ကျန်းမာသော အမျိုးသားတစ်ယောက်အတွက် လိင်မှုကိစ္စ မှာ စိတ်ဝင်စားတတ်ကြွတာ ပုံမှန်ပါပဲ။ လူနှစ်ဦး ခန္ဓာကိုယ်ခြင်း ဆက်သွယ်ကြတဲ့ လိင်ဆက်ဆံခြင်းက လူ့သဘာဝရဲ့ သာမာန် အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အပြုသဘောဆောင်တဲ့ စိတ်လှုပ်ရှားမှုနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အတွေ့အကြုံပဲ ဖြစ်သင့်ပါတယ်။ သို့သော်လည်း လိင်ဆက်ဆံခြင်းကို လိုက်စားလွန်းတာ၊ လိင်ဆက်ဆံရာမှာ ဆောင်ရန်ရှောင်ရန်တွေကို သတိမထား မလိုက်နာဘဲ အပျော်ကိုပဲ ဦးစားပေးပြီး စကီလေးနဲ့ ချစ်ရည်လူး မိရင်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပြီး ဆိုးဝါးတဲ့ အကျိုးသက်‌ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် စကီလေးနဲ့ ချစ်ရည်မလူးခင် သတိထားလိုက်နာရမယ့် အချက်လေးတွေကို ဒီဆောင်းပါးလေးကနေပြီး ဝေမျှပေးချင်ပါတယ်။

တစ်ယောက်အကြောင်း တစ်ယောက် သိပါစေ

စကီလေးနဲ့ ချစ်ရည်လူး

Photo : Breakup Again

အမျိုးသားတစ်ယောက်အတွက် လိင်မှုကိစ္စက အရးပါပြီး လိင်မှုကိစ္စကို ဆောင်ရွက်တာဟာ သဘာဝတရားပဲ ဖြစ်ပါတယ်။ သို့သော်လည်း ရေရှည်အတွက် လုံခြုံစိတ်ချအောင် ကိုယ့်ရဲ့ ပါတနာနဲ့ လိင်မှုကိစ္စအကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုသင့်ပါတယ်။ နှစ်ဦးသားရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ရှိ၊ မရှိနဲ့ အခြားသော ကျန်းမာရေး အခြေအနေအများအကြောင်း တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိပါစေ။ အထူးသဖြင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော (STDs) ရောဂါများနဲ့ ပတ်သတ်ပြီး ပွင့်လင်းရိုးသားမှု ရှိဖို့ လိုပါတယ်။ ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်းရှိခြင်းက လိင်ဆက်ဆံရေးမှာ အဆင်ပြေကောင်းမွန်စေသည်သာမက ကျန်းမာရေးပြဿနာများအတွက်လည်း အထိုက်အလျောက် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

အကာအကွယ် (ကွန်ဒုံး) အသုံးပြုပါ

စကီလေးနဲ့ ချစ်ရည်လူး

Photo : ZIOXX

လိင်မှုဆက်ဆံရေးမှာ များသောအားဖြင့် ကိုယ်တိုင်ရော၊ ကိုယ့်ရဲ့လက်တွဲဖော်ပါ စိတ်ကျေနပ်မှုရဖို့ ပိုပြီး အာရုံစိုက်လေ့ရှိပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာ ငယ်ရွယ်သူတော်တော်များများက လိင်ဆက်ဆံမှုမှာ အကာအကွယ် (ကွန်ဒုံး) ကို အသုံးမပြုချင်ကြပါဘူး။ ဒါဟာ တစ်ကယ်ကို ကြီးမားတဲ့ အန္တရာယ်ပါပဲ။ ကွန်ဒုံးအသုံးမပြုဘဲ လိင်ဆက်ဆံမိလျှင် မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါများ ဖြစ်ပွားဖို့ အလားအလာများပါတယ်။

အထူးသဖြင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော (STDs) ရောဂါများက ကွန်ဒုံးမပါဘဲ လိင်အင်္ဂါနဲ့ လိင်ဆက်ဆံခြင်း၊ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၊ စအိုနဲ့ လိင်ဆက်ဆံခြင်းတို့ကြောင့် အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံသည့် အခါတိုင်း အကာအကွယ် (ကွန်ဒုံး) အသုံးပြုဖို့ မမေ့ပါနဲ့။ ကွန်ဒုံးနဲ့မှ စကီလေးနဲ့ ချစ်ရည်လူး တာ စိတ်အချရဆုံးပါပဲ။

လိင်အင်္ဂါကျန်းမာရေးကို ဂရုစိုက်ပါ

Photo : The Sun

ကွီးတို့ရေ လိင်မှုရေးရာမှာ ကိုယ့်ရဲ့ ဖွားဘက်တော်လေးရဲ့ ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ လိင်အင်္ဂါတစ်ဝိုက် သန့်ရှင်းရေးကို ဂရုပြုပါ။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပါ။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် လိင်တံအရွယ်အစားကို သိသိသာသာ သက်ရောက်မှုရှိပြီး လိင်တံကို ရှည်စေကာ ကျန်းမာစေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေပါတယ်။

ဒါ့အပြင် လိင်တံနဲ့ လိင်အင်္ဂါတစ်လျှောက်၊ လိင်အင်္ဂါ လုပ်ဆောင်မှု၊ ပုံမှန်မဟုတ်တဲ့ လက္ခဏာများကို ခံစားရခြင်း၊ ဒါ့အပြင် ဆီးသွားတဲ့အခါ နာကျင်ခြင်း၊ ပုံမှန်မဟုတ်သော လိင်အင်္ဂါတွင် အဖုအထစ်များ ပေါ်ပေါက်လာခြင်း၊ သုတ်လွှတ်စဉ်အတွင်း နာကျင်မှု ခံစားရခြင်း၊ ပြင်ပမှ ထိခိုက်ဒဏ်ရာ ရရှိခြင်း စတာတွေ ကြုံတွေ့ရလျှင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။ ဒီလို လိင်အင်္ဂါမကျန်းမာတဲ့ အချိန်မှာ စကီလေးနဲ့ ချစ်ရည်လူး ဖို့ မစဉ်းစားပါနဲ့။

ကွီးတို့ရေ ရေရှည်‌ ကျန်းမာပျော်ရွှင်နိုင်ဖို့ အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေကို ဖတ်ပြီးမှ ချစ်ပါဗျာ။

Source : Hamilton Health, MAYO Clinic

Featured Photo : Break