ခါးပတ်တွေက အမျိုးသားတို့အတွက် အရေးပါတဲ့အသုံးအဆောင်များထဲမှာ တစ်ခု ဖြစ်သော်လည်း အများစုကတော့ ခါးပတ်တွေကို သိပ်ပြီးအလေးထားလေ့ မရှိကြပါဘူး။ အမှန်တကယ်တော့ အမျိုးသားတို့ရဲ့ ဖက်ရှင်နဲ့ စတိုင်လ်ကို ခါးပတ်တွေက အများကြီး ပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့ကြောင့် စတိုင်လ်ကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်ချင်ရင် အလန်းစား ခါးပတ် တွေကိုလည်း ပိုင်ဆိုင် ထားမှ တော်ရာကျပါလိမ့်မယ်။

ကွာလတီကောင်းတဲ့ ခါးပတ် တွေကို ပိုင်ဆိုင် နိုင်ဖို့အတွက် ဘယ်လိုအမျိုးအစားနဲ့ ဘယ်လိုဒီဇိုင်းတွေကို ဝယ်ယူထားဖို့ လိုအပ်မလဲ။

(၁) Timberland

Timberland

Timberland ရဲ့ Classic Jean Belt တွေက ဝတ်ဆင်သူ ကွီးတို့ကို ဂန္ထဝင်စတိုင်လ် ပေးစွမ်းနိုင်မှာပါ။ ဒီ ခါးပတ်တွေက အရောင်လေးမျိုးနဲ့ ထွက်ရှိထားပြီး ကွီးတို့ တွဲဖက်ဝတ်ဆင်မဲ့ ဘောင်းဘီနဲ့ လိုက်ဖက်တဲ့ အရောင်ကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀ ဝန်းကျင်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

(၂) Aspinal Of London

Aspinal Of London

ခါးပတ်အရောင်က ကြည့်လိုက်တာနဲ့တင် နှစ်လိုဖွယ်ကောင်းလှပါတယ်။ တစ်ခုသတိထားရမယ့် အချက်ကတော့ ဒီခါးပတ်သည် သားရေအပျော့စားဖြစ်တဲ့အတွက်ကြောင့် အကြမ်းပတမ်း အသုံးခံမှာတော့ မဟုတ်ပါဘူး။

(၃) Vans

ခါးပတ် ပိုင်ဆိုင်

ပေါ့ပေါ့ပါးပါးနဲ့ အမိုက်စား စတိုင်လ်ကို ပေးစွမ်းနိုင်မဲ့ ခါးပတ်တစ်ခုကို ရှာနေတယ်ဆိုရင် ကွီးတို့ တော်တော်များများ သဘောကျလောက်တဲ့ Vans ရဲ့ Web Belt ရှိပါတယ်။ သူ့ရဲ့ ဈေးနှုန်းကလည်း ဒေါ်လာ ၂၀ ခန့်ရှိပါတယ်။

(၄) Loewe Anagram

ခါးပတ် ပိုင်ဆိုင်

အပြာရင့်ရောင်လေးနဲ့ ပုံဖော်ထုတ်လုပ်ထားတဲ့ အမိုက်စားခါးပတ်တစ်ခု ဖြစ်ပါတယ်။ စပိန်နိုင်ငံထုတ် ခါးပတ်ဖြစ်ပြီး ၆ လက်မ (၁.၈၄ စင်တီမီတာ) ရှည်လျားပါတယ်။ သူ့တန်ဖိုးကတော့ ဒေါ်လာ ၅၃၄ ဒေါ်လာ ပေးဝယ်ရမှာ ဖြစ်ပါတယ်။

(၅) Ralph Lauren

ခါးပတ် ပိုင်ဆိုင်

Ralph Lauren သည်လည်း ဈေးကွက်ထဲတွင် အရည်အသွေးအကောင်းဆုံးဖြစ်ပြီး လူကြိုက်များသော တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီခါးပတ်လေးကတော့ ဂျင်းဘောင်းဘီများနဲ့ တွဲဖက်ဝတ်ဆင်ပါက အလိုက်ဖက်ဆုံးပဲ ဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ ခါးပတ်အမျိုးအစားများကတော့ ကွာလတီကောင်းတဲ့ ခါးပတ်များပဲ ဖြစ်ပါတယ်။

ကွီးတို့ဆီမှာရော ဘယ်လိုမျိုး ကွာလတီကောင်းတဲ့ ခါးပတ် များကို ပိုင်ဆိုင် ထားပါသလဲ။

Source: Esquire.con

Featured Image: Realmenrealstyle