ကွီးတို့ရဲ့ ရှော်တီလေးနဲ့ ချစ်တင်းနှော တဲ့အခါ ကောင်းမွန် တဲ့ ပါတနာဖြစ်ဖို့အတွက် ကြိုးစားနေရပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြမယ့် အချက်များကို လိုက်လုပ်ကြည့်ပြီး ကွီးတို့ ရှော်တီလေးရဲ့ အချစ်တွေကို သိမ်းကြုံးရယူနိုင်ပါတယ်။

အတင်းအကြပ် မလုပ်ပါနဲ့

couple

ဘယ်လောက်ပဲ ချစ်လှတယ်ပြောပြော၊ ဘယ်လောက်ပဲ လင်ရယ် မယားရယ် ဖြစ်တယ်ပဲဆိုဆို တစ်ယောက်က စိတ်မပါရင် အတင်းအကြပ် မလုပ်ယူတာ အကောင်းဆုံးပါပဲ။ အတင်းအကြပ် လုပ်ယူမယ့်အစား တစ်ဖက်က စိတ်ပါလာအောင် ကြိုးစားယူနိုင်ပါတယ်။ Foreplay လို့ ခေါ်တဲ့ ပွတ်သီးပွတ်သပ် ပြုလုပ်ပြီး ကွီးတို့ ပါတနာ စိတ်ပါလာအောင် လှုံ့ဆော်ပေးရတဲ့ နည်းလမ်းကလည်း အတင်းအကြပ် လုပ်ယူတာမျိုး မဖြစ်ရအောင် ကူညီပေးနိုင်ပါတယ်။

တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ

ချစ်တင်းနှော ကောင်းမွန်

လူတိုင်း လူတိုင်းအတွက် တစ်ကိုယ်ရည် သန့်ရှင်းရေးက အရေးအကြီးဆုံးပါပဲ။ ချစ်တင်းနှော မယ်ဆိုမှ ကောင်းမွန် တဲ့ ပါတနာ ဖြစ်ဖို့အတွက် တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်တာမျိုး မဟုတ်ဘဲ နေ့စဥ်ဘဝမှာလည်း တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။​ အထူးသဖြင့် ကွီးတို့ရဲ့ လူမြင်မခံတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများကို သေချာ ဂရုစိုက်ပြီး အနံ့အသက်ကင်းအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ချစ်တင်းနှောတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရှိနဲ့ ချစ်တင်းနှော နိုင်မှာပဲ ဖြစ်ပါတယ်။

ကျန်းမာရေးအတွက်လည်း ထည့်စဥ်းစားပါ

ချစ်တင်းနှော ကောင်းမွန်

ချစ်တင်းနှောမယ်လို့ စီစဥ်လိုက်တာနဲ့ ကွီးတို့ နှစ်ယောက်စလုံးရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထည့်သွင်းစဥ်းစားဖို့ လိုအပ်လာပါပြီ။ ကွီးတို့ နှစ်ယောက်အတွက်ပဲဖြစ်ဖြစ်၊ ကွီးတို့ရဲ့ မျိုးဆက်သစ်အတွက်ပဲဖြစ်ဖြစ် ထည့်စဥ်းစားဖို့ လိုအပ်ပါတယ်။ မျိုးဆက်သစ်ကို မွေးဖွားဖို့အတွက် အစီအစဥ် မရှိသေးဘူးဆိုရင်လည်း ဘယ်လို အစီအစဥ်တွေ ရှိမလဲဆိုတာ သေချာ စဥ်းစားထားဖို့ လိုအပ်ပါတယ်။ ကွန်ဒုံးပဲ အသုံးပြုမလား၊ တားဆေးတွေပဲ အသုံးပြုမလား၊ လက်မောင်းထဲ ထည့်ထားတဲ့ နည်းလမ်းကို ရွေးချယ်မလား စဥ်းစားထားသင့်ပါတယ်။ ရေရှည်အတွက် အဆင်အပြေဆုံး နည်းလမ်း၊ ကျန်းမာရေးကိုလည်း မထိခိုက်မယ့် နည်းလမ်းကို စဥ်းစားထားဖို့ လိုအပ်ပါတယ်။

ချစ်တင်းနှောတာက တစ်စိတ်တစ်ပိုင်းပါပဲ

ချစ်တင်းနှော ကောင်းမွန်

ချစ်တင်းနှောခြင်းက ကွီးတို့ရဲ့ ဘဝတစ်ခုလုံး မဟုတ်ပါဘူး။ ဘဝရဲ့ လုပ်ငန်းစဥ် အများအပြားထဲကမှ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ချစ်တင်းနှောနေစဥ် တစ်စုံတစ်ခု အဆင်မပြေခဲ့တာရှိခဲ့ရင် နှစ်ဦးသား ပွင့်ပွင့်လင်းလင်း တိုင်ပင် ညှိနှိုင်းကာ ဘယ်လို အဆင်ပြေအောင် လုပ်ဆောင်မလဲဆိုတာကို အဖြေထုတ်ရမှာ ဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ်ကိုယ်တိုင်က ကောင်းမွန်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လို ကြိုးစားနေပါသလဲ။

Source: Mensjournal

Featured Image: Med-decisions