သီချင်းများ နားဆင်ခံစားခြင်းသည် စိတ်ထဲရှိ သောကအပူမီးများကို ငြိမ်းပစ်နိုင်ပြီး စိတ်ညစ်စရာများကို အဝေးသို့ လွင့်မျောသွားအောင် တိုက်ထုတ်နိုင်ပါတယ်။ သီချင်း နားထောင်ရတာ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ခေတ် ပေါ်  သီချင်း များသည် ကွီးတို့ရဲ့ စိတ်ခံစားချက်နှင့် တိုက်ဆိုင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။

အခုဖော်ပြပေးမယ့် တေးသီချင်းများကတော့ လတ်တလောမှာ လူကြိုက်များနေတဲ့ ခေတ် ပေါ် တေး သီချင်း များဖြစ်ပြီး ကွီးတို့အားလုံးရဲ့ ခံစားချက်ကို ကွက်ကွက်ကွင်းကွင်း မြင်ရအောင် ဖော်ကျူးနိုင်မှာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။

Flowers – Miley Cyrus

Source: Miley Cyrus

Miley Cyrus ရဲ့ Comeback ကတော့ ကြောက်ခမန်းလိလိပါပဲ။ သူ့ရဲ့ ပရိသတ်တွေကတော့ Miley ဒီလောက်ထိ ပြန်ကြမ်းလာလိမ့်မယ်လို့ မျှော်လင့်မထားကြတာ အမှန်ပါပဲ။ ထွက်ပြီးပြီးချင်း တစ်ပတ်အကြာမှာပဲ ဒီသီချင်းသည် Spotify တွင် တစ်ပတ်အတွင်း “100 Million Streams” ရရှိခဲ့တဲ့ ပထမဦးဆုံး သီချင်းပဲဖြစ်ပါတယ်။ BTS ရဲ့ Butter ၊ Adele ရဲ့ Easy On Me ၊ Harry Style ရဲ့ As It Was စတဲ့ သီချင်း သုံးပုဒ်သည်လည်း Spotify တွင် “100 Million Streams” အမြန်ဆုံး ရရှိဖူးတဲ့ သီချင်းဖြစ်ပါတယ်။ သို့သော် ထိုသီချင်းများသည် ၈ ရက်စီနဲ့ စံချိန်တင်ထားခဲ့ကြတာဖြစ်ပြီး Miley ရဲ့ Flowers သီချင်းကတော့ ၇ ရက်နဲ့ စံချိန်အသစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

Until I Found You – Stephen Sanchez

Source: Stephen Sanchez

အရင်ရည်းစားဟောင်းကို မမေ့နိုင်ဘဲ ပြန်တမ်းတမိကြတဲ့ ကွီးတို့အတွက်တော့ ဒီသီချင်းလေးက ကွက်တိပါပဲ။ သီချင်းလေးထဲမှာ သူတစ်ချိန်က ချစ်ခဲ့ဖူးတဲ့ ကောင်မလေးကို သူကိုယ်တိုင်ပဲ ထားခဲ့တာဖြစ်ပြီး သူ မရှိတော့မှ သူ့ရဲ့ တန်ဖိုးကို နားလည်လာကာ ပြန်လည်တမ်းတနေမိတာဖြစ်ပါတယ်။ ဒီသီချင်းလေးသည် Stephen Sanchez ရဲ့ အဖြစ်မှန် အချစ်ရေးဘဝကို ပြန်လည် ပုံဖော်ထားတာဖြစ်တယ်လို့လည်း အဆိုတော်ကိုယ်တိုင်က ဝန်ခံထားပါတယ်။

I Ain’t Worried – OneRepublic

Source: OneRepublic

သီချင်းမြူးမြူးကြွကြွလေးတွေကို နားဆင်ခံစားချင်တယ်ဆိုရင်တော့ ဒီသီချင်းလေးကို နားဆင်ခံစားသင့်ပါတယ်။ ၂၀၂၂ ၊ မေလ ကတည်းက ထွက်ရှိခဲ့ပေမယ့် အခုချိန်ထိ နာမည်ကြီးနေဆဲပဲ ဖြစ်ပါတယ်။

သီချင်းလေးရဲ့ အဓိပ္ပါယ်ကတော့ သူသည် ပြဿနာများအားလုံး၊ အခက်အခဲများအားလုံးကို စိတ်မပူပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိပြီး ဘဝကြီးမှာ ဘာဖြစ်လာမှန်း မသိသေးတဲ့အရာများကို ကြိုတင်တွေးပူကာ ပူပန်နေခြင်းသည် ဘဝရဲ့ အနှစ်သာရကို ခံစားစေရမှာ မဟုတ်ပါဘူး။

Un Holy – Sam Smith (Feat. Kim Petras)

Source: SAM SMITH

သီချင်းထဲက အမျိုးသားသည် သူ့ရဲ့ အမျိုးသမီးအပေါ်မှာ အခြားတစ်ယောက်နဲ့ ကွယ်ရာမှာ ခြေရှုပ်နေတာကို သီဆိုဖော်ပြထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မကောင်းသတင်းတွေကတော့ ပွထနေပေမယ့် သူ့ရဲ့ အမျိုးသမီးကတော့ ဘာမှ မသိရှာတာကို ဖော်ပြနေတာဖြစ်ပါတယ်။

Runaway Romeo – Lee Isaacs

Source: Lee Isaacs

ထူးခြားဆန်းသစ်တဲ့ သီချင်းအမျိုးအစားတစ်ခုကို နားဆင်ခံစားချင်တယ် ဆိုရင်တော့ Lee Isaacs ရဲ့ Runaway Romeo သီချင်းကို နားဆင်ခံစားသင့်ပါတယ်။ မတူညီတဲ့ ရသတစ်မျိုးကို ပေးစွမ်းနိုင်တဲ့ သီချင်းပဲဖြစ်ပါတယ်။

Golden Hour – JVKE

Source: JVKE

သီချင်းရဲ့ Intro အစမှာ စန္ဒရားတီးသံလေးနဲ့ ဆွဲဆောင်ထားပြီး သီချင်းစာသားများကလည်း အလန်းစားပဲဖြစ်ပါတယ်။ ဒီသီချင်းလေးသည် TikTok မှာလည်း အင်မတန် ရေပန်းစားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

You’re All That I Want – Lee Isaacs

Source: Lee Isaacs

ဘဝအကြောင်း၊ အချစ်အကြောင်း ဖော်ကျူးထားတဲ့ သီချင်းအေးအေးလေးကို နားဆင်ခံစားချင်တယ်ဆိုရင်တော့ Lee Isaacs ရဲ့ You’re All That I Want သီချင်းလေးကို နားဆင်ခံစားနိုင်ပါတယ်။

Remember Home – ELYAZ

Source: ELYAZ

ခရီးသွားတစ်ယောက်က စွန့်ပစ်ဂိုထောင်ထဲက ထူးဆန်းတဲ့ ရေဒီယိုတစ်လုံးကို ရှာဖွေတွေ့ရှိရာကနေ မြို့ပြများ၊ အာကာသများကို မြင်တွေ့တဲ့ ပုံစံမျိုးဖြင့် သီချင်းကို အဓိပ္ပါယ်ဖွင့်ထားတာဖြစ်ပါတယ်။ သူ့သီချင်းအရ ကျွန်တော်တို့လူသားများအားလုံးသည် လောကရဲ့ ခရီးသွားများဖြစ်ကြောင်း သိရှိနိုင်ပါတယ်။

DON’T YOU WORRY – Black Eyed Peas, Shakira, David Guetta

Source: Black Eyed Peas

လူကြိုက်များတဲ့ သီချင်းတွေထဲမှာ ဒီသီချင်းကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ Shakira ၊ David Guetta နှင့် Black Eyed Peas တို့ရဲ့ Collaborate လုပ်ကာ သီဆိုထားတဲ့ အမိုက်စားသီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ခေတ် ပေါ် သီချင်း များထဲက ဘယ်သီချင်းများကို နားထောင်ဖူးပါသလဲ။