Listerine (လစ်စထရင်း)ကို ခံတွင်းသန့်စင်ဆေးရည်အဖြစ် လူတော်တော်များများ သိထားကြပါတယ်။ တကယ်တော့ Listerine ဟာ ခံတွင်းသန့်စင်ဆေးထက်ကို ပိုပြီး အသုံးပြုလို့ရပါတယ်။ မှိုနဲ့ဘက်တီးရီးယားပိုးမွှားတွေကို ရှင်းလင်းစေသလို အသားအရေနဲ့ အလှအပရေးရာအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ ယောကျာ်းလေး အများစုမှာ ကြုံတွေ့နေရတဲ့ ဗောက်ပြဿနာကိုလည်း Listerine နဲ့ ဖြေရှင်းလို့ရပါတယ်။ Listerine ခံတွင်းသန့်စင်ဆေးရည်ကို ဓာတုဗေဒပညာရှင် ဂျိုးဇက်လောရန့်စ်က ၁၈၇၉ ခုနှစ်မှာ စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပထမဆုံး ခွဲစိတ်ခန်းသုံး ပိုးသတ်ဆေးကို ဖန်တီးခဲ့တဲ့ ဒေါက်တာ ဂျိုးဇက်လစ်စတာရဲ့ နာမည်ကို အစွဲပြုပြီး Listerine လို့ နာမည်ပေးခဲ့တာပါ။ ၁၉၂၀ ခုနှစ်တွေကစပြီး Listerine ဟာ ဗောက်ပြဿနာကို ဖြေရှင်းနိုင်တယ်လို့ လူသိများခဲ့ပါတယ်။ Listerine မှာ Menthol ၊ Thymol ၊ Eucalyptol နဲ့ Methyl Salicylate တို့လို အဓိက ပါဝင်ပစ္စည်းတွေ ပါဝင်ပြီး ၎င်းတို့က ဗောက်ထခြင်းနဲ့ ဦးရေပြားပြဿနာတွေကို ကောင်းစွာ ကုသပေးနိုင်စွမ်း ရှိပါတယ်။ အလားတူ Listerine ဟာ ပိုးသတ်ဆေးနဲ့ မှိုသတ်ဆေးတို့လို အာနိသင်ရှိတဲ့အတွက် ဗောက်များကိုဖြစ်စေတဲ့ မှိုနဲ့ဘက်တီးရီးယားတွေကို ရှင်းထုတ်ပေးနိုင်ပြီး ဦးရေပြားကျန်းမာရေးကို ကောင်းမွန်စေဖို့ ထောက်ပံ့ပေးပါတယ်။ ဆက်လက်ပြီး စိတ်ရှုပ်စရာ ဗောက်ပြဿနာ ကို ဖြေရှင်းနိုင်ဖို့ Listerine ကို အသုံးပြုနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

နည်းလမ်း (၁)

Listerine ဗောက်ပြဿနာ

Photo : The Washington Post

ပထမဆုံး နည်းလမ်းကတော့ Listerine တစ်မျိုးတည်းကိုပဲ အသုံးပြုပြီး ဗောက်ပြဿနာ ကိုဖြေရှင်းရမှာ ဖြစ်ပါတယ်။ Listerine အရည်ကို ဂွမ်းစလေးစိမ်ပြီး ဦးရေအနှံ့ ဂွမ်းစလေးနဲ့ လိုက်လံပွတ်လိမ်းပေးပါ။ ၅ မိနစ် – ၁၀ မိနစ် လောက်ထားပြီးရင် အပျော့စားခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။ ပြီးရင်တော့ Conditioner လေးသုံးပေးဖို့ လိုပါမယ်။ တစ်ပတ်ကို ၂ ကြိမ် – ၃ ကြိမ်လောက် ၂ ပတ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် ဗောက်တွေ သိသိသာသာ လျော့နည်းသွားစေမှာပါ။

နည်းလမ်း (၂)

Listerine ဗောက်ပြဿနာ

Photo : IPWatchdog.com

နည်းလမ်း (၂) မှာတော့ Listerine ကို ရေနဲ့ရောစပ်ပြီး Spray ပုံစံ အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ ပြုလုပ်နည်းကတော့ Listerine စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ ရေ ၂ ဇွန်းခန့်ကို ဆတူရောစပ်ပြီး Spray ပုလင်းလေးထဲ ထည့်ထားပါ။ အရင်ဆုံး ခေါင်းကိုပုံမှန်သုံးနေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။ ပြီးတဲ့အခါမှာတော့ ရေရောစပ်ထားတဲ့ Listerine ကို ဦးရေပြားပေါ်  ဖြန်းပေးလိုက်ပါ။ မိနစ်အနည်းငယ်လောက် ထားပြီးတာနဲ့ ရိုးရိုးရေ သို့မဟုတ် ကြက်သီးနွေး ရေနဲ့ ရေလောင်းချလိုက်လို့ ရပါပြီ။ တစ်ပတ်ကို ၃ ကြိမ်လောက် ၂ ပတ်ခန့်လောက် ပြုလုပ်ပေးမယ်ဆိုရင် ဗောက်ပြဿနာ အတော်လေးသက်သာသွားစေမှာ ဖြစ်ပါတယ်။

နည်းလမ်း (၃)

Listerine ဗောက်ပြဿနာ

Photo : Plant Based News

နောက်ထပ် နည်းလမ်းတစ်ခုကတော့ Listerine နဲ့ အုန်းဆီကို ရောစပ်ပြီး အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ အုန်းဆီဟာ ဆံကေသာနဲ့ ဦးရေပြားအတွက် အကောင်းဆုံး အိမ်တွင်းပစ္စည်းတစ်ခု ဖြစ်ပါတယ်။ အုန်းဆီကို Listerine နဲ့ရောစပ်ပြီး အသုံးပြုပေးခြင်ဖြင့် ဗောက်ပြဿနာ ကိုဖြေရှင်းပေးနိုင်ရုံမက ဆံသားပျက်စီးခြင်းကိုလည်း ပြုပြင်ကာကွယ် ပေးနိုင်ပါတယ်။ အသုံးပြုနည်းကတော့ Listerine စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းကို ဆတူရောစပ်ပါ။

ခေါင်းကို အရင်ဆုံး အပျော့စား Shampoo နဲ့လျှော်ပြီး ရေစင်အောင် စစ်ချကာ Listerine နဲ့ အုန်းဆီ အရောအနှောကို ဦးရေပြား အနှံ့လိမ်းကျံပြီး ခပ်ဖွဖွနှိပ်နယ်ပေးပါ။ မိနစ်အနည်းငယ်လောက် နှိပ်နယ်ပေးပြီးပြီ ဆိုရင်တော့ အုန်းဆီတွေ သန့်စင်သွားစေဖို့ အပျော့စား ခေါင်းလျှော်ရည်နဲ့ တဖန်ပြန်လျှော်ပေးရပါမယ်။ တစ်ပတ်ကို ၃ ကြိမ်လောက် ၂ ပတ်ခန့်လောက် ပြုလုပ်ပေးရုံနဲ့ ဗောက်တွေရှင်းပြီး တောက်ပြောင်သန်စွမ်းတဲ့ ဆံကေသာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

နည်းလမ်း (၄)

Listerine ဗောက်ပြဿနာ
Photo : Prevention.com

နောက်ဆုံးနည်းလမ်းလေးကတော့ ကွီးတို့ ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူရနိုင်တဲ့ ပန်းသီးရှာလကာရည်နဲ့ Listerine ကို ရောစပ်အသုံးပြုရမှာ ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်ဟာ ဦးရေပြားရဲ့ pH Level ကို မျှတအောင် ကူညီပေးပြီး ဦးရေပြားကို သန့်စင်ပေးကာ ဦးရေပြားနဲ့ ဆံသားကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အိမ်တွင်းသုံးပစ္စည်းတစ်ခု ဖြစ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ Listerine စားပွဲတင်ဇွန်း ၂ ဇွန်း ၊ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း ၊ ရေ ၁ ခွက်နဲ့ Spray ၁ ဗူး တို့ပဲ ဖြစ်ပါတယ်။

Listerine ၂ ဇွန်း နဲ့ ရေ ၁ ဇွန်းခန့်ကို Spray ဗူးထဲ ရောထည့်ပြီး သမအောင် ရှိတ်ပေးပါ။ ပြီးရင် ပုံမှန်သုံးနေတဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပြီး ဦးရေပြားနဲ့ ဗောက်ထတဲ့နေရာတဝိုက်ကို ရေဖျော်ထားတဲ့ Listerine ရည်နဲ့ ဖြန်းပေးပါ။ မိနစ်အနည်းငယ်လောက် ထားပြီးရင် ရိုးရိုးရေ သို့မဟုတ် ကြက်သီးနွေး ရေနဲ့ ရေလောင်းချလိုက်ပါ။ နောက်တစ်အဆင့်အနေနဲ့ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ ၁ ခွက်ကို ရောစပ်ပြီး ဦးရေပြားအနှံ့ ပွတ်ဆေးပေးပါ။ နောက်ဆုံးမှာတော့ ရိုးရိုးရေနဲ့ တဖန်ရေပြန်လောင်းချပေးရမှာ ဖြစ်ပါတယ်။ တစ်ပတ်ကို ၁ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

Featured Photo : Home Hacks