ကွီးတို့တွေ ကွီးတို့ရဲ့ ချစ်ရဆုံးလေးတွေ မနက်ခင်း တိုင်းနီးပါးမှာ ဒီ activities လေးတွေကို အတူတူ လုပ်ကြည့်လိုက်ပါ။ နေ့တစ်နေ့ရဲ့ အစဖြစ်တဲ့ မနက်ခင်းလေးမှာ ကိုယ်ရဲ့ အချစ်ဆုံးလေးနဲ့ အရမ်း romantic ဆန်တဲ့ မနက်ခင်းလေးဖြစ်အောင် ဒီလိုလေးတွေ လုပ်ဆောင်ကြည့်လိုက်ပါ။

Photo : Stock Cake
ကိုယ့်အတွက် မနက်စာ ချက်ပြုတ်စီစဉ်ပေးနေတဲ့ ကိုယ့်အမျိုးသမီးကို စားပွဲခုံကနေ ထိုင်စောင့်နေတာထက် ကိုယ်တိုင်ပါ မနက်စာချက်နေတဲ့ အမျိုးသမီးလေးကို သွားကူညီပေးတာ ဒါမှမဟုတ်ရင်လည်း မနက်စာကို ဝိုင်းပြင်ဆင်ပေးတာတို့က ပျော်ရွှင်ချမ်းမြေ့စရာ မနက်ခင်းလေး ဖြစ်သွားရပါလိမ့်မယ်။ ကိုယ့်အမျိုးသမီးက ထမင်းကြော်ပေးနေတာမျိုး ဆိုရင်တောင် ကိုယ်ကလည်း ကော်ဖီလေး ဖျော်ပေးထားတာတို့ ထမင်းကြော်နဲ့ တွဲစားဖို့အတွက် အချဉ်လေးတွေ ပြင်ပေးထားတာမျိုးက ချစ်သူနှစ်ဦးရဲ့ မနက်ခင်း လေးကို ပိုပြီး လှပသွားစေမှာပါ။
![]()
Photo : Healthline
မနက်ပိုင်းမှာ နှစ်ယောက်အတူတူ လမ်းလျှောက်ထွက်ကြတာကလည်း တကယ့်ကို ကောင်းမွန်ပါတယ်။ ဒီတိုင်း လမ်းလျှောက်ကြတာပဲဖြစ်ဖြစ် တစ်ခုခုသွားစားရင်း လမ်းလျှောက်တာပဲဖြစ်ဖြစ် မနက်ခင်းတိုင်းကို ဒီလိုလေးတွေ ဖြတ်သန်းကြတာက ချစ်သူနှစ်ဦးအတွက် ရိုမန်တစ်လည်းဆန်သလို စိတ်ပြေလက်ပျောက်လည်း ဖြစ်တဲ့အပြင် သာယာတဲ့ မနက်ခင်းလေး အတူဖြတ်သန်းလိုက်ရတာကလည်း သိပ်ကို အဓိပ္ပါယ် ရှိစေပါတယ်။ စောစောထပြီး နေထွက်လာတာကိုပါ အတူတူကြည့်ရတာလောက် ကဗျာဆန်တာ မရှိနိုင်ပါဘူး။

Photo : Health Digest
မနက်ခင်း မှာ အတူတူ လမ်းလျှောက်တာအပြင် အတူတူ လေ့ကျင့်ခန်းတွေလည်း လုပ်နိုင်ပါသေးတယ်။ လမ်းလျှောက်တာကလည်း ကျန်းမာရေးအတွက် အထောက်အကူပြုပေမယ့် workout လုပ်တာကတော့ ပိုထိရောက်နိုင်ပါတယ်။ မနက်တိုင်းမှာ နာရီဝက်လောက် အတူတူ workout လုပ်ကြမယ်ဆိုရင် ခန္ဓာကိုယ်ကို ကျန်းမာနေအောင် ထိန်းသိမ်းပေးရာရောက်သလို ချစ်သူနှစ်ယောက် နှစ်ကာလအကြာကြီး ကျန်းကျန်းမာမာနဲ့ ဘဝကို အတူတူ ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။

Photo : Pixels Merch
နောက်ဆုံးတချက်ကတော့ သူရောကိုယ်ပါ နှစ်သက်ခဲ့ရတဲ့ သီချင်းလေးတွေ ချစ်သူနှစ်ဦးလုံးအတွက် အမှတ်တရ ဖြစ်ခဲ့တဲ့ သီချင်းလေးတွေကိုလည်း မနက်ခင်း လေးတွေမှာ ဖွင့်ထားသင့်ပါတယ်။ ဒါဆိုရင် ဒီသီချင်းလေးတွေ ကြားရတိုင်းမှာ နှစ်ယောက်လုံးရဲ့ အမှတ်တရလေးတွေကို အထင်းသား ပြန်မြင်လာရနိုင်ပါတယ်။ နောက်ပြီးတော့ နှစ်ယောက်အတူတူ အမှတ်တရတွေ ရှိခဲ့တဲ့ သီချင်းလေးတွေကိုလည်း အတူတူ ဆိုညည်းနိုင်ပါတယ်။
Featured Photo : Bliss Fulties
