ဖဲမွေ့ရာထက်မှာ ကွီးတို့ရဲ့ ရှော်တီလေးနဲ့ ချစ်တင်းနှော နေစဥ်မှာ ပါဖောမန့်စ် ကောင်း အောင် ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ မသိလို့ ညစ်နေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါ။ ကွီးတို့ ကြုံတွေ့နေရတဲ့ အခက်အခဲများအားလုံး ပြေလည်သွားပါလိမ့်မယ်။

လေ့ကျင့်ခန်း ပြုလုပ်ပါ

man exercise

ကွီးတို့ရဲ့ ချစ်တင်းနှော စဥ် ပါဖောမန့်စ် တွေ ကောင်းဖို့အတွက်ဆိုရင်တော့ တစ်ပတ်လျှင် လေ့ကျင့်ခန်းများကို ၇၅ မိနစ်မှ ၁၅၀ မိနစ်အထိ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရေကူးခြင်းနှင့် ပြေးခြင်း လေ့ကျင့်ခန်းတို့သည် ကွီးတို့ကို သက်လုံကောင်းကာ အမောခံနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အချိန်ကြာကြာ ထိုင်နေခြင်းမှလည်း ရှောင်ကြဥ်ဖို့ လိုအပ်ပါတယ်။

ဒီအစားအစာတွေကို စားပါ

man eating

ကာဘိုဟိုက်ဒြိုက် ကြွယ်ဝတဲ့ အစားအစာများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊ ဆော်လမွန်ငါး၊ ဥအမျိုးမျိုး၊ အိုမီဂါ သရီး ဖက်တိ အက်ဆစ်ဓာတ် ကြွယ်ဝတဲ့ အစားအစာများ၊ ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာများ အစရှိတဲ့ အစားအစာတွေကို စားသုံးဖို့ လိုအပ်ပါတယ်။

ကွီးတို့ ခန္ဓာကိုယ်ထဲမှာ Melatonin ပမာဏ မြှင့်တက်အောင် လုပ်ဆောင်ပါ

ချစ်တင်းနှော ကောင်း

Melatonin ဟော်မုန်းသည် ကွီးတို့ကို အိပ်ပျော်အောင် ကူညီပေးတဲ့အပြင် အခြားသော အကျိုးကျေးဇူးများ ရရှိအောင်လည်း ကူညီပေးပါတယ်။ တကယ်လို့ ထိုဟော်မုန်းက လျော့နည်းနေမယ်ဆိုရင်တော့ ကွီးတို့ဆီမှာ ပန်းသေ ပန်းညှိုးတဲ့အဖြစ်မျိုး ကြုံတွေ့ရနိုင်တယ်လို့ ၂၀၁၈ ခုနှစ်က လေ့လာထားတဲ့ လေ့လာချက်အရ သိရှိရပါတယ်။

ကွီးတို့ ခန္ဓာကိုယ်က Melatonin ဟော်မုန်းသည် အလိုအလျောက် ထွက်ရှိတာဖြစ်ပြီး Pistachios လို့ခေါ်တဲ့ အစားအစာ စားသုံးခြင်းအားဖြင့်လည်း ထိုဟော်မုန်း မြှင့်တက်လာအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါမှမဟုတ် ဖြည့်စွက်အစားအစာများ၊ အားဆေးများ သောက်သုံးကာ Melatonin မြင့်တက်လာအောင် လုပ်ဆောင်နိုင်ပါတယ်။

စိတ်ဖိစီးမှုများကို လျော့ချပါ

ချစ်တင်းနှော ကောင်း

စိတ်ဖိစီးမှုများက ကွီးတို့ခန္ဓာကိုယ်ထဲရှိ Libido လို့ခေါ်တဲ့ ကျားဟော်မုန်းကို လျော့ကျစေနိုင်ပါတယ်။ ဒါတက်မကသေးပါဘူး။ စိတ်ဖိစီးမှုကြောင့် နှလုံးခုန်နှုန်းကလည်း မြန်လာပြီး သွေးပေါင်ချိန်တွေလည်း ဆောင့်တက်လာပါလိမ့်မယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ စိတ်ဖိစီးမှုများကို လျော့ချပေးဖို့ လိုအပ်ပါလိမ့်မယ်။

လက်သိုင်းကျင့်ပါ

ချစ်တင်းနှော ကောင်း

တကယ်လို့ ကွီးတို့က ဖဲမွေ့ရာထက်မှာ ချစ်တင်းနှော ဖို့ အချိန်ကြာကြာ မစွမ်းဆောင်နိုင်ဘူး၊ ပါဖောမန့်စ် ကောင်း ကောင်း မပြသနိုင်ဘူးဆိုရင်တော့ အလေ့အကျင့်ကောင်းတွေ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ဘယ်လိုအလေ့အကျင့်မျိုးလဲဆိုတော့ တစ်ယောက်တည်း လက်သိုင်းကျင့်တဲ့ အလေ့အကျင့်ပဲ ဖြစ်ပါတယ်။ လက်သိုင်းကျင့်ခြင်းက ကွီးတို့ကို ဖဲမွေ့ရာထက်မှာ ပါဖောမန့်စ် ကောင်းအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ သင်ကြားပေးပါလိမ့်မယ်။

ကွီးတို့ရော သက်လုံကောင်းပြီး အချိန်ကြာကြာ ချစ်တင်းနှောနိုင်ဖို့ ဘယ်လိုမျိုး ကြိုးစားလေ့ရှိပါသလဲ။

Source: Healthline

Featured Image: Healthline