သူငယ်ချင်းအုပ်စုလိုက်ဖြစ်စေ၊ မိသားစုနဲ့ ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ ခရီးသွားခြင်း ကတကယ်ကို ပျော်စရာကောင်းတဲ့ စိတ်လှုပ်ရှားမှုတွေ၊ ကြည်နူးမှုတွေ အသစ်အသစ်သော ခံစားမှုတွေကို ပေးစွမ်းနိုင်တယ်ဆိုတာ ကွီးတို့သိပြီးသား ဖြစ်ပါတယ်။ သို့သော်လည်း ခရီးသွားရာမှာ တစ်ဦးတည်းဖြစ်ဖြစ်၊ အုပ်စုနဲ့ဖြစ်ဖြစ် သွားတတ်ကြပေမဲ့ ရရှိလာတဲ့ ခံစားချက်၊ အတွေ့အကြုံတွေကတော့ မတူကြပါဘူး။ ကွီးတို့ကို သူငယ်ချင်းတွေ နဲ့ အုပ်စုလိုက် ခရီးသွားသင့်တဲ့ အကြောင်းရင်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) စစ်မှန်သော သူငယ်ချင်းကောင်းတွေ ရရှိနိုင်ပါတယ်

အုပ်စုလိုက် ခရီးသွားသင့်တဲ့

Photo : Anita Hendriek

ကွီးတို့ကို သူငယ်ချင်းတွေ နဲ့ အုပ်စုလိုက် ခရီးသွားသင့်တဲ့ အကြောင်းရင်း တွေထဲက တစ်ခုကတော့ ခရီးသွားခြင်းကနေ စစ်မှန်သော သူငယ်ချင်းကောင်းတွေ ရရှိနိုင်လို့ပဲဖြစ်ပါတယ်။ သူငယ်ချင်းများနှင့် ခရီးသွားခြင်းကနေ စစ်မှန်ခိုင်မာတဲ့ သူငယ်ချင်းဆက်ဆံရေးကို တည်ဆောက်လို့ရပါတယ်။ ခရီးစဉ်အတွင်းသာမက နောင်နှစ်ပေါင်းများစွာ သူတို့နှင့် ကောင်းကောင်း ဆက်ဆံသွားနိုင်ပါတယ်။ ခရီးသွားခြင်းက စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားမှုများ၊ အတွေ့အကြုံသစ်များ အပါအဝင် အခြားသော အကြောင်းအရာတွေ စုံလင်တတ်ပါတယ်။ အဆင်ပြေချောမွေ့မှု ရှိသလို နှောင့်နှေး ကြန့်ကြာမှု အခက်အခဲတွေလည်း ရှိနိုင်ပါတယ်။ စကားပြောဖို့ သူငယ်ချင်းကောင်းတစ်ယောက် ရှိခြင်းဟာ အလွန်ကောင်းတဲ့ ခံစားမှုကို ရစေပါတယ်။

(၂) အသစ်သောအရာများကို အတူတကွ တွေ့ကြုံခံစားနိုင်ပါတယ်

အုပ်စုလိုက် ခရီးသွားသင့်တဲ့

Photo : UFFMag

ခရီးသွားခြင်းက ကျွန်ုပ်တို့ကို သက်တောင့်သက်သာရှိသော အခြေအနေကနေ ထွက်ပြီး နေရာအသစ် ပတ်ဝန်းကျင်အသစ်နဲ့ အခြားအရာများကို ကြည့်ရှုလေ့လာဖို့၊ ခံစားကြည့်ဖို့ လှုံ့ဆော်ပေးပါတယ်။ ပတ်ဝန်းကျင်အသစ်များနှင့် လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်မလဲ စူးစမ်းလေ့လာရုံသာမက နေရာသစ်မှာရှိတဲ့ လူများနှင့် ထိတွေ့ဆက်ဆံဖို့၊ ကိုယ်မရောက်ဖူးသေးတဲ့ ဒေသတွေမှာ အတူတကွ စွန့်စားလုပ်ဆောင်ဖို့၊ ရရှိလာတဲ့ အတွေ့အကြုံတွေကို လက်ခံကာ သူငယ်ချင်းများ၊ ချစ်ခင်ရသူများနဲ့အတူ အဓိပ္ပါယ်ရှိသော အတွေ့အကြုံသစ်တွေကို မျှဝေခံစားနိုင်ပါတယ်။၊

(၃) တစ်ယောက်တည်း ခရီးသွားတာထက် အဖွဲ့လိုက် ခရီးသွားတာက ပိုသက်သာပါတယ်

Travelling

Photo : Newsroom Booking Globel

တစ်ဦးတစ်ယောက်ချင်းထက် စုပေါင်းခြင်းက နေရာတိုင်းမှာ ကုန်ကျစရိတ်ကို သက်သာစေပါတယ်။ ခွဲဝေတာဝန်ယူမှုကြောင့် ငွေကြေးအပြင် အချိန်၊ လုပ်အားတွေပါ သက်သာစေပါတယ်။ အုပ်စုဖွဲ့သွားတဲ့အခါ အမှန်လိုအပ်ချက်တွေကို တိုင်ပင်ညှိနှိုင်းယူဆောင်ခြင်းမျိုး လုပ်နိုင် တာကြောင့် ပစ္စည်းလေးလွန်းတာ၊ တန်ဆာခပိုကုန်တာတွေကို သက်သာစေတဲ့အပြင် ဖုန်းအားသွင်းကြိုးလို ပစ္စည်းတွေကို မျှဝေသုံးနိုင်ပါတယ်။

(၄) ဘေးကင်းရေးအတွက် အထောက်အပံ့ အများကြီးရနိုင်ပါတယ်

Travelling

Photo : Travel Daily

သူငယ်ချင်းတွေ နဲ့ အုပ်စုလိုက် ခရီးသွားသင့်တဲ့ အကြောင်းရင်းများ ထဲက နောက်ထပ်တစ်ခုကတော့ ကွီးတို့အတွက် ဘေးကင်းလုံခြုံမှုရှိစေဖို အထောက်အပံ့ကောင်းတွေရစေ တာပဲဖြစ်ပါတယ်။ အဖွဲ့လိုက် ခရီးသွားခြင်းက ကွီးတစ်ယောက်တည်း ခရီးသွားခြင်းနဲ့ နှိုင်းယှဉ်ပါက လုံခြုံမှု ပိုဖြစ်စေတယ်ဆိုတာ ကွီးကိုယ်တိုင်ခံစားရမှာပါ။ ဘေးအန္တရာယ် ကြုံတဲ့အခါ ဖြစ်စေ၊ ပစ္စည်းတွေကို စောင့်ကြည့်ရတဲ့အခါ ဖြစ်စေ အုပ်စုလိုက်ခရီးသွားခြင်းက ပိုလုံခြုံမှု ရှိစေပါတယ်။ ခရီးသွားရင်း ပြဿနာများ ပေါ်ပေါက်လာတဲ့အခါ အပြန်အလှန် ကူညီပေးနိုင်ပါတယ်။

အခု ဖော်ပြပေးလိုက်တာကတော့ ကွီးတို့ သူငယ်ချင်းတွေ နဲ့ အုပ်စုလိုက် ခရီးသွားသင့်တဲ့ အကြောင်းရင်းများ ပဲဖြစ်ပါတယ်။ ခရီးသွားခြင်းကြောင့် ကွီးတို့ရဲ့ စိတ်၊ ခန္ဓာကိုယ် နှင့် စိတ်ဝိညာဉ်တို့အပေါ် ကောင်းသော အကျိုးကျေးဇူးများစွာ ရရှိသည်မှာ အမှန်ပဲဖြစ်ပါတယ်။ ကဲ ကွီးတို့လည်းအချိန်မဆွဲဘဲ သူငယ်ချင်းတွေနဲ့ အတူ အားလပ်ချိန်ရအောင်လုပ်ပြီး ခရီးသွားဖို့အချိန်ရောက်ပါပြီ။

Featured Photo : Indiatimes