ဘဝတစ်ကွေ့ရဲ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို ပြန်ချစ်လာဖို့ စောင့်ဆိုင်းရတာမျိုးလည်း ရှိသလို၊ ကိုယ် စိတ်ဝင်စားရတဲ့သူ၊ ကိုယ့် ဂရုစိုက်ရတဲ့သူက ကိုယ့်ရဲ့ ဖြစ်တည်မှုကို သိရှိဖို့အတွက် စောင့်မျှော်နေရတဲ့သူတွေလည်း ရှိပါလိမ့်မယ်။ သီချင်းရေးဆရာတွေက တစ်စုံတစ်ယောက်ကို စောင့်မျှော်နေတဲ့သူတွေအတွက် အဆွေး သီချင်း များကို ရေးစပ်သီကုံးခဲ့ကြပါတယ်။ ကမ္ဘာကျော်အဆိုတော်များကလည်း သူတို့ရဲ့ အသံပါဝါ၊ သီချင်းဆိုသံများနှင့် ပေါင်းစပ်လိုက်တဲ့အခါ လူကြိုက်များတဲ့ အဆွေး သီချင်း ကောင်းတစ်ပုဒ် ထွက်ရှိလာခဲ့ပါတော့တယ်။

အလွမ်း အဆွေး ခံစားချက်များနှင့် ပြည့်နှက်နေတဲ့ ကွီးတို့အတွက် ထို သီချင်း ကောင်းများကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

(၁) For Now By Lauv

တကယ်လို ကွီးတို့သည် Indie-Folk တေးဂီတကို နှစ်သက်တယ်ဆိုရင်တော့ ဒီသီချင်းလေးကို သဘောကျကြပါလိမ့်မယ်။ Acoustic Guitar လေးနှင့် ရိုးရှင်းတဲ့ တူရိယာများနှင့် တီးခတ်ထားတဲ့ အဆိုတော်ရဲ့ လှပတဲ့ အသံပါဝါက ကွီးတို့ရဲ့ စိတ်ဝိညာဥ်ကို ဆွဲဆောင်နေပါလိမ့်မယ်။

(၂) While I Wait By Lincoln Brewster

သီချင်းစာသားများက ရိုးရိုးရှင်းရှင်းလေးဆိုပေမယ့် အမိုက်စား အဆွေးသီချင်းဖြစ်တယ်ဆိုတာကတော့ ငြင်းမရပါဘူး။ တကယ်တော့ ဒီသီချင်းလေးက ခရစ်ယာန် ဓမ္မတေးသီချင်းအဖြစ် စတင်သီဆိုခဲ့ကြတာပါ။ နောက်မှာ တဖြည်းဖြည်းနဲ့ အဆွေးသီချင်းအဖြစ် ကူးပြောင်းလာခဲ့တာဖြစ်ပါတယ်။

(၃) Right Here Waiting By Richard Marx

ဒီသီချင်းလေးကတော့ ယနေ့ထိတိုင် လူကြိုက်များတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ ဒီသီချင်းထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်လည်းရှိပါတယ်။

Richard Marx ရဲ့ အမျိုးသမီးသည် Cynthia Rhodes ဖြစ်ပြီး သူ(မ)သည် တောင်အာဖရိကတွင် ရုပ်ရှင်ရိုက်ကူးရန်အတွက် ခရီးထွက်နေရတာဖြစ်ပါတယ်။ Marx က သူ့ချစ်ဇနီးကို သတိရလွန်းတဲ့စိတ်နဲ့ ထိုသီချင်းကို ရေးစပ်သီဆိုခဲ့တာဖြစ်ပါတယ်။

(၄) Wait For Me By John Rose

နောက်ထပ် အမိုက်စား သီချင်းတစ်ပုဒ်ကတော့ Wait For Me ပဲဖြစ်ပါတယ်။ သီချင်းအေးအေးလေးနဲ့ လွမ်းဆွေးလို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၅) Waiting For A Girl Like You By Foreigner

Source: Tommy Frankfort

တီးလုံး သံစဥ်လေးတွေက ၁၉၈၀ ပြည့်နှစ်က တီးလုံး အမျိုးအစားဖြစ်ပြီး ဟောင်းပေမယ့်လည်း ယနေ့ထိတိုက် တန်ဖိုးရှိတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၆) Waiting For Love By Avicii

ကွီးတို့ကို ခံစားချက်ကို အပြောင်းအလဲဖြစ်သွားအောင်လို့ ဒီသီချင်းလေးကို နားထောင်ကြည့်လိုက်ပါ။ Electro-Dance သီချင်းများကို ကြိုက်နှစ်သက်သူတွေအတွက် အမိုက်စားသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ သီချင်းနားထောင်ပြီးတဲ့အခါ ဒီသီချင်းသည် YouTube မှာ ဘာ့ကြောင့် 1 Billion Views ရရှိထားသလဲဆိုတာ သိသွားပါလိမ့်မယ်။

(၇) Waiting For Superman By Daughtry

Daughtry ကတော့ သီချင်းကောင်းတစ်ပုဒ်ကို ဘယ်လိုရေးစပ်သီကုံးရမလဲဆိုတာ သိရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ သီချင်းစာသားလေးတွကလည်း မှတ်မိရလွယ်ပြီး လိုက်ဆိုလို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

(၈) The Man Who Can’t Be Moved By The Script

ဒီသီချင်းလေးကတော့ ၂၀၀၀ ပြည့်နှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။​ အေးအေးလေးနဲ့ ဆွေးလို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၉) Waiting On A Friend By The Rolling Stones

ဒီသီချင်းလေးကတော့ Jazzy-Bluesy ဂီတအမျိုးအစားနှစ်မျိုးကို ပေါင်းစပ်ထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Rolling stones ပရိသတ်တွေ နှစ်ခြိုက်သဘောကျကြတဲ့ သီချင်းတစ်ပုဒ်ပါ။

(၁၀) Waiting By KIAN

ဒီသီချင်းလေးကတော့ ဂျူလိုင်လ၊ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ သီချင်းလေးဖြစ်ပါတယ်။ သြစတြေးလျ အဆိုတော်နှင့် သီချင်းရေးဆရာဖြစ်တဲ့ KIAN ရဲ့ အမိုက်စားသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းလေးသည် စထွက်တဲ့အချိန်ကနေ အချိန်တော်တော်ကြာသည်အထိ Music Chart ထဲမှာ နံပါတ် ၁ ကနေ ၁၅ အတွင်း ချိတ်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။

Source: Tonestart

Featured Image: