ကွီးတို့ရေ လူတော်တော်များများကတော့ လိင်မှုကိစ္စနဲ့ မကင်းကြပါဘူး။ လိင်မှုကိစ္စက သာယာပျော်ရွှင်မှု သက်သက်သာမဟုတ်ဘဲ ခန္ဓာကိုယ်အတွက်လည်း ကောင်းမွန်ပါတယ်။ ကောင်းမွန်သော လိင်မှုဆက်ဆံရေးရှိခြင်းက နှလုံးကျန်းမာရေးကို တိုးတက်စေကာ စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်းကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တိုးတက်စေပြီး ကောင်းမွန်စွာ အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်သော လိင်မှုဆက်ဆံရေး ရရှိစေဖို့ သိထားရမဲ့ အချက်တွေ ရှိပါတယ်။ ကဲ ဒို့များ တွေ ချစ်ကြောင်း ပြောကြတဲ့အခါ ဘယ်အချက်တွေက ပိုမိုကောင်းမွန်သော ခံစားမှုတွေကို သယ်ဆောင်လာပေးမလဲဆိုတာ ကြည့်လိုက်ရအောင်။
လိင်မှုကိစ္စမှာ ပွင့်လင်းမှု ရှိပါစေ
Photo : Men’s Health
လိင်မှုကိစ္စမှာ တစ်ယောက်နဲ့တစ်ယောက် လိုအင်ဆန္ဒတွေအကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုမှုရှိခြင်းက ပိုမိုကောင်းမွန်တဲ့ လိင်ဆက်ဆံမှုနဲ့ ကျန်းမာတဲ့ ဆက်ဆံရေးကို ရရှိကြကြောင်း သုတေသနတွေက တွေ့ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။ ကွီးတို့ရဲ့ လက်တွဲဖော်ကို လိင်ပိုင်းဆိုင်ရာအရ ကိုယ်ကြိုက်တဲ့အချက်၊ မကြိုက်တဲ့အချက်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။ ထို့အတူ တစ်ဖက်သားစကားကိုလည်း နားထောင်ပြီး ညှိနှိုင်းပြီး လုပ်ဆောင်ပါ။ နောက်တစ်ချက် အနေနဲ့ကတော့ တစ်ယောက်နဲ့တစ်ယောက် ကျန်းမာရေး အခြေအနေတွေလည်း ပွင့်လင်းမှုရှိဖို့ လိုအပ်ပါတယ်။
အသစ်အဆန်းလေးတွေ Try ကြည့်ပါ
Photo : Paired Life
ပိုမိုကောင်းမွန်သော လိင်မှုဆက်ဆံရေး ရရှိဖို့အတွက် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှု အသစ်အဆန်းလေးတွေ စမ်းကြည့်ပါ။ နည်းလမ်းသစ်များဖြင့် အချင်းချင်း ထိတွေ့ပါ။ ဘယ်ဟာတွေက အကောင်းဆုံးဖြစ်မလဲဆိုတာ သိနိုင်ဖို့ မတူညီတဲ့ လိင်ပုံစံတွေကို စမ်းကြည့်နိုင်ပါတယ်။ ဒါ့အပြင် Sex Toys လေးတွေ အသုံးပြုတာမျိုးလည်း လုပ်နိုင်ပါတယ်။
လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
Photo : Kelsey Kerridge
ကွီးတို့ အိပ်ရာပေါ်မှာ စကီလေးနဲ့ ချစ်ကြောင်း တွေပြောကြတဲ့အခါမှာ ပိုမိုစွမ်းဆောင်နိုင်ကြောင်း ပြသဖို့အတွက် လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက အိပ်ရာပေါ်မှာ သက်လုံကောင်းစေပြီး စိတ်ဓာတ်တတ်ကြွစေပါတယ်။ ဒ့ါအပြင် ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ကို ဖန်တီးပေးနိုင်ရုံသာမက အမျိုးသားတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။ တစ်ပတ်လျှင် မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ။
ချောဆီ အသုံးပြုပါ
Photo : Greatist
အမျိုးသမီးများရဲ့ ခန္ဓာကိုယ်က သဘာဝအတိုင်း ချောဆီများကို ဖန်တီးထားသော်လည်း တစ်ခါတစ်ရံတွင် ခြောက်သွေ့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ခြောက်သွေ့နေခြင်းက နာကျင်သော လိင်ဆက်ဆံမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်ပြီး လုံခြုံသော လိင်ဆက်ဆံမှုကို ရစေရန် ရေကို အခြေခံထားသော ချောဆီနဲ့ ကွန်ဒုံးကို အသုံးပြုပါ။
ကွန်ဒုံး အသုံးပြုပါ
Photo : New York Post
ကွန်ဒုံးအသုံးပြုခြင်းက လိင်ဆက်ဆံမှုတိုင်းအတွက် အရေးကြီးပြီး မဖြစ်မနေလိုအပ်ပါတယ်။ ကွန်ဒုံး အသုံးပြုခြင်းကြောင့် မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ (STDs) ရောဂါများ ဖြစ်ပွားမှုကလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ပိုမိုကောင်းမွန်ပြီး လုံခြုံသော လိင်ဆက်ဆံမှု ဖြစ်စေဖို့ ကွန်ဒုံးကို အသုံးပြုဖို့ မမေ့ပါနဲ့။
ကွီးတို့ရေ စကီလေးနဲ့ ချစ်ကြောင်း တွေ ဖလှယ်ကြတဲ့အခါမှာ ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရစေဖို့ အတွက် အပေါ်မှာ ဖော်ပြပေးခဲ့တဲ့ အချက်လေးတွေကို ကျင့်သုံးပါ။
Source : Web MD
Featured Photo : Jordan Gray