ခရီးသွားခြင်း ကို လူတော်တော်များများ နှစ်သက်ကြပါတယ်။ ကိုယ့်ရဲ့နေ့စဉ် ဘဝကနေရုန်းထွက်ပြီး နေရာအသစ်၊ ပတ်ဝန်းကျင်အသစ်၊ ဒေသအသစ်ကို သွားရောက်လည်ပတ်တာကလည်း ကွီးတို့ရဲ့ စိတ်အပေါ် ကောင်းသောအကျိုးသက်ရောက်မှုတွေ ရှိစေပါတယ်။ လူသားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ခရီးထွက်ကြပြီး ခရီးသွားခြင်းရဲ့အရသာကိုလည်း နှစ်ခြိုက်လာကြပါတယ်။ ခရီးသွားခြင်းဟာ အခုဆိုရင် လူ့ဘဝရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လာပါတယ်။ ခရီးသွားခြင်းဟာ ပျော်ရွှင်ဖို့၊ စွန့်စားဖို့ အတွက် နေရာဒေသအသစ်တစ်ခုကို သွားရောက်လည်ပတ်ခြင်း ထက်ပိုပါတယ်။ ဒါကြောင့် ခရီးသွားခြင်း က ကွီးတို့ရဲ့စိတ်ဝိညာဉ် နဲ့ခန္ဓာကိုယ်အတွက် အကျိုးများစေသည်သာမက ကွီးတို့ဘဝအပေါ် မှာ သက်ရောက်မှုတွေ ရှိပါတယ်။

(၁) ခရီးသွားခြင်းက ကွီးတို့ရဲ့စိတ်နေသဘောထား အပေါ်သက်ရောက်မှုရှိစေပါတယ်

ခရီးသွားခြင်း ကွီးတို့ဘဝအပေါ် သက်ရောက်မှုတွေ

Photo : Much Better Adventures

ပထမဆုံးအနေနဲ့ ခရီးသွားခြင်း က ကွီးတို့ရဲ့ဘဝတစ်ခုလုံးရဲ့ ရူ့ထောင့်နဲ့ စိတ်နေစိတ်ထားအပေါ် သက်ရောက်မှုတွေ ရှိပါတယ်။ နေ့စဉ် လုပ်ရိုးလုပ်စဉ်ကိုဖြတ်ပြီး နေရာဒေသအသစ်တစ်ခုကို ခရီးထွက်ခြင်းက စိတ်ကိုပျော်ရွှင်၊ ပြည့်စုံစေကာ ကျေနပ်မှုကို ခံစားရစေပါတယ်။ ထို့အပြင် ခရီးသွားခြင်းက မတူညီသောလူများ၊ ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုများနဲ့ ထိတွေ့နိုင်တာကြောင့်ကွီးတို့ရဲ့ အတွေးအမြင်ကို လုံးဝပြောင်းလဲသွားစေပါတယ်။ ခရီးသွားခြင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတချို့ကြောင့် စိတ်ဓာတ်ပိုမိုကြံ့ခိုင်လာပါလိမ့်မယ်။ ထို့အပြင် အရာရာတိုင်းအပေါ်သို့ အပြုသဘောဆောင်သော အကောင်းမြင်စိတ်များ တိုးပွားလာပါလိမ့်မယ်။

(၂) ခရီးသွားခြင်းက ကွီးတို့ရဲ့ အားကိုပြန်ပြည့်စေပါတယ်

ခရီးသွားခြင်း ကွီးတို့ဘဝအပေါ် သက်ရောက်မှုတွေ

Photo : Wall Street Journal

ယနေ့ခေတ်လို ပြိုင်ဆိုင်မှုတွေများပြီး ဘက်ပေါင်းစုံကနေရနေတဲ့ စိတ်ဖိစီးမှုတွေကို သေချာကိုင်တွယ် ဖြေရှင်းဖို့လိုပါတယ်။ နေ့စဉ် အလုပ် များတဲ့နေရာကနေ ခဏ ထွက်ခွာပြီး စိတ်ခံစားချက်များ ပြန်လည်ကောင်းမွန်စေရန်နဲ့ စိတ်အား၊ လူအား ပြန်လည်ဖြည့်သွင်းချင်ရင်တော့ ခရီးသွားခြင်း က အကောင်းဆုံးရွေးချယ်မှုတစ်ခုပါ။ ခရီးသွားခြင်းကြောင့် လူသစ်များနဲ့တွေ့ဆုံပြီး အခြေအနေသစ်များနဲ့ လိုက်လျောညီထွေအောင် လုပ်ဆောင်ရခြင်းက တစ်ဦးနဲ့တစ်ဦး၊ တစ်နေရာနဲ့တစ်နေရာ ယဉ်ကျေးမှု၊ မတူညီကွဲပြားမှုတွေကို သိရှိလာစေပါတယ်။ ထို့အပြင် ခရီးသွားခြင်းကြောင့် စိတ်နဲ့ကိုယ်ကို ကြည်လင်လန်းဆန်းစေကာ ကွီးတို့ခရီးကပြန်လာလျှင် အားအင်အပြည့်နဲ့ လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

(၃) ကွီးတို့ရဲ့ တီထွင် ဖန်တီးနိုင်စွမ်းကို မြှင့်တင်နိုင်ပါတယ်

ခရီးသွားခြင်း ကွီးတို့ဘဝအပေါ် သက်ရောက်မှုတွေ

Photo : Unsplash

ခရီးသွားခြင်း က ကွီးတို့ဘဝအပေါ် သက်ရောက်မှုတွေ ထဲက နောက်တစ်ခုကတော့ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်နိုင်ခြင်း ပဲဖြစ်ပါတယ်။ ခရီးထွက်ခြင်းဟာ ကွီးတို့ကို နေ့စဉ်ဘဝ အခက်အခဲတွေကသာမက သက်တောင့်သက်သာ အခြေအနေကနေ ဆွဲထုတ်သွားနိုင်ပါတယ်။ ကွီးတို့အနေနဲ့ သက်သာနေတဲ့အခြေအနေ Comfort Zone ကနေ မထွက်နိုင်ဘူးဆိုရင် ကွီးရဲ့ တိုးတက်မှုကို ရနိုင်မှာ မဟုတ်ပါဘူး။ ခရီးသွားရင်း လှုံ့ဆော်မှုအသစ်တွေ ခံစားမှုအသစ် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်တွေ့နိုင်ပါတယ်။ ခရီးသွားရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ဖြေရှင်းရတာမျိုးတွေ ကြုံရတတ်ပါတယ်။  ဒီအတွက် ဦးနှောက်က အတွေးအခေါ်သစ်၊ ဖြေရှင်းနည်းအသစ်တွေကို ရရှိစေပြီး ကွီးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို တိုးစေပါတယ်။

(၄) ခရီးသွားခြင်း က ယဉ်ကျေးမှုအသစ်များကို ဖော်ထုတ်ပေးပါတယ်

Travelling

Photo : Unesco

ခရီးသွားခြင်းဖြင့်သာ ကွီးတို့ရရှိအောင်မြင်နိုင်သောအရာမှာ ကမ္ဘာတစ်ဝှမ်းရှိ မတူညီနိုင်သော ယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများ၊ ယုံကြည်ချက်များနှင့် ဘာသာတရားများ စသည်တို့ကို တိုက်ရိုက် တွေ့ဆုံဆက်သွယ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ခရီးသွားခြင်းထက် ယဉ်ကျေးမှုအသစ်များနှင့် ထိတွေ့ရန် ပိုကောင်းသောနည်းလမ်းမရှိပါဘူး။ အခြားယဉ်ကျေးမှုများနှင့် ရင်းနှီးကျွမ်းဝင်လာခြင်းသည် ကွီးတို့ရဲ့ အမြင်ကို ပိုမိုကောင်းမွန်စေပြီး ကိုယ်ရည်ကိုယ်သွေးများနှင့် တွေးခေါ်ပုံအသစ်များကို သိလာစေရန် ကူညီပေးပါတယ်။ ထိုသို့ မတူညီတဲ့ ယဉ်ကျေးမှုများ၊ အလေ့အထများကို ရှာဖွေတွေ့ရှိခြင်းသည် ကွီးတို့အတွက် ရှုထောင့်အသစ်၊ အမြင်အသစ်နဲ့ ပိုမိုပွင့်လင်းမြင်သာမှုရှိလာစေပြီး၊ အခြားသူများရဲ့မတူညီကွဲပြားမှုကို ပိုမိုနားလည်လက်ခံလာ စေပါတယ်။

(၅) ခရီးသွားခြင်းက ကွီးတို့ဘဝဇာတ်ကြောင်းကို ပိုမိုပြည့်စုံစေပါတယ်

Travelling

Photo : Salt in Our Hair

ကွီးတို့ လျှောက်လှမ်းတဲ့ခရီးတိုင်းဟာ ကွီးတို့ရဲ့ ဘဝဇာတ်ကြောင်းကို အမှတ်တရ တွေနဲ့ ပြီးပြည့်စုံစေမှာပါ။ ကွီးတို့ ခြေချတဲ့နေရာတိုင်းက ကိုယ်ရည်ကိုယ်သွေးကို အသစ်အဆန်းတစ်ခုခု ဒါမှမဟုတ် မမေ့နိုင်စရာ အမှတ်တရတစ်ခုခု ယူဆောင်လာပါလိမ့်မယ်။ ထို့အပြင်၊ ခရီးသွား အတွေ့အကြုံများအားလုံးသည် ကွီးတို့ရဲ့  ဘဝဇာတ်ကြောင်းတွင် ၎င်းတို့ဟာနေရာယူပြီး တဖြည်းဖြည်း ကောင်းမွန်သောအမှတ်တရတွေနဲ့ ပြည့်လာပါလိမ့်မယ်။ ခရီးစဉ်တစ်ခုပြီးတိုင်း ကိုယ့်ကိုယ်ကို ပိုမို ကျေနပ်စေပြီး ပျော်ရွှင်မှုရဲ့ အနှစ်သာရကို သိရှိခံစားရပါလိမ့်မယ်။ တစ်နည်းအားဖြင့် ခရီးသွားခြင်းဖြင့် ကွီးတို့ရဲ့ ကိုယ်ပိုင်ဘဝကို ပိုမိုကြီးမား ကျယ်ပြန့်အောင် တည်ဆောက်လို့ရပါတယ်။

ခရီးသွားခြင်း ကြောင့် ကွီးတို့ဘဝအပေါ် ကောင်းမွန်သော၊ အပြုသဘောဆောင်သော သက်ရောက်မှုတွေကိုဖော်ပြပေးလိုက်ပါတယ်။ ခရီးသွားခြင်းဖြင့် ကောင်းမွန်သော သက်ရောက်မှုတွေရသည်သာမက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးကျေးဇူးများစွာကို ရရှိစေပါတယ်။ ခြုံပြောရရင် ခရီးသွားခြင်းဟာ ကွီးတို့ဘဝကို လုံးဝပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါ့အပြင် ကွီးတို့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေနဲ့ နေ့စဉ်ဘဝတွေကို ပိုကောင်းမွန်အောင် ပြောင်းလဲပေးနိုင်တဲ့အပြင် အခြားကောင်းမွန်သော အများကြီးပိုယူဆောင်လာ ပေးပါလိမ့်မယ်။ ဒါကြောင့် ကွီးတို့အပါအဝင် လူတိုင်းလူတိုင်းဟာ၊ မိသားစုနဲ့ဖြစ်စေ၊ ချစ်ခင်ရသူတွေ၊ သူငယ်ချင်းတွေနဲ့ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ အနည်းဆုံး တစ်နှစ်တစ်ခါ တော့ ခရီးသွားဖို့ အကြံပြုလိုက်ပါတယ်။

Source : Neurotracker

Featured Photo : Outside Magazine