အခုခေတ်က မိန်းကလေးတွေတင်ပဲ မဟုတ်ပါဘူး ယောကျာ်းလေးတွေပါ Hairstyle နဲ့ပတ်သတ်ပြီး အလေးထားနေကြပြီလို့ ပြောရမှာပါ။ ဆံပင်စတိုင်က လူတစ်ယောက်ရဲ့ ပုံပန်းအသွင်အပြင်ကို အများကြီးပြောင်းလဲပေးနိုင်တယ်ဆိုတာလည်း ငြင်းလို့မရတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဖက်ရှင်တွေဘယ်လောက်ပဲ ကျွေးထားကျွေးထား ဆံပင်ပုံစံ ကပိုကယိုဖြစ်နေရင်တော့ ကွီးက စတိုင်ကျတဲ့ အမျိုးသားတစ်ယောက် ဖြစ်နေဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်ကတော့ ခေတ်လည်းဆန်ချင်တယ် ဆော်ကြည်ဘဲအထာနဲ့ လန်းချင်တယ်ဆိုတဲ့ ကွီးတို့အတွက် အမိုက်စား Hairstyles တချို့အကြောင်း မျှဝေပေးချင်ပါတယ်။
(၁) Low Fade Faux Hawk

Photo : The Trend Spotter
Low Fade ဆံပင်စတိုင်ကိုမှ ပိုပြီးအထာကျချင်တယ်ဆိုရင် Faux Hawk ပုံစံတွဲညှပ်လို့ ရပါတယ်။ ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်း အမြဲထားနေကျ Hairstyle တစ်ခုလို့ ပြောနိုင်ပါတယ်။ ဆံပင်အပေါ်ပိုင်းကို ကျကျနနဖြီးပြီး ထောင်ထားတာမျိုးပါ။ ဘေးနှစ်ဖက် အောက်ဖျားကိုတော့ ခပ်ပါးပါး ရှိတ်ထိုးထားပါတယ်။ ဒီကေက ကြည့်လိုက်တာနဲ့ ယောကျာ်းဆန်ပြီး ရှင်းရှင်းသန့်သန့် Look ကိုပေါ်လွင်စေပြီး Hair Care သိပ်လုပ်စရာမလိုတဲ့ ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။
(၂) Ponytail

Photo : The Trend Spotter
Ponytail ကတော့ ဆံရှည်ဘဲတွေ အထားများတဲ့ ဆံပင်စတိုင်တစ်ခုပါပဲ။ ဆံပင်ကို ရိုးရိုးရှင်းရှင်းနောက်မှာ စုစည်းထားရတဲ့ ပုံစံပါ။ ဆွဲဆောင်မှုရှိစေသလို ပေါ့ပါးလွတ်လပ်တဲ့ အသွင်အပြင်ကိုလည်း ပေးစွမ်းပါတယ်။ Ponytail စတိုင်ထားတဲ့အခါ မျက်နှာရှေ့မှာ အရှေ့ဘက်ဆံပင်အနည်းငယ်ကို ခပ်ဝဲဝဲချန်ထားဖို့ မမေ့ပါနဲ့။ ဒီလိုထားတာက ကွီးတို့ရဲ့မျက်နှာကျကို ပိုပြီးပေါ်လွင်စေပြီး ခပ်မိုက်မိုက် ဘီးကျဲအထာကို ပေးစွမ်းပါလိမ့်မယ်။
(၃) Military Haircut

Photo : The Trend Spotter
ဒီဆံပင်ပုံစံကတော့ တိုတိုရှင်းရှင်းနဲ့ အထာကျချင်တဲ့ ဘဲတွေ ထားရမယ့်ပုံစံပါ။ ဘေးနဲ့နောက်ဘက်ဆံပင်တွေကို ခပ်ပါးပါးရှိတ်ထိုးထားပြီး အပေါ်ဆံပင်ကို တစ်လက်မထက် မပိုတဲ့ အရှည်ကို ထားပေးရမှာပါ။ အရှေ့ဘက်ဆံပင်ကတော့ စဆိုသလောက်လေး အနည်းငယ်ပိုရှည်နေရပါမယ်။ မျက်နှာကျပေါ်မူတည်ပြီး ပုံစံအမျိုးမျိုးကွဲနိုင်ပေမယ့် သေချာတာကတော့ ရှင်းရှင်းလင်းလင်းနဲ့ မျက်နှာကို ပိုထင်းစေမယ့် ယောကျာ်းဆန်တဲ့ Hairstyle တစ်ခုဖြစ်ပါတယ်။
(၄) Bowl Cut

Photo : The Trend Spotter
ဒီဘက်ခေတ် ဆယ်ကျော်သက် လူငယ်တွေကြားမှာ ရေပန်းအစားဆုံး ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။ Bowl Cut ဆံပင်စတိုင်က တကယ်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက ယောကျာ်းလေးတွေကြားမှာ အညှပ်များတဲ့ Hairstyle တစ်ခုဖြစ်ခဲ့ပြီး အခုတကြော့ပြန် ရေပန်းစားလာတာပါ။ ဆံပင်တိုတိုနဲ့ သပ်သပ်ရပ်ရပ် ထားချင်သူတွေအတွက် ရိုးရှင်းပြီး သန့်ရှင်းသပ်ရပ်တဲ့ ဆံပင်ပုံစံဖြစ်ပါတယ်။ အပေါ်ဆံပင်ကို ဆံတိုတိုနဲ့ ဝန်းဝိုင်းတဲ့ ပုံစံဖြတ်တောက်ထားပါတယ်။ အောက်ဖျားနဲ့နောက်ဘက်အောက်ပိုင်း ဆံပင်တွေကိုတော့ ခပ်ပါးပါးရှိတ်ထိုးထားပါတယ်။ လူငယ်ဆန်ပြီး Edgy Look မျိုးလိုချင်ရင်တော့ Bowl Cut ဆံပင်စတိုင်က ညှပ်သင့်တဲ့ ပုံစံတစ်ခုပါပဲ။
(၅) Surfer Hairstyle

Photo : The Trend Spotter
၅၀ ခုနှစ်တွေမှာ အရမ်းကိုရေပန်စား လူကြိုက်များခဲ့တဲ့ ဆံပင်စတိုင်တစ်ခုပါ။ ဆံပင်အနေအထားက အရမ်းမရှည်သလို အရမ်းလည်းမတိုပဲ အမျိုးသားတွေအတွက် ဆွဲဆောင်မှုအရှိဆုံး ကပိုကယို Hairstyle တစ်ခုဖြစ်ပါတယ်။ လှိုင်းတွန့် ဆံသားပိုင်ရှင်တွေ ဒါမှမဟုတ် နဂိုအကောက် ဆံသားပိုင်ရှင်တွေအတွက်ထားလို့ အဆင့်တော်ဆုံး ဆံပင်ပုံစံတစ်ခု ဖြစ်ပါတယ်။ အဝတ်အစားကိုတော့ သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျကျဝတ်နိုင်ဖို့တော့ အရေးကြီးပါတယ်။ ဘာကိုမှဂရုမစိုက်ပဲ ကိုယ်စတိုင်နဲ့ကိုယ်အထာကျကျနေချင်သူတွေအတွက် အလိုက်ဖက်ဆုံး Hairstyle ဖြစ်ပြီး ဆံပင်စပရေး ဒါမှမဟုတ် ခေါင်းလိမ်းဆီအနည်းငယ်အသုံးပြုကာ ခပ်ပွပွ ခပ်ရှုပ်ရှုပ်အနေအထား ကပိုကယိုပုံစံလေး ပုံသွင်းပေးဖို့တော့ လိုပါတယ်။
Featured Photo : Men’s Flair
