် ဘာနာဒိုဆေးလ်ဗားတို့ကိုပါ အသင်းမှာပဲ ဆက်ထိန်းထားနိုင်ဦးမယ်ဆိုရင်တော့ စီးတီးက လာမယ့်ရာသီမှာလည်း ပြိုင်ဘက်ကင်း ကလပ်အသင်းအဖြစ် ဆက်လက် ရပ်တည်နေနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

Featured Photo : Football Transfer