အိပ်ရာထဲမှာ ချစ်သူပါတနာကို စိတ်ကျေနပ်စေတဲ့အထိ စွမ်းဆောင်မှု ကောင်းကောင်းပေးနိုင်ဖို့က စုံတွဲတွေကြား အရေးကြီးဆုံး လိုအပ်ချက်တစ်ခုပါ။ အမျိုးသမီးတစ်ယောက်ကို စိတ်ကျေနပ်မှု ပြည့်ပြည့်ဝဝပေးနိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့လှုံ့ဆော်မှုတွေက အရေးကြီးသလို စိတ်ပိုင်းဆိုင်ရာ အချိတ်အဆက် မိဖို့ကလည်း မေ့ထားလို့ မရပါဘူး။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ သင့်ချစ်သူပါတနာနဲ့ သင့်ကြားမှာ Foreplay အပါအဝင် စိတ်ချင်းအချိတ်အဆက်မိမိနဲ့ ဆရာကျကျ ချစ်တင်းနှော နိုင်ဖို့ သိထားသင့်တဲ့ လျို့ဝှက်ချက် အချို့ကို မျှဝေပေးချင်ပါတယ်။

(၁) စိတ်ချင်းရင်းနှီးမှုကို တည်ဆောက်ပါ

Couple

Photo : Conway Medical Center

ချစ်တင်းနှော တဲ့အခါ နှစ်ဦးသား စိတ်ကျေနပ်မှု အပြည့်အဝရစေဖို့ဆိုရင် စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုကို တည်ဆောက်ဖို့ လိုပါတယ်။ တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်တာ ၊ ရုပ်ပိုင်းဆိုင်ရာ ချီးကျုးမှုလေးတွေ ပြောပေးတာ ၊ တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းစွာ စကားစမြည်ပြောဆိုတာ စတဲ့ အချက်တွေနဲ့ အရင်ဆုံး နှစ်ဦးကြားက စိတ်ချင်းရင်းနှီးမှုကို ရယူဖို့ လိုပါတယ်။ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုရှိတာဟာ လုံခြုံစိတ်ချရပြီး ပိုမိုပြီးပြည့်စုံတဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံကို ရရှိခံစားရစေမှာ ဖြစ်ပါတယ်။

(၂) အချိန်ယူပါ

Couple

Photo : Muscle & Fitness

ချစ်တင်းနှော တယ်ဆိုတာဟာ တစ်ဆင့်ချင်း တစ်ရစ်ချင်း လှုပ်ရှားကစားရတဲ့ ချိုမြိန်တဲ့ အချစ်ဂိမ်းတစ်ခုပါ။ အလောတကြီး အလျင်စလို လုပ်ဖို့ မလိုအပ်ပါဘူး။ ပွေ့ဖက်နမ်းရှုံ့တာ ၊ ပွတ်သပ်နှိုးဆွပေးတာတွေအပါအဝင် Foreplay အဆင့်ကို သေချာအချိန်ယူ လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ပါတနာရဲ့ ခန္ဓာကိုယ်ကို လေ့လာခြင်းဖြင့် သူမရဲ့ နှစ်သက်မှု အကြိုက်တွေကို အချိန်ယူရှာဖွေပြီး ဖြည်းဖြည်းနဲ့ နှေးနှေး သွားမယ်ဆိုရင် သူမအတွက်တော့ ပြီးပြည့်စုံတဲ့ ခံစားမှုကို အပြည့်အဝ ရစေမှာ အသေအချာပါပဲ။

(၃) လျှာ/နှုတ်ခမ်းလေးနဲ့ ကစားပေးပါ

Couple

Photo : Romper

ဆရာကျကျ အချစ်တွေ ပေးတော့မယ်ဆိုရင် သင့်ရဲ့ လျှာ/နှုတ်ခမ်းလေး တွေကို အထာကျကျ သုံးတက်ဖို့ လိုပါမယ်။ သူမအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုနဲ့ အံ့ဩစရာကောင်းတဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်ဖို့ သင့်ရဲ့ လျှာ/နှုတ်ခမ်းလေးတွေက အဓိကကျပါတယ်။ အမျိုးသမီးတွေမှာ ခံစားမှု အမြင့်ဆုံးလို့ ပြောရမယ့် လည်တိုင် ၊ ရင်ညွှန့် ၊ ဗိုက်သားပြင်လေးနဲ့ လက်ကောက်ဝတ်လို နေရာတွေကို လျှာ/နှုတ်ခမ်းလေးတွေ သုံးပြီး အနမ်းတွေခြွေမယ်ဆိုရင် သူမအတွက်တော့ ပန်းတွေဝေတဲ့ ခံစားချက်ကို အမှန်အကန် ရစေမှာ ဖြစ်ပါတယ်။

(၄) မတူညီတဲ့ အနေအထားတွေ ပြောင်းလဲခရီးဆက်ပါ

Couple

Photo : Promescent

အပွတ်အသပ် အနမ်းရှုံ့တွေနဲ့အတူ ကောင်းကောင်းနှိုးဆွပြီးလို့ ပါတနာကို ပန်းတွေဝေစေပြီးပြီဆိုရင်တော့ နောက်တဆင့်ကို တက်ပြီး လုပ်ငန်းစရပါတော့မယ်။ ဒီနေရာမှာ သိကိုသိထားရမှာက Position အနေအထားကို အပြောင်းအလဲ လုပ်ပြီး နှစ်ပါးသွားဖို့ပါ။ Position တစ်ခုတည်းနဲ့ပဲ ခရီးအဆုံးအထိ မသွားစေပဲ မတူညီတဲ့ အပြောင်းအလဲလေးတွေ ဖန်တီးလုပ်ဆောင်ပေးတာက အမျိုးသမီးတွေကို ပိုမိုရင်ခုန်စိတ်လှုပ်ရှားစေရုံမက နှစ်ဦးလုံးအတွက်ပါ တမူထူးခြားတဲ့ အထွတ်အထိပ် ခံစားမှုကို ရစေမှာ ဖြစ်ပါတယ်။

Source : My Fit Brain

Featured Photo : VOI