လူတစ်ယောက်အတွက် ဆံပင်ဟာ ဒုတိယမျက်နှာပါ။ ဆံပင်ပုံစံဟာ လူတစ်ယောက်ရဲ့ ရုပ်ရည်နဲ့ ပုံပန်းသဏ္ဍန်ကို ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့အနေအထားအလိုက် ဆံပင်ပုံစံထားရှိဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ဆံပင်ညှပ်ခါနီးရင် ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်ကို ရွေးချယ်သင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စာရေးသူက ခေါင်မိုးလဲမယ့် ညိုကီတို့ အတွက် ကိုယ်နဲ့လိုက်ဖက်တဲ့ ရွေးချယ်နိုင်စေဖို့ ဆံပင် စတိုင်လ် အမျိုးမျိုးကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

စတိုင်လ် (၁)

ခေါင်မိုးလဲမယ့် ညိုကီတို့

Photo : Beyoung

ခေါင်မိုးလဲမယ့် ညိုကီတို့ အတွက် ဒီဆံပင်စတိုင်လ်က ဘယ်လိုမျက်နှာမျိုးနဲ့မဆို လိုက်ဖက်ပြီး ရိုးရှင်းတဲ့ ပုံစံ ဖြစ်ပါတယ်။ ဒါ့အပြင် ဆံပင်ပုံသွင်းဖို့ အချိန်အများကြီး ပေးစရာမလိုဘဲ သပ်ရပ်ရှင်းသန့်ပြီး အချိန်တိုင်း၊ နေရာတိုင်းနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံဆိုလည်း မမှားပါဘူး။ တကယ်လို့ ကွီးတို့က ဆံပင်အတိုညှပ်ဖို့ စဉ်းစားနေရင် ဒီပုံစံကို စမ်းကြည့်ပါ။

စတိုင်လ် (၂)

ခေါင်မိုးလဲမယ့် ညိုကီတို့

Photo : Haircut Inspiration

ဒီပုံစံကတော့ ဆံပင်အတို မညှပ်ချင်ဘူး၊ စမတ်ကျပြီး သပ်ရပ်တဲ့ ပုံစံကိုလည်း လိုချင်တယ်ဆိုတဲ့ ကွီးတို့အတွက်ပါ။ ထင်ရှားပြီး အထာကျတဲ့ပုံစံကို ပေးစွမ်းနိုင်တာကြောင့် လုပ်ငန်းခွင်နဲ့ သင့်တော်တဲ့ ဆံပင်ပုံစံဆိုလည်း မမှားပါဘူး။ ဘေးနှစ်ဖက်ကို ပါးပြီး အလယ်ဆံပင်ကို အလွှာစတိုင်လ် ထားခြင်းဖြင့် ကွီးတို့ လိုသလို ပုံသွင်းလို့ရပါတယ်။

စတိုင်လ် (၃)

ခေါင်မိုးလဲမယ့် ညိုကီတို့

Photo : Beyoung

ဒီပုံစံကလည်း အလယ်ပိုင်းကို ဆံပင်ခပ်များများညှပ်ထားပြီး နောက်ပိုင်းနဲ့ ဘေးနှစ်ဖက်ကို မပါးမထူ ညှပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။ ဒီပုံစံက သပ်ရပ်တိကျစွာ ပုံသွင်းစရာမလိုဘဲ စကီလေးတွေ ကြွေကျစေမဲ့ ဆွဲဆောင်မှုရှိပြီး အထာကျတဲ့ ဆံပင်စတိုင်လ် ဆိုလည်းမမှားပါဘူး။

စတိုင်လ် (၄)

ခေါင်မိုးလဲမယ့် ညိုကီတို့

Photo : Beyoung

ခေါင်မိုးလဲမယ့် ညိုကီတို့ အတွက် အရမ်းမတို အရမ်းမရှည်ပဲ ကြည့်ကောင်းစေမဲ့ ဆံပင်စတိုင်လ်ကို လိုချင်တယ်ဆိုရင် ဒီပုံစံက ကွက်တိပါပဲ။ ဒါ့အပြင် မျက်နှာရှည်ပြီး မျက်မျက်တပ်တဲ့ ကွီးတို့နဲ့လည်း လိုက်ဖက်တဲ့ ဆံပင်ပုံစံ ဖြစ်ပါတယ်။

စတိုင်လ် (၅)

Photo : DAMAEGE

ဒီဆံပင်ပုံစံက လူငယ်ဆန်ပြီး ခေတ်ရေစီးကြောင်းနဲ့ အညီ လူငယ်တွေနဲ့ လိုက်ဖက်တဲ့ ပုံစံ ဖြစ်ပါတယ်။ ဆံပင်အုံထူတဲ့ ညိုကီတို့ စမ်းကြည့်သင့်တဲ့ ဆံပင်စတိုင်လ် ဆိုလည်း မမှားဘူး။ လူငယ်ဆန်ဆန် အထာကျပြီး လန်းဆန်းတက်ကြွတဲ့ အသွင်အပြင်ကို ပေးစွမ်းနိုင်တဲ့ ပုံစံဆိုလည်း ဖြစ်ပါတယ်။ သေချာလေး ပုံသွင်းဖို့တော့ လိုပါမယ်နော်။

စတိုင်လ် (၆)

Photo : Hairstyle Camp

ဒီ ဆံပင်ပုံစံကတော့ ကွီးတို့ကို ဘယ်တော့မှ ခေတ်နောက်ကျ မကျန်စေမဲ့ ဆံပင် စတိုင်လ်ပါ။ ရိုးရှင်းပြီး သပ်ရပ်တဲ့ ဆံပင်စတိုင်လ်အဖြစ် ဟန်ချက်ညီစေတဲ့အပြင် အထာကျတဲ့ အမိုက်စားအသွင်အပြင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ အလယ်အလတ်လောက် ဆံပင်ရှည်တဲ့ ကွီးတို့ ညှပ်ကြည့်သင့်တဲ့ ဆံပင်စတိုင်လ်ပါပဲ။

စတိုင်လ် (၇)

Photo : Byrdie

သပ်ရပ်ပြီး ခပ်တိုတို ဆံပင်စတိုင်လ်ကို လိုချင်နေရင် အများကြီး မစဉ်းစားပါနဲ့။ ဒီပုံက အကောင်းဆုံးပါပဲ။ ထက်မြက်တဲ့ အသွင်အပြင်ကိုလည်း ပေးစွမ်းနိုင်တာကြောင့် လုပ်ငန်းခွင် ဝင်နေတဲ့ ကွီးတို့အတွက်လည်း သင့်တော်တဲ့ ဆံပင်စတိုင်ပါပဲ။

ကဲ ခေါင်မိုးလဲမယ့် ညိုကီတို့ ရော ဘယ်ဆံပင်ကေက ကိုယ်နဲ့ လိုက်ဖက်ပြီး စကီတွေ ကြွေမလဲဆိုတာ ရွေးလိုက်ပါဦး။

Source : Beyoung

Featured Photo : Hair Cut