တောင်းမှာ အကွတ်၊ လူမှာ အဝတ် ဆိုတဲ့ စကားလေးကို ကွီးတို့ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ ကွီးတို့ရဲ့ ဖက်ရှင်ကို အဂွမ်း ဖက်ရှင် မဖြစ်အောင် အရောင် က အစ သေချာ ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။ ကွီးတို့သာ အရောင်ကို သေချာ မရွေးချယ်ဘဲ ကိုယ့် စိတ်ကြိုက် ပြောင်းလဲ​ဝတ်ဆင်မယ်ဆိုရင်တော့ သေချာပါတယ် ဆွဲဆောင်မှုမရှိတဲ့ ဘီးကျဲတစ်ဗွေ ဖြစ်သွားမှာပါ။ အဲ့ဒီလို မဖြစ်ဖို့အရေး အခုဖော်ပြပေးမယ့် အရောင် အတွဲအစပ်တွေကို သေချာ ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။

(၁) နေဗီပြာရောင်နှင့် အဖြူရောင်

man fashion colour

နေဗီပြာရောင်နဲ့ အပြာရောင်ကတော့ နံပါတ် (၁) အလိုက်ဖက်ဆုံး အရောင်ပဲဖြစ်ပါတယ်။ အဖြူရောင် ဂျင်းဘောင်းဘီကို နေဗီပြာရောင် ရှပ်အင်္ကျီနဲ့ တွဲဝတ်မယ်ဆိုရင်တော့ ကြည့်ကောင်းကာ လှပနေမှာ အမှန်ပါပဲ။

(၂) မီးခိုးရောင်နှင့် အနက်ရောင်

man fashion colour

မီးခိုးရောင်နဲ့ အနက်ရောင်ကလည်း လိုက်ဖက်တဲ့ ကာလာအတွဲအစပ်ပဲ ဖြစ်ပါတယ်။ မီးခိုးရင့်ရောင် ပိုလိုရှပ်အင်္ကျီကို အနက်ရောင် ဂျင်းဘောင်းဘီနဲ့ တွဲဝတ်လိုက်မယ်ဆိုရင်တော့ အမိုက်စား ဖက်ရှင်ကို ပိုင်ဆိုင်နိုင်မှာပါ။

(၃) အစိမ်းရောင်နှင့် ကာကီရောင်

man fashion colour

အစိမ်းရောင်နဲ့ ကာကီရောင်ကတော့ ကွီးတို့ကို ယောကျာ်းဆန်စေတဲ့ ဖက်ရှင်အရောင် တစ်ခုပါပဲ။ ဒီလိုအရောင်လေးကိုလည်း ကွီးတို့ရဲ့ ဖက်ရှင် List ထဲ ထည့်သွင်းထားသင့်ပါတယ်။​

(၄) အညိုရောင်နှင့် ခရင်မ်အရောင်

man fashion colour

ကွီးတို့ ဖက်ရှင်အရောင်အတွဲအစပ်တွေမှာ အညိုရောင်နဲ့ ခရင်မ်အရောင်ကိုလည်း ဦးစားပေးသင့်ပါတယ်။ ဒီအရောင်ကတော့ ကွီးတို့ကို အသားဆောင်စေမှာပါ။

(၅) အညိုရောင်နှင့် ဝိုင်နီရောင်

အဂွမ်း အရောင်

အညိုရောင်နဲ့ ဝိုင်နီရောင် အတွဲအစပ်ကတော့ ကွီးတို့ကို Gentleman ဆန်စေတဲ့ Vibe ကို ပေးစွမ်းနိုင်ပါတယ်။​ ရှော်တီလေးတွေ အရှေ့မှာ ရင့်ကျက်တည်ငြိမ်တဲ့ အသွင်မျိုး ဖန်တီးချင်တဲ့ ကွီးတို့ ရွေးချယ်သင့်တဲ့ အရောင်အတွဲအစပ်ပါပဲ။

(၆) မီးခိုးရောင်နှင့် ပန်းရောင်

အဂွမ်း အရောင်

ပုရိသတော်တော်များများက ပန်းရောင်ကို ဝတ်ရမှာ တွန့်ဆုတ်တတ်ကြပါတယ်။ ဒါပေမဲ့ ပန်းရောင်ကို မီးခိုးရောင်နဲ့ သေချာ တွဲစပ်မယ်ဆိုရင်တော့ တကယ့်ကို ကြည့်ကောင်းနေမှာ အမှန်ပါပဲ။ မယုံရင် စမ်းဝတ်ကြည့်လိုက်ပါ။

(၇) အဖြူနှင့် အနက်ရောင်

အဂွမ်း အရောင်

ဘယ်တော့မှ ရိုးမသွားမယ့် ဖက်ရှင် အရောင် အတွဲအစပ်ကတော့ အဖြူနဲ့ အနက်ရောင်ပဲ ဖြစ်ပါတယ်။ အဖြူနဲ့ အနက်ရောင် တွဲဝတ်လိုက်လို့ မှားသွားမယ်ဆိုတာမျိုး မရှိပါဘူး။

(၈) အဝါရောင် ဝတ်မယ်ဆိုရင်

အဂွမ်း အရောင်

အဝါရောင်ရင့်ရင့် (သို့) အဝါရောင် တောက်တောက်လေး ဝတ်မယ့်အစား အဝါဖျော့ရောင် (သို့) မုန်ညှင်းဝါရောင်မျိုးကို ဝတ်ဆင်သင့်ပါတယ်။ သူကတော့ တွဲစပ် ဝတ်ဆင်ရမယ့်အရောင်ကို သေချာရွေးချယ်သင့်ပါတယ်။ နို့မဟုတ်ရင် ဖက်ရှင်က စပ်ဖြဲဖြဲ ဖက်ရှင်မျိုး ဖြစ်သွားပါလိမ့်မယ်။ များသောအားဖြင့်တော့ အရောင်ရင့်ရင့် အဝတ်အစားများနဲ့ လိုက်ဖက်ပါတယ်။

အဂွမ်း ဖက်ရှင် မဖြစ်ဖို့အတွက် တွဲဖက်မဝတ်သင့်တဲ့ ဖက်ရှင် အရောင် များလည်း ရှိပါသေးတယ်။ ထိုဖက်ရှင်အရောင်များကတော့ …

  • အနီရောင်နှင့် အစိမ်းရောင်
  • အနီရောင်နှင့် လိမ္မော်ရောင်
  • အစိမ်းရောင်နှင့် လိမ္မော်ရောင်
  • အညိုရောင်နှင့် အနက်ရောင်
  • ခရမ်းရောင်နှင့် အဝါရောင် စတဲ့ အရောင်များပဲ ဖြစ်ပါတယ်။

လက်ပတ်နာရီအရောင်ဆိုရင်ရော

အဂွမ်း အရောင်

လက်ပတ်နာရီ အရောင်များကိုလည်း စောစောက ဖော်ပြခဲ့တဲ့ အရောင်စည်းမျဥ်းအတိုင်း တွဲဖက် ဝတ်ဆင်သင့်ပါတယ်။ များသောအားဖြင့် လက်ပတ်နာရီဆိုရင် ရွှေရောင်၊ အနက်ရောင်၊ ငွေရောင် အစရှိတဲ့ အရောင်တွေကတော့ အဝတ်များပါတယ်။

ဒီလောက်ဆိုရင်တော့ အဂွမ်း ဖက်ရှင်မဖြစ်အောင် ဖက်ရှင် အရောင် များကို ဘယ်လိုမျိုး တွဲဖက်ဝတ်ဆင်သင့်သလဲဆိုတာကို သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။

Source: Ties

Featured Image: Behance.net