ခရီးသွားခြင်းသည် စိတ်ဖိစီးမှုများကို ဖြေဖျောက်ဖို့ရန်အတွက် ကူညီပေးတဲ့ ကုထုံးတစ်မျိုးပဲဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးလာတဲ့အခါ ခရီးသွားရင်း ဖြေဖျောက်တတ်ကြပါတယ်။ ကွီးတို့ရော ခရီးသွားရင်း စိတ်ဖိစီးမှုများကို ဖြေဖျောက်လေ့ရှိကြပါသလား။ ခရီးသွား တဲ့အခါမှာရော ကိုယ့်ရဲ့ ခရီးဆောင်အိတ်ထဲမှာ ဘယ်လို ပစ္စည်းများ ကို တစ်ပါတည်း ထည့်သွားလေ့ရှိပါသလဲ။

ခရီးသွား တဲ့အခါမှာ အခုဖော်ပြပေးမယ့် ပစ္စည်းများ ထဲက တစ်စုံတစ်ခု မေ့ကျန်ခဲ့ပြီဆိုတာနဲ့ ကွီးတို့ နားကားသွားပြီသာမှတ်ပေတော့ဗျို့။

မှတ်ပုံတင်ကတ်နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများ

man travelling items

ကိုယ့်ရဲ့ လုံခြုံရေးအရ အင်မတန်မှ အရေးကြီးတဲ့ပစ္စည်းများဖြစ်ပါတယ်။ ပြည်တွင်းမှာပဲ ခရီးသွားမယ်ဆိုရင်တော့ ပတ်စ်ပို့တို့၊ ဗီဇာတို့ မလိုအပ်ပေမယ့် ပြည်ပခရီးသွားမယ်ဆိုရင်တော့ လိုအပ်တဲ့ စာရွက်စာတမ်းများ အပြည့်အစုံ ပြနိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်နိုင်ငံတွင်းမှာပဲ ခရီးသွားတာတောင် မှတ်ပုံတင်ကတ်သည် မရှိမဖြစ်အရေးကြီးတဲ့ သက်သေပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ (လုံးဝ) မေ့ကျန်ခဲ့လို့ မဖြစ်တဲ့အရာပါ။

ငွေကြေး

man travelling items

ခရီးထွက်ပါပြီဆိုမှတော့ ငွေကြေး အလုံအလောက်ကတော့ ထည့်သွားသင့်ပါတယ်။ ယခင်ကတော့ ATM ကတ်လေး ရှိရုံနဲ့ ကိုယ် ကြိုက်တဲ့နေရာမှာ အချိန်မရွေး ငွေထုတ်လို့ရပေမယ့် ယခုအချိန်မှာတော့ ထိုကဲ့သို့ အလွယ်တကူ ထုတ်လို့ မရတော့ပါဘူး။ ဒါပေမဲ့ Mobile Banking တွေကတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာကတော့ အားရစရာပါပဲ။ ကွီးတို့အနေနဲ့ ခရီးသွားတဲ့အခါ ပိုက်ဆံများကို လိုအပ်သလောက်သာ ယူသွားပြီး လုံခြုံတဲ့နေရာမှာ ထားဖို့လည်း မမေ့ပါနဲ့။ အဖိုးတန်လက်ဝတ်လက်စားများကိုတော့ မယူသွားတာ အကောင်းဆုံးပါပဲ။ ကွီးတို့ရဲ့ အသက်အန္တရာယ်ကို ထိခိုက်လာနိုင်ပါတယ်။

တစ်နေ့တာအတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်များ

man travelling items

လူတစ်ယောက်နဲ့ တစ်ယောက်ကတော့ တစ်နေ့တာအတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်များကတော့ တူညီကြမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ တစ်ကိုယ်ရည် တစ်ကာယ ပစ္စည်းများကိုလည်း မမေ့မလျော့ ထည့်သွားသင့်ပါတယ်။ သွားတိုက်ဆေး၊ သွားတိုက်တံများမှအစ လက်သည်းညှပ်၊ နားကလော်တံများအဆုံး ထည့်သွားသင့်ပါတယ်။ လိုအပ်မှ ရှာဝယ်တဲ့အခါမျိုးမှာ အဆင်မပြေတာမျိုး မကြုံရလေအောင်လို့ ထည့်စရာရှိတာ သေချာထည့်သွားပါ။

အားသွင်းကြိုးနှင့် လျှပ်စစ်ပစ္စည်းများ

ခရီးသွား ပစ္စည်းများ

ခရီးသွား တဲ့အခါ ဖုန်းများ၊ ပါဝါဘန့်ခ်များ၊ အားသွင်းကြိုးများကတော့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းများ ပဲဖြစ်ပါတယ်။ ဒီပစ္စည်းများထဲက တစ်ခုခု မေ့ကျန်သွားပြီဆိုရင် ရှော့ရှိနိုင်ပါတယ်။ မတော်လို့ ကိုယ့်ရဲ့ အားသွင်းကြိုးက ထောင်ဂဏန်းလောက်နဲ့ မပြီးဘဲ သောင်းချီပေးရမယ်ဆိုရင် ပိုက်ဆံတွေ မလိုအပ်ဘဲ အကုန်အကျများသွားနိုင်ပါတယ်။

သောက်သုံးနေကျ ဆေးဝါးပစ္စည်းများ

ခရီးသွား ပစ္စည်းများ

Photo: Everydayhealth

ဒီပစ္စည်းများသည်လည်း မရှိမဖြစ် အရေးကြီးပါတယ်။ ဘယ်အချိန်မှာ ဘယ်လို နေထိုင်မကောင်းဖြစ်မလဲဆိုတာ မသိနိုင်တဲ့အတွက်ကြောင့် ကိုယ် အမြဲတမ်း သောက်သုံးတဲ့ ဆေးပဲဖြစ်ဖြစ်၊ တစ်ခါတစ်ရံမှ သောက်သုံးတဲ့ ဆေးပဲဖြစ်ဖြစ် ဆောင်သွားသင့်ပါတယ်။

သွားမယ့်နေရာနှင့် လိုက်ဖက်တဲ့ အဝတ်အထည်များ

ခရီးသွား ပစ္စည်းများ

ကိုယ် သွားမယ့်ခရီးက ဘယ်နှရက်လဲ၊ အဝတ်အစားများကို ဘယ်နှရက်စာ ထုတ်ပိုးသွားရမလဲဆိုတာကို သေသေချာချာ စီစဥ်သွားပါ။ ၃ ရက်လောက်ခရီးကို ၁ လစာ အဝတ်အထည်များ ထည့်သွားဖို့လည်း မလိုအပ်သလို၊ ၃ ရက်ခရီးက အဝတ်တစ်ထည်တည်းနဲ့ သွားဖို့ဆိုတာကလည်း တစ်ကိုယ်ရည် သန့်ရှင်းရေး မရှိရာ ကျသွားပါတယ်။

Source: Travelers-checklist

Featured Image: Freepik