ချစ်တင်းနှော နေစဥ်အတွင်းမှာ အကာအကွယ်သည် မဖြစ်မနေ အသုံးပြုသင့်သလို ချောဆီ ကလည်း လိုအပ်ပါက အသုံးပြုသင့်ပါတယ်။ ချစ်တင်းနှော နေစဥ်မှာ ချောဆီ ကို အသုံးပြုသင့်တဲ့ အကြောင်းအရင်းများ ရှိပါတယ်။ ဘာ့ကြောင့် အသုံးပြုသင့်သလဲ၊ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲဆိုတာကို ကွီးတို့ စိတ်ပါဝင်စားတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်လက်ဖတ်ရှု ကြည့်လိုက်ပါ။

(၁) မည်သူမဆို အသုံးပြုနိုင်ခြင်း

မည်သူမဆို အသုံးပြုနိုင်ခြင်း

ချောဆီကို ယောကျာ်း မိန်းမ မရွေး အသုံးပြုနိုင်ပါတယ်။ ကွီးတို့ ချစ်တင်းနှော နေစဥ်ပဲဖြစ်ဖြစ်၊ တစ်ယောက်တည်း လက်သိုင်းကျင့်ရင်ပဲဖြစ်ဖြစ် ချောဆီကို အသုံးပြုနိုင်ပါတယ်။ ချောဆီ အမျိုးအစားများသည် ရေ ဖြင့် ပြုလုပ်ထားတဲ့ ချောဆီ၊ ဆီလီကွန်ဖြင့် ပြုလုပ်ထားတဲ့ ချောဆီဆိုပြီး အမျိုးအစား အမျိုးမျိုးရှိတဲ့အနက် ကွီးတို့ နှစ်သက်ရာကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။

(၂) စိတ်အစဥ်ကို ပိုမို ကြည်နူးစေခြင်း

ချစ်တင်းနှော ချောဆီ

ချောဆီများသည် အနံ့အမျိုးမျိုးရှိတဲ့အပြင် ကွီးတို့က နွေးနွေးလေးကို ကြိုက်သလား၊ အေးမြတာလေးကို ကြိုက်သလား၊ ကွီးတို့ ကြိုက်နှစ်သက်ရာကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ အချို့သော ချောဆီများသည် ကွီးတို့ရဲ့ အထွတ်အထိပ် ရောက်ခြင်း၊ ပြီးမြောက်ခြင်းကို နှောင့်နှေးစေတဲ့အတွက်ကြောင့် ကွီးတို့သည် (၃) မိနစ် ယမ်ယမ် ခေါက်ဆွဲလို့ အပြောခံရမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။ တကယ်လို့ ကွီးတို့က အကာအကွယ်လည်း အသုံးပြုမယ်၊ ချောဆီလည်း အသုံးပြုမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ချစ်တင်းနှောတဲ့အခါ စိတ်အစဥ်ကို ပိုမို ကြည်နူးစေပါတယ်။

(၃) နာကျင်မှုကို သက်သာစေခြင်း

ချစ်တင်းနှော ချောဆီ

ချစ်တင်းနှော စဥ်မှာ ကွီးတို့ ရှော်တီလေးရဲ့ မိန်းမကိုယ်ကနေ သဘာဝ ချောဆီတွေ မထွက်တဲ့အခါ နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။ ကွီးတို့ ညီလေးရာ ကွီးတို့ ရှော်တီလေးရဲ့ ညီမလေးရော နာကျင်နိုင်ရတဲ့ အတွက်ကြောင့် ချောဆီကို အသုံးပြုပေးဖို့ လိုအပ်ပါတယ်။

(၄) အနောက်တံခါးဝအတွက် ကောင်းမွန်စေခြင်း

ချစ်တင်းနှော ချောဆီ

ကွီးတို့ စုံတွဲက ပုံမှန်အတိုင်း ချစ်တင်းနှော ရတာကို ငြီးငွေ့လာပြီ အသစ်အဆန်းမျိုး ထွင်ချင်တယ်ဆိုပြီး အနောက်တံခါးဝကို ဖွင့်တဲ့အခါမျိုးမှာ ချောဆီက မဖြစ်မနေ အသုံးလိုလာပါပြီ။ အနောက်တံခါးဝက အရှေ့တံခါးဝနဲ့ မတူပါဘူး။ ချစ်တင်းနှောစဥ်မှာ သဘာဝ ချောဆီတွေ မထွက်တဲ့အတွက်ကြောင့် ချောဆီကို မဖြစ်မနေ အသုံးလိုလာပါပြီ။ ဒါ့အပြင် အနောက်တံခါးဝကနေ ချစ်တင်းနှောတဲ့အခါ အကာအကွယ်ကိုလည်း မဖြစ်မနေ အသုံးပြုသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အနောက်တံခါးဝမှာရှိတဲ့ အလေးသွားတဲ့အခါ စွန့်ထုတ်တဲ့ ဘက်တီးရီးယားပိုးတွေက အဲ့နေရာမှာ ခိုအောင်းနေတာ ဖြစ်ပါတယ်။​ တကယ်လို့ အကာအကွယ်မသုံးဘဲ ချစ်တင်းနှောမယ်ဆိုရင် ကွီးတို့ရဲ့ ဆီးလမ်းကြောင်းထဲသို့ ပိုးဝင်နိုင်ပြီး ထိုမှတဆင့် ဆီးအိတ်နဲ့ ကျောက်ကပ်တို့ကို ပိုးကူးသွားနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ချစ်တင်းနှော နေစဥ်မှာ ချောဆီကို အသုံးပြုသင့်တဲ့ အကြောင်းအရင်းကို သိရှိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။

Source: Ippf.org

Featured Image: Amazon