အရင်ခေတ်ကတော့ ယောကျာ်းမှန်ရင် ကိုယ်ခံပညာ တက်ထားရမယ်လို့ ပြောကြပေမယ့် အခုခေတ်လို အဘက်ဘက်က လုံခြုံမှုမရှိတဲ့ အခြေအနေမှာ အမျိုးသား/အမျိုးသမီးမရွေး လူတိုင်း ကိုယ်ခံပညာရပ်ကို တက်ထားဖို့ လိုနေပြီပဲ ဖြစ်ပါတယ်။ ကိုယ်ခံပညာ တက်ထားမယ်ဆိုရင် အရေးအကြောင်းကြုံတဲ့အခါ အနည်းဆုံးတော့ အတိုင်းအတာတစ်ခုအထိ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ ကိုယ်ခံပညာရပ်တွေ အများကြီးရှိတဲ့အထဲကမှ လက်တွေ့ကျကျ အသုံးဝင်လှတဲ့ Martial Art တွေအကြောင်းကို ပြောပြပေးပါမယ်။

(၁) လက်ဝှေ့

Photo : NBC News

Martial Art တွေထဲမှာတော့ လက်ဝှေ့ဟာ လက်တွေ့အကျဆုံးနဲ့ အသုံးဝင်ဆုံး တိုက်ခိုက်ရေး ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ခွန်အားနဲ့ လျင်မြန်မှုကို အသုံးချပြီး ဗျူဟာကျကျ ရန်သူကို တိုက်ခိုက်ရတာပါ။ ကယ်လိုရီ လောင်ကျွမ်းမှုများပြီး ခန္ဓာကိုယ်ကို ကျစ်ကျစ်လစ်လစ်နဲ့ သန်မာကြံ့ခိုင်လာစေတဲ့အပြင် အမြဲလှုပ်ရှားနေရတော့ ပိုပြီးကျန်းမာစေပါတယ်။

(၂) ဂျူဂျစ်ဆု

Tae Kwon Do

Photo : Men’s Journal

ဂျူဂျစ်ဆုကတော့ ရန်သူနဲ့အနီးကပ် ရင်ဆိုင်ရတဲ့ အခြေအနေတွေမှာ တော်တော်လေးကို အသုံးဝင်တဲ့ Martial Art တစ်ခုပါ။ တစ်ဖက်ရန်သူရဲ့ ပျော့ကွက်/ဟာကွက်ကိုရှာဖွေပြီး ထိထိရောက်ရောက် ကိုင်တွယ် ထိုးဖောက်တိုက်ခိုက် နိုင်ပါတယ်။

(၃) တိုက်ကွမ်ဒို

Tae Kwon Do

Photo : THECOOLIST

တိုက်ကွမ်ဒိုကတော့ ခြေကန်ချက်တွေကို အဓိကထား အသုံးပြုရတဲ့ တိုက်ခိုက်ရေး ပညာရပ်လို့ ပြောနိုင်ပါတယ်။ ပါဝါ,ပါတဲ့ ခြေကန်ချက်တွေကို အသုံးပြုပြီး တိုက်ခိုက်နိုင်တဲ့အတွက် ကိုယ့်ထက် အင်အားပိုကြီးတဲ့ ရန်သူတွေနဲ့ တိုက်ခိုက်ရချိန်မှာ အလွယ်တကူပဲ အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။ တိုက်ကွမ်ဒို ကစားနည်းကလည်း အဓိက လျင်မြန်ဖျက်လက်မှု အရှိန်နဲ့ ခွန်အားကိုသုံးပြီး တိုက်ခိုက်ရတဲ့ Martial Artတစ်ခုပဲ ဖြစ်ပါတယ်။

(၄) အာကီဒို

Aikido

Photo : Evolve MMA

စစ်မှန်တဲ့ ကိုယ်ခံပညာရပ်တွေအကြောင်း ပြောတဲ့အခါ အာကီဒို ကိုလည်း ချန်ထားခဲ့လို့ မရနိုင်ပါဘူး။ အာကီဒို တိုက်ခိုက်ရေး ပညာရပ်က ခွန်အား ၊ အရှိန်နဲ့ လှုပ်ရှားမှုတွေကို ကောင်းကောင်း အသုံးချပြီး ရန်သူကို တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ ယောကျာ်းလေးတွေ အတွက် သာမက ခွန်အားနည်းတဲ့ မိန်းကလေးတွေ အတွက်လည်း ထိရောက်တဲ့ ကိုယ်ခံပညာရပ်တစ်ခု ဖြစ်ပါတယ်။

ကွီးတို့ အကြိုက်ဆုံး ကိုယ်ခံပညာရပ်ကရော ဘာဖြစ်မလဲ???

Featured Photo : Domyos