တောင်တန်း တွေရဲ့ သဘာဝအလှသည် အသက်ရှူမှားရလောက်တဲ့အထိ အံသြဘနန်း လှပလွန်းလှတာဖြစ်ပါတယ်။ တစ်ခါတစ်ခေါက်လောက် အလည်သွားကြတဲ့အခါ တောင်တန်း တွေရဲ့ အလှကြောင့် ကိုယ့်ရဲ့ ရည်းစား ကိုတောင် ငုတ်တုတ်မေ့သွားပါလိမ့်မယ်။

ဒါ့ကြောင့် တောင်တန်း တွေဆီ အလည်သွားတဲ့အခါ ကိုယ့်ရဲ့ ရည်းစား ကို မေ့မသွားအောင် အထူးသတိထားဖို့ လိုလိမ့်မယ်နော်။

ကမ္ဘာပေါ်မှာ လှပတဲ့ တောင်တန်းတွေ အများအပြားရှိပါတယ်။ ထိုတောင်တန်းများထဲက အလှတကာ့ အလှဆုံးဖြစ်တဲ့ တောင်တန်းများကို ဖော်ပြပေးချင်ပါတယ်။

Iceland နိုင်ငံရှိ Kirkjufell

Kirkjufell

Kirkjufell ဆိုတဲ့ အဓိပ္ပါယ်ကတော့ ဘုရားကျောင်းတောင်တန်းလို့ အဓိပ္ပါယ်ရပါတယ်။ ထိုတောင်တန်းကို အဝေးကနေကြည့်မယ်ဆိုရင် တောင်ထိပ်နားမှာ စပရိန်လိုမျိုး လိမ်ပတ်သွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထိုတောင်တန်းနားမှာ ရေတံခွန်ငယ်များလည်း ရှိပါတယ်။ ဓာတ်ပုံဆရာများသည် ထိုတောင်သို့ လာရောက်ကာ သဘာဝအလှဓာတ်ပုံများကို ရိုက်ကူးလေ့ရှိကြပါတယ်။

ဂရိနိုင်ငံရှိ အိုလံပစ်တောင်

Olympic, Greece

ဂရိနိုင်ငံရှိ အိုလံပစ်တောင်သည် တောင်တန်းပေါင်း ၅၂ ခုဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အိုလံပစ်တောင်တန်းတွေရဲ့ အလှအပကို ဂရိဒဏ္ဍာရီများထဲတွင်တောင် ဖော်ကျူးထားတာဖြစ်ပါတယ်။ အိုလံပစ်တောင်ရဲ့ ထိပ်ပိုင်းမှာဆိုရင် ရွေ့လျားနေတဲ့ တိမ်များကို တိမ်ပင်လယ်များအသွင် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

အီတလီနိုင်ငံ စစ်စလီမြို့ရှိ Etna တောင်

တောင်တန်း ရည်းစား

ဒီတောင်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ မီးတောင်ရှင်များထဲတွင် တစ်ခုအပါအတွင်ပဲဖြစ်ပါတယ်။ ဒီတောင်တန်းလေးဆီသို့ သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ ဆောင်းတွင်းနဲ့ နွေဦးမှာ သွားရောက်လည်ပတ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုအချိန်တွင် တောင်ထိပ်မှာ နှင်းများ ဖုံးလွှမ်းနေတတ်ပြီး ထိုနှင်းများက တောင်တန်းရဲ့ အလှအပကို ပိုမိုအသက်ဝင်အောင် ဖန်တီးပေးနေတာပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံရှိ ဖူဂျီတောင်

တောင်တန်း ရည်းစား

ဂျပန်နိုင်ငံက ဖူဂျီတောင်ကလည်း ကမ္ဘာ့အလှဆုံး တောင်တန်း များထဲတွင် ပါဝင်ပြီး ကွီးတို့ ရည်းစား နဲ့ ခရီးအတူတူ ထွက်ဖြစ်တဲ့အခါ ရိုမန့်တစ်ဆန်တဲ့ ဓာတ်ပုံများကို ရိုက်ကူးနိုင်ပါတယ်။ ဆောင်းတွင်းမှာ နှင်းများဖြင့် ဖုံးလွှမ်းနေတတ်ပြီး ထိုအလှအပကို မြို့ရဲ့ အဝေးတစ်နေရာကနေ အတိုင်းသား လှမ်းမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူကျွန်းရှိ Hallasan တောင်

တောင်တန်း ရည်းစား

တောင်ကိုရီးယားနိုင်ငံရှိ အမြင့်ဆုံးတောင်တစ်ခုဖြစ်ပြီး အမြင့်ပေ ၆၄၀၀ မြင့်ပါတယ်။ ဒါ့အပြင် ဂျယ်ဂျူကျွန်းလေးသည်လည်း နိုင်ငံရဲ့ အကြီးဆုံး ကျွန်းဖြစ်ပြီး တောင်ကိုရီးယားရဲ့ ဟာဝိုင်အီလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ထိုကျွန်းသည် အမြဲတမ်းဆိုသလို လည်ပတ်သူများနှင့် ပြည့်နှက်နေတတ်ပြီး Hallasan တောင်သည်လည်း အဝေးတစ်နေရာကနေ ခရီးသွားများကို ဆွဲဆောင်နေမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ ချစ်သူကောင်မလေးနဲ့ အတူတူ တောင်တက်ရမယ်ဆိုရင် ဒီတောင်တွေထဲက ဘယ်တောင်ကို ရွေးချယ်ချင်ပါသလဲ။

Source: Celebritycruises

Featured Image: Freepik