ဗောက်ဆိုတာ တကယ့်ကို စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ ခေါင်းလျော်ပြီး ခဏလောက်ပဲ အယားသက်သာပြီး အချိန်ခဏလေးအတွင်းမှာ ပြန်ကုပ်ဖဲ့နေရတာမျိုးပါ။ ဒီလို လက်ကို မော်တာတပ် ကုပ်ရလောက်အောင် အလုပ်ရှုပ်စိတ်ရှုပ်စေတဲ့ ဗောက်ပြဿနာကို ဖြေရှင်းဖို့ သဘာဝနည်းလမ်းတချို့ကို ပြောပြပေးပါမယ်။ ကွီးတို့အိမ်မှာ ကိုယ်တိုင်လွယ်လွယ်ကူကူ ပြုလုပ်နိုင်မယ့် ဗောက်ပျောက် Hair Masks တွေအကြောင်းပါ။ ဗောက်ပြဿနာကြောင့် ခေါင်းချည်းဖိကုပ်နေရတဲ့ လက်ကလေး အနားပေးချင်တယ်ဆိုရင် ဆက်လက်လေ့လာကြည့်လိုက်ပါဦး။

(၁) ဒိန်ချဉ် ၊ ပျားရည်နဲ့ သံပုယို Mask

Yogurt Mask

Photo : Beautifully Alive

သံပယိုရည်မှာပါတဲ့ Citric Acid က ဆံပင်ရဲ့ pH Level ကို ထိန်းညှိပေးပါတယ်။ ဒိန်ချဉ်ဟာ ဆံသားပျက်စီးခြင်းကို ပြုပြင်ပေးပြီး ဆံသားကို ပျော့ပျောင်းစေပါတယ်။ ပျားရည်ကတော့ ဗောက်နဲ့ Seborrheic Dermatitis ကဲ့သို့ အခြေအနေတွေကို ပိုမိုကောင်းမွန်လာစေဖို့ ကူညီပေးနိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • ဒိန်ချဉ် ပန်းကန်လုံး ၁ လုံး
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်လုံးတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေပြီး ချောမွေ့သွားသည်အထိ ရောမွှေပါ။

ရလာတဲ့ အရောအစပ်ကို ဦးရေပြားနဲ့ ဆံသားအရင်းကနေအဖျားအထိ သေချာလိမ်းကျံပေးပါ။

ထို့နောက် မိနစ် ၃၀ လောက်ထားလိုက်ပါ။

အချိန်ပြည့်ရင်တော့ အပျော့စား ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်လို့ ရပါပြီ။

တစ်ပတ်ကို ၁ ကြိမ်ကနေ ၂ ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။

(၂) ငှက်ပျောသီး ၊ ပျားရည် ၊ သံပုယိုနဲ့ သံလွင်ဆီ Mask

Banana Mask

Photo : ABP News

ဒါက ဦးရေပြားနဲ့ ဆံသားခြောက်တဲ့သူတွေအတွက် အရမ်းကောင်းတဲ့ Mask ပါ။ ငှက်ပျောသီးက ဆံပင်ကို သန်မာစေပြီး ဗောက်ထခြင်းကို ထိန်းပေးနိုင်ပါတယ်။ သံလွင်ဆီကတော့ ဆံပင်ကို ပျော့ပျောင်းစေပြီး သန်စွမ်းစေဖို့ ကူညီပေးပါတယ်။ သံပယိုရည်မှာပါတဲ့ Citric Acid က ဆံပင်ရဲ့ pH Level ကို မျှတအောင် ကူညီပေးနိုင်ပြီး ပျားရည်က ဗောက်ထတာကို သက်သာစေပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • ငှက်ပျောသီး အမှည့် ၂ လုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

ငှက်ပျောသီးအမှည့် ၂ လုံးကို ပန်းကန်လုံးတစ်လုံးထဲမှာ ကြေညက်သွားသည်အထိ ကြိတ်ချေပေးပါ။

ထို့နောက် သံလွင်ဆီ ၊ ပျားရည်နဲ့ သံပုယိုရည်တို့ကို စားပွဲတင်ဇွန်း ၁ ဇွန်းစီ အချိုးကျရောထည့်ပြီး အနှစ်ပုံစံရလာတဲ့အထိ သေချာမွှေပေးပါ။

ရလာတဲ့ အရောအစပ်ကို ဦးရေပြားနဲ့ ဆံသားအနှံ့ သေချာလိမ်းကျံပေးပါ။

ထို့နောက် မိနစ် ၃၀ လောက်ထားလိုက်ပါ။

အချိန်ပြည့်ရင်တော့ အပျော့စား ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်လို့ရပါပြီ။

တစ်ပတ်ကို ၁ ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။

(၃) ထောပတ်သီး ၊ ပျားရည်နဲ့ သံလွင်ဆီ Mask

Avocado Mask

Photo : Treehugger

ထောပတ်သီးမှာ ဦးရေပြားကျန်းမာရေးကို အထောက်အကူပြုတဲ့ Antioxidantsi တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ထောပတ်သီး Mask က ဦးရေပြား ယားယံခြင်းကို သက်သာစေပြီး ဆံသားကို ပျော့ပျောင်းစေကာ ဆံသားအရောင်ကို တောက်ပြောင်စေပါတယ်။ ပျားရည်နဲ့ သံလွင်ဆီဟာလည်း ဆံပင်ကို သန်စွမ်းစေပြီး ဗောက်ထခြင်းကို သက်သာစေပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • ထောပတ်သီး အမှည့် ၁ လုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

ငှက်ပျောသီးအမှည့် ၁ လုံးကို ပန်းကန်လုံးတစ်လုံးထဲမှာ ကြေညက်သွားသည်အထိ ခရင်းနဲ့ သေချာစွာ ထိုးချေပြီး မွှေပေးပါ။

ထို့နောက် သံလွင်ဆီနဲ့ ပျားရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်းစီ ရောထည့်ပြီး အားလုံးသမသွားသည်အထိ သေချာစွာ ရောမွှေပေးပါ။

ရလာတဲ့ အရောအစပ်ကို ဦးရေပြားနဲ့ ဆံသားအရင်းကနေ အဖျားအထိ အနှံ့လိမ်းကျံပေးရပါမယ်။

ပြီးရင်တော့ ၄၅ မိနစ်လောက် ထားလိုက်ပါ။

အချိန်ပြည့်ရင်တော့ အပျော့စား ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်လို့ ရပါပြီ။

တစ်ပတ်ကို ၁ ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။

အခုပြောပြတဲ့ နည်းလမ်းလေးတွေကတော့ ကွီးတို့ ရင်ဆိုင်နေရတဲ့ ဗောက်ပြဿနာကို ဖြေရှင်းပေးနိုင်ပြီး ခေါင်းချည်းဖိကုပ်နေရတဲ့ လက်ကလေးကို အနားပေး နိုင်မှာပဲ ဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေ ဖြစ်တဲ့အပြင် ဗောက်တွေကို ရှင်းထုတ်နိုင်ရုံမက ဆံပင်နဲ့ ဦးရေပြား ကျန်းမာရေးကိုလည်း အားဖြည့်ပေးနိုင်တာကြောင့် ကျန်းမာသန်စွမ်းတဲ့ ဆံသားပိုင်ရှင်တစ်ယောက် ဖြစ်နိုင်ပြီပေါ့။

Featured Photo : Freepik