ချစ်တင်းနှော တဲ့အခါ သင်နဲ့ သင့်ပါတနာ နှစ်ဦးလုံး အပေးအယူမျှမျှနဲ့ လုပ်ဆောင်မှသာ ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ အခိုက်အတန့်ကောင်းတစ်ခုကို ရရှိနိုင်မှာပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကျွန်တော်တို့ ယောကျ်ားလေး အများစု အိပ်ရာပေါ်မှာ သတိမထားမိပဲ လုပ်မိတက်ကြတဲ့ အမှားတွေ ရှိပါတယ်။ အိပ်ရာပေါ်က အမှားတွေဟာ ဘာရယ်မဟုတ်ဘူး ထင်ရပေမယ့်လည်း တကယ်တမ်းကျ နှစ်ဦးလုံးရဲ့ အထွတ်အထိပ် ခံစားမှုကို ပျက်ပြားစေပြီး သာယာပျော်ရွှင်မှု လျှော့ကျစေတက်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ချစ်တင်းနှော‌တဲ့အခါမှာ ကွီးတို့ သတိထား ရှောင်ရှားသင့်တဲ့ အမှားတွေကို ပြောပြပေးချင်ပါတယ်။

(၁) စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုကို မေ့ထားတာ

couple in bed

Photo : The Noun Project

ချစ်တင်းနှော တဲ့အခါ ပြည့်စုံမျှတတဲ့ သာယာပျော်ရွှင်ဖွယ် အခိုက်အတန့်ကို ရရှိဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့တွေကိုပဲ ဦးစားပေး လုပ်ဆောင်နေရုံနဲ့ မလုံလောက်ပါဘူး။ သင်နဲ့သင့်ပါတနာ နှစ်ဦးကြားမှာ လုံလောက်တဲ့ စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုရှိဖို့လည်း အရေးကြီးပါတယ်။ နှစ်ဦးသား တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပွင့်လင်းမှုရှိတဲ့ ဆက်ဆံရေး ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် ခံစားချက်ချင်း အချိတ်အဆက်မိမိရှိတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်မှသာလျှင် ကောင်းမွန်တဲ့ ခံစားမှုစိတ်အာရုံကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပြီး ပျော်ရွှင်ကြည်နူးစရာ အချိန်ကောင်းတစ်ခုကို လက်တွဲညီညီ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

(၂) ပါတနာရဲ့ လိုအင်ဆန္ဒတွေကို မျက်ကွယ်ပြုတာ

couple in bed

Photo : Pexels

ချစ်တင်းနှော ချိန်မှာ ခံစားမှုအကောင်းဆုံး ဖြစ်ဖို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက်ရဲ့ လိုအင်ဆန္ဒတွေ ၊ အကြိုက်တွေကို ဖလှယ်ရင်း ပျော်ပျော်ပါးပါး ခရီးဆက်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ ကိုယ့်အကြိုက် ၊ ကိုယ့်လိုအင်တွေကို ရှေ့တန်းတင်နေရင် ပါတနာအတွက် စိတ်ပျက်စရာဖြစ်စေမှာပါ။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေ ၊ လိုချင်တဲ့အရာတွေက ကွဲပြားတက်တာမို့ သင်ဘာလိုချင်တယ်ဆိုတာကို ပြောပြတောင်းဆိုသင့်သလို ၊ သင့်ပါတနာရဲ့ လိုအပ်တွေကိုလည်း ပွင့်လင်းစွာမေးမြန်းပြီး ဖြည့်ဆည်းပေးဖို့ အရေးကြီးပါတယ်။

(၃) လုပ်ရိုးလုပ်စဉ်ကြီးတစ်ခုလိုပဲ အမြဲလုပ်နေတာ

Photo : City Magazine

ချစ်တင်းနှော တယ်ဆိုတာ တကယ်တော့ အနုပညာတစ်ခုလို့ ပြောရင်မမှားနိုင်ပါဘူး။ အမြဲတမ်း ပုံမှန်တစ်သတ်မှတ်တည်း လုပ်ရိုးလုပ်စဉ်ကြီးတစ်ခုလို သွားနေမယ်ဆိုရင် ပျင်းရိငြီးငွေ့စရာ ဖြစ်လာမှာပါ။ ဒါကြောင့် မတူညီတဲ့ အသစ်အဆန်းတွေ ၊ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်ဖို့ကိုလည်း သေချာပေါက် စဉ်းစားသင့်ပါတယ်။

(၄) အလောတကြီး နှစ်ပါးသွားတာ

couple in bed

Photo : 96.5 KISS-FM

ချစ်တင်းနှောမယ်ဆိုရင် ဘယ်လိုအကြောင်းပြချက်မျိုးကြောင့်မှ အလောတကြီး လုပ်ဆောင်ဖို့မသင့်ပါဘူး။ သေချာအချိန်ယူပြီး ခရီးဆက်မှသာလျှင် သင်ရောသင့်ပါတနာ နှစ်ဦးလုံး ခံစားချက် အထွတ်အထိပ်ကို ဖြစ်ဖြစ်မြောက်မြောက် ရောက်ရှိနိုင်မှာပါ။ အတူမနေခင်မှာ နှစ်ဦးသားရဲ့ ခံစားချက်တွေ အဆင်သင့်ဖြစ်နေစေဖို့ သေချာအချိန်ယူ ပြင်ဆင်သင့်သလို ကနဦးအဆင့် Foreplay ကိုလည်း အချိန်ပေးလုပ်ဆောင် သင့်ပါတယ်။ ချစ်တင်းနှော တယ်ဆိုတာ မာရသွန်ပြိုင်ပွဲတစ်ခု မဟုတ်တာတော့ ကွီးတို့ နားလည်လက်ခံထား ရပါမယ်။

Source : Times Of India

Featured Photo : Relax