ယခု နှစ်တွေအတွင်းမှာ Tecno နဲ့ Google အပါအဝင် စမတ်ဖုန်း ကုမ္ပဏီတော်တော်များများ ခေါက်လို့ရတဲ့ Foldable စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ Nubia အနေနဲ့ အားလုံးနီးတူ ခေါက်ဖုန်း ဈေးကွက်ထဲ ခြေဆန့်လာတော့မယ့်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ကုမ္ပဏီရဲ့ ပထမဆုံး Foldable စမတ်ဖုန်းကို မကြာမီအချိန်အတွင်းမှာ မိတ်ဆက်လာမယ်လို့ သိရပါတယ်။

Photo : Gizmochina

ZTE ရဲ့ Brand အခွဲဖြစ်တဲ့ Nubia အနေနဲ့ ၎င်းတို့ရဲ့ ပထမဆုံး ခေါက်ဖုန်းကို Nubia Z60 Fold လို့ နာမည်ပေးထားပြီး မော်ဒယ်နံပါတ်ကတော့ NX801J ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ Nubia Z60 Fold စမတ်ဖုန်းမှာ ခေါက်လို့ရတဲ့ ၇.၃ လက်မ AMOLED မျက်နှာပြင်ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ မျက်နှာပြင် အရွယ်အစားအရ Nubia Z60 Fold ဖုန်းဟာ Galaxy Z Fold 4 နဲ့ပုံစံချင်း ဆင်တူနိုင်တယ်လို့ ယူဆရပါတယ်။

Chipset အနေနဲ့တော့ Snapdragon 8 စီးရီးကို အသုံးပြုထားတယ်လို့ သိရပြီး Snapdragon 8 Gen 2 သို့မဟုတ် Snapdragon 8+ Gen 1 တစ်ခုခု ဖြစ်နိုင်ဖွယ် ရှိပါတယ်။ Chipset ကို ပိုမို ချောမွေ့စွာ အသုံးပြုနိုင်ဖို့ 12GB RAM နဲ့ တွဲဖက်ထားပြီး Storage အနေနဲ့တော့ 256GB နဲ့ 512GB နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Nubia Z60 Fold

Photo : Priceinall

ဘက်ထရီပိုင်းမှာတော့ 5,000 mAh ဘက်ထရီကို တပ်ဆင်ထားပြီး 100W Charging စနစ်နဲ့ အားသွင်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Wireless Charging စနစ်လည်း ထောက်ပံ့ပေးနိုင်မယ့်လို့ ယူဆရပြီး ဖုန်းနဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အတိအကျ မသိရသေးပါဘူး။

Nubia Z60 Fold ခေါက်ဖုန်း ဟာ ရွေးချယ်စရာ အရောင် ၃ မျိုးနဲ့ ထွက်လာမယ့်လို့ ပေါ်ထွက်လာတဲ့ သတင်းတွေအရ သိရပြီး ယခုနှစ် အောက်တိုဘာလ ကနေ ဒီဇင်ဘာလအတွင်း မိတ်ဆက်လာနိုင်ဖွယ် ရှိပါတယ်။

Featured Photo : GSMArena.com