ကွီးတို့ရေ… ချစ်တင်းနှော နေစဥ် ကွန်ဒုံး သုံးလည်းပဲ တချို့ရောဂါတွေက ကူးစက် တတ်ပါတယ်တဲ့ ဗျို့။

ဟုတ်ပါတယ်။ ကွန်ဒုံးတွေက လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်ပါဘူး။ အတိုင်းအတာ တစ်ခုလောက်အထိသာ ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ ကွီးတို့သာ ချစ်တင်းနှော နေစဥ်မှာ ကွန်ဒုံး တွေကို မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင်တော့ ရောဂါ ကူးစက် နိုင်ခြေကို ၉၈ ရာခိုင်နှုန်းခန့် ကာကွယ်ပေးပါတယ်။ ကျန် ၂ ရာခိုင်နှုန်းကတော့ ကွန်ဒုံး ပေါက်ပြဲသွားတဲ့ အခြေအနေတွေကြောင့် ဖယ်ထားရတာပြဖြစ်ပါတယ်။ ဒါ့အပြင် တချို့ကွီးတို့က ကွန်ဒုံးကို သုံးတော့ သုံးပါရဲ့၊ သုံးရမယ့်အချိန်မှာ မသုံးဘဲ နောက်ကျမှ သုံးတာမျိုး (သို့) ကွန်ဒုံး ချွတ်တဲ့အခါမှာလည်း နည်းစနစ် မမှန်ရင်လည်း အချည်းနှီးပါပဲ။

လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေက ဘာတွေလဲ

STDs

လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို အဓိကအားဖြင့် နှစ်မျိုး နှစ်စား ခွဲခြားထားနိုင်ပါတယ်။ အရေပြား ထိတွေ့ခြင်းမှတဆင့် ကူးစက်ခြင်းနဲ့ ခန္ဓာကိုယ်တွင်းရှိ အရည်များမှတဆင့် ကူးစက်ခြင်း ဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားထားပါတယ်။

အရေပြားချင်း ထိတွေ့ခြင်းမှ ကူးစက်တတ်တဲ့ ရောဂါ အမျိုးအစားများကတော့ HPV ၊ Herpes Simplex Virus (HSV) ၊ Trichomoniasis ၊ Syphilis ခေါ် ကာလသားရောဂါနှင့် Molluscum Contagiosum အစရှိတဲ့ ရောဂါများပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်တွင်းရှိ အရည်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကတော့ HPV ၊ HSV ၊ Trichomoniasis ၊ HIV ၊ ကလိုင်မီးဒီးယား (Chlamydia) ၊ ဆီးပူညောင်းကျရောဂါ (Gonorrhea) နှင့် Hepatitis B တို့ပဲဖြစ်ပါတယ်။

ထိုရောဂါများ ကူးစက်ခြင်းကို ဘယ်လိုမျိုး လျော့ချကြမလဲ

ချစ်တင်းနှော ကူးစက်

ကွီးတို့ ကိုယ်တိုင်ရဲ့ ကျန်းမာရေး ရာဇဝင်နဲ့ ကွီးတို့ ပါတနာရဲ့ ကျန်းမာရေး ရာဇဝင်ကိုပါ သိထားဖို့ လိုအပ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များရဲ့ အကြံပေးချက်အရ ကွီးတို့က မကြာခဏ ချစ်တင်းနှောလေ့ ရှိတဲ့သူဆိုရင်တော့ တစ်နှစ်လျှင် တစ်ကြိမ်ခန့် ပုံမှန် စစ်ဆေးမှု ခံယူသင့်တယ်လို့ ပြောကြားထားပါတယ်။ ဒီကြားထဲမှာမှ ပါတနာ အသစ်နဲ့ ချစ်တင်းနှော ခဲ့ရင်လည်း ချက်ချင်း ဆေးစစ်သင့်ပါတယ်။

ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ရှော်တီလေးကို ဆေးစစ်ဖို့ တိုက်တွန်းတဲ့အခါမှာလည်း အလိမ္မာသုံးပြီး ပြောဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင် တစ်ဖက်သားမှာလည်း အောင့်သက်သက်နဲ့ စော်ကားခံရတဲ့ ခံစားချက်မျိုး ဖြစ်သွားပါလိမ့်မယ်။ ကွီးတို့အနေနဲ့ ပြောလို့ရတဲ့ နည်းလမ်းပေါင်း များစွာ ရှိပါတယ်။

ဥပမာ ကွီးတို့ အရင် ဆေးစစ်ထားပြီး ဆေးစစ်ချက်သွားယူတဲ့အချိန်မှာ သူ့ကိုပါ ကျန်းမာရေးအရ စစ်ကြည့်ပါလား ဆိုပြီး စိတ်ပါလာအောင် ဆွဲဆောင်နိုင်သလို အတူတူ သွားပြီး ဆေးစစ်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်တို့တွေ ချစ်တင်းမနှောခင် ဆေးအရင် စစ်ထားရအောင် ဆိုပြီးလည်း ပြောနိုင်ပါတယ်။ ဒါကိုမှ ဆေးမစစ်နိုင်ဘူးဆိုပြီး ဘူးခံ ငြင်းနေရင်တော့ ကွီးတို့ ကြည့်ကြပ်သာ ဖြေရှင်းလိုက်ကြပါတော့။

ကိုယ့်ရဲ့ တစ်ဘဝလုံးကို တစ်ခဏတာ ပျော်ရွှင်မှုနဲ့ လဲချင်ရင်လည်း ကွီးတို့ သဘောပါပဲ။

Source: Healthline.com

Featured Image: Powertodecide.org