စပိန် နောက်ခံလူ ဘီးကျဲကြီး ဆာဂျီယို ရာမို့စ်ကတော့ ဒီနေ့ညပွဲဟာ သူ့အတွက်တော့ ပီအက်စ်ဂျီ ကစားသမားဘဝရဲ့ နောက်ဆုံးသော ပွဲစဉ်ပဲလို့ အသိပေး ကြေညာပြီးချိန်မှာ ရာမို့စ် တစ်ယောက် ဘယ်ကိုများ ဆက်ပြီး ခရီးနှင်ဦးမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

ramos real madrid

Photo Credit :

လက်ရှိမှာ အသက် (၃၇)နှစ်အရွယ် ရောက်ရှိနေတဲ့ ဝါရင့် နောက်ခံကစားသမားကြီး ရာမို့စ်ဟာ ၂၀၀၅ခုနှစ်ကမှ ဆီဗီလာကနေ ရီးယဲလ် မက်ဒရစ်ဆီ ပြောင်းရွှေ့လာခဲ့ပြီး ရီးယဲလ်မှာ ၂၀၂၁ခုနှစ်အထိ နှစ်ပေါင်းများစွာ အသင်းနဲ့ ကျင်လည် ဖြတ်သန်းဖြစ်ခဲ့ပါတယ်။ ရီးယဲလ်မှာ ဆယ်စုနှစ်ခွဲလောက်အထိ ဖြတ်သန်းခဲ့တဲ့ ရာမို့စ် က ၂၀၂၁ခုနှစ် နွေရာသီမှာပဲ ပီအက်စ်ဂျီအသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပြီး (၂)နှစ် စာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။

ramos spain

Photo Credit :

ကစားသမားဘဝအတွင်းမှာ ကမ္ဘာ့ဖလား ချန်ပီယံလိဂ်ဖလား ယူရိုဖလား ကလပ် ကမ္ဘာ့ဖလား အစရှိတဲ့ ဆုဖလားပေါင်းများစွာကို သိမ်းပိုက် ရယူနိုင်ခဲ့သူ ရာမို့စ်ဟာ မက်ဒရစ်ကနေ ပဲရစ်မြို့ဆီ ရောက်ရှိလာချိန်မှာလည်း ပထမရာသီက ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရပေမယ့် ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှစပြီး အသင်းအတွက် ပွဲတွေ ဆက်တိုက် ကစားခွင့်ရခဲ့ရာ (၂)ရာသီအတွင်းမှာပဲ ပွဲပေါင်း (၅၇)ပွဲအထိ ကစားခွင့် ရခဲ့ပါတယ်။

ramos psg

Photo Credit : SuperSport

အခုတော့ ဘောလုံး လူကြမ်းကြီး ရာမို့စ်က ပီအက်စ်ဂျီနဲ့ (၂)နှစ်စာချုပ်လည်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့လည်း လက်တွဲဖြုတ်တော့မှာဖြစ်ကာ ဒီနောက်ပိုင်း နာမည်ကြီး ဘောလုံးသမားကြီးတွေရဲ့ ရွေးချယ်ချင်စရာ option ကြီးတစ်ခု ဖြစ်လာသော ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့သွားဖွယ် ရှိနေပါတယ်။ လတ်တလောမှာတော့ ရာမို့စ် ကို ဆော်ဒီ အမှတ်ပေးလိဂ် Al-Hilal အသင်းက တစ်နှစ်လုပ်ခ ယူရို သန်း(၃၀)နဲ့ ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။

Featured Photo :