ချစ်တင်းနှော တဲ့အခါ ကြိုတင်နှိုးဆွမှုလို့ ခေါ်တဲ့ Foreplay အဆင့်ကို သေချာအချိန်ပေး လုပ်ဆောင်ဖို့ လိုတယ်လို့ ပြောကြတာ မကြာခဏကြားဖူးကြမယ် ထင်ပါတယ်။ Foreplay ဆိုတာ ထိုးသွင်းဆက်ဆံမှုမပြုမီ အနမ်းအရှုံ ၊ အထိအတွေ့ ၊ အပွတ်အသပ်တွေနဲ့ နှစ်ဦးသားရဲ့အာရုံခံစားမှုကို နှိုးဆွတဲ့ အဆင့်ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ဘာကြောင့် ချစ်တင်းနှောတဲ့အခါ ကြိုတင်နှိုးဆွမှုက အရေးကြီးတယ် ဆိုတာပြောပြပေးချင်ပါတယ်။

(၁) စိတ်ခံစားချက်တွေကို ရယ်ဒီဖြစ်စေတယ်

Couple

Photo : Play Safe – NSW Government

Foreplay အဆင့်ရဲ့ အရေးပါမှုတွေထဲကတစ်ခုမှာ ချစ်တင်းနှော ဖို့အတွက် စိတ်ခံစားတွေကို အဆင်သင့်ဖြစ်စေဖို့ အထောက်အကူပြုတာပါ။ တစ်ခါတစ်လေမှာ လိင်မှုကိစ္စ လုပ်ဆောင်ဖို့အတွက် စိတ်ခံစားချက်တွေ ရယ်ဒီမဖြစ် ၊ မုမဝင်တဲ့ အချိန်မျိုးတွေ ရှိတက်ပါတယ်။ ဒီအချိန်မှာ ကြိုတင်နှိုးဆွမှု ပြုလုပ်တဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အဆင့်သင့်ဖြစ်စေရုံသာမက ချစ်တင်းနှော ဖို့အတွက် စိတ်ခံစားမှုတွေကိုလည်း ပြင်ဆင်ပေးရာ ရောက်ပါတယ်။

(၂) နှစ်ဦးကြား ရင်းနှီးမှုတိုးစေတယ်

Couple

Photo : Verywell Mind

ချစ်တင်းနှော ချိန်မှာ သင်နဲ့ သင့်ပါတနာကြား ရင်းနှီးမှုနဲ့ အချိတ်အဆက် မိကဖို့လည်း အရေးကြီးပါတယ်။ Foreplay ပြုလုပ်တာက နှစ်ဦးသားရဲ့ စိတ်ခံစားချက်တွေကို ဖွင့်ဟထုတ်ပြမိစေပြီး ပိုရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု ရရှိစေနိုင်ရုံသာမက တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှနဲ့ သာယာပျော်ရွှင်ဖွယ် အခိုက်အတန့်ကောင်းတစ်ခုက ပိုင်ဆိုင်နိုင်စေဖို့ အထောက်အကူ ပြုပါတယ်။

(၃) ရင်ခုန်စိတ်လှုပ်ရှားမှု ပိုရှိစေတယ်

couple

Photo : The Adventure Challenge

Foreplay လုပ်ဆောင်တာက တစ်ယောက်နဲ့တစ်ယောက် ရင်ခုန်ခြင်း ချစ်ခြင်းသံစဉ်တွေကို အကောင်းမွန်ဆုံး နှိုးဆွပေးရာ ရောက်ပါတယ်။ Foreplay အဆင့်ဟာ ပြောရရင် ချစ်တင်းနှော မှုအပေါ် စိတ်ဝင်စားဖွယ်ရာ ဖြစ်စေပြီး မတူညီတဲ့ စိတ်ခံစားမှု ၊ စိတ်လှုပ်ရှားမှုတွေ အများကြီးကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ မတူညီတဲ့ အနမ်းတွေ ၊ မတူညီတဲ့ နေရာအပြောင်းအလဲတွေ ၊ လူကြီးကစားစရာတွေနဲ့ အိပ်ရာအပြင်အဆင်တွေကိုပြောင်းလဲပြီး ပိုမို စိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့်တွေ ဖန်တီးနိုင်ပါတယ်။

(၄) အထွတ်အထိပ် ခံစားမှုရစေတယ်

Couple

Photo : Grid.ID

Foreplay လုပ်ဆောင်ခြင်းက ချစ်တင်းနှော ချိန်မှာ အထွတ်အထိပ် ခံစားမှုကို ပြည့်ပြည့်ဝဝ ရရှိစေဖို့လည်း အထောက်အကူ ဖြစ်စေပါတယ်။ ဒီလို ကြိုတင်နှိုးဆွပေးတာဟာ နှစ်ဦးသား ရင်ဘတ်ချင်းပိုမို နီးကပ်စေပြီး တစ်ယောက်နဲ့တစ်ယောက်ရဲ့ လိုအင်ဆန္ဒတွေ ၊ စိတ်ခံစားမှုတွေကို ပိုမိုထိုးထွင်း သိမြင်နိုင်သလို ရှိန်နေတာ ၊ ကြောက်ရွံ့စိတ်ဖြစ်ပေါ်နေတဲ့ မကောင်းတဲ့ ခံစားချက်တွေကို လျှော့ကျစေတဲ့အတွက် ချစ်တင်းနှောတဲ့အခါမှာ ခံစားချက် ပိုကောင်းပြီး အထွတ်အထိပ် ခံစားမှုကို အတူတကွ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

Source : My Fit Brain

Featured Photo : VOI