အိပ်ရာပေါ်က ကိစ္စနဲ့ပတ်သက်ရင် လူတိုင်းမှာ ငိုရခက်ရယ်ရခက် အခိုက်အတန့်တွေ ရှိကြပါတယ်။ ဆိုလိုတာကတော့ ဘယ်လောက်ပဲ အတွေ့အကြုံ များပါတယ်ပြောပြော ချစ်တင်းနှော တဲ့အခါ အဆင်မပြေမှုလေးတွေ အတိုင်းအတာတစ်ခုအထိ အမြဲရှိနေတက်တာပါ။ ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာ မြင်ရသလိုတော့ Sexy ကျကျ ၊ ရိုမန်တစ်ဆန်တဲ့ အခြေအနေမျိုး ပြင်ပလက်တွေ့ဘဝမှာ အမြဲဖြစ်နိုင်ဖို့ မလွယ်ပါဘူး။ ဒီတစ်ခေါက်မှာတော့ ချစ်တင်းနှော ချိန်မှာ လူတိုင်းကြုံရနိုင်တဲ့ ဖြစ်လေ့ဖြစ်ထရှိတက်တဲ့ စိတ်မသက်မသာ ဖြစ်စရာ အခြေအနေလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) မိန်းမကိုယ် လေလည်ခြင်း

Unhappy Relationship

Photo : Mediprive Health

Vaginal Gas (Vaginal Flatulence ဒါမှမဟုတ် Queefing) လို့ ခေါ်ပါတယ်။ ချစ်တင်းနှော စဉ်မှာ မိန်းမကိုယ်ကနေ လေလည်သံလို အသံထွက်တဲ့ အခြေအနေပါ။ ဒီလို မိန်းမကိုယ်ကနေ အသံတွေထွက်နေတာဟာ အမျိုးသမီးတွေအတွက်တော့ တော်တော်လေး စိတ်မသက်မသာ ဖြစ်စေရပါသတဲ့။ တကယ်တော့ ဒါဟာ မိန်းမကိုယ်အတွင်းမှာ လေခိုခြင်းကြောင့် သဘာဝအရ ထွက်ပေါ်လာတက်တဲ့ အသံသာ ဖြစ်ပါတယ်။ ရှက်စရာမဟုတ်သလို ကြီးကြီးမားမား စိုးရိမ်ရတဲ့ အခြေအနေလည်း မရှိပါဘူး။

(၂) အထွတ်အထိပ် မရောက်ခြင်း

Upset depressed young man sitting on the edge of bed against his wife lying on the bed.

Photo : ISSM

ချစ်တင်းနှော တဲ့အခါ အမြဲတမ်း အထွတ်အထိပ် ခံစားချက်ရဖို့ဆိုတာ တကယ်တော့ ခက်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ၊ နေရာအခင်းအကျင်း ပတ်ဝန်းကျင် အနေအထားနဲ့ နှစ်ဦးသားကြားက အချိတ်အဆက်မိမိ လှုပ်ရှားမှုတွေအပေါ် မူတည်ပြီး အထွတ်အထိပ် ခံစားချက် ရခြင်း/မရခြင်းဟာ အများကြီး သက်ဆိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အော်ဂဇင် မရတာဟာ ဖြစ်လေ့ဖြစ်ထရှိတက်ပြီး သိပ်တော့ပြဿနာမရှိဘူး ပြောလို့ရပေမယ့် မကြာခဏဆိုသလို ဖြစ်နေရင်တော့ သင်နဲ့သင့်ပါတနာကြား ဆက်ဆံရေးမှာ စိတ်မသက်မသာ ခံစားချက်လေးတွေ ဖြစ်လာနိုင်ပါတယ်။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် လိုချင်တဲ့အရာလေးတွေ ၊ ကြိုက်နှစ်သက်မှုလေးတွေကို ပွင့်လင်းစွာပြောဆိုဖို့လိုပြီး Foreplay (လိင်စိတ်နှိုးဆွမှု) အဆင့်ကို ကောင်းစွာ အချိန်ပေးလုပ်ဆောင်သင့်သလို နှစ်ဦးသား အပေးအယူမျှမျှ အချိတ်အဆက်မိမိ ခရီးဆက်မယ်ဆိုရင် အထွတ်အထိပ် ခံစားချက်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

(၃) ဆီးသွားချင်စိတ် ဖြစ်ခြင်း

Urge To Go For Peeing

Photo : News-Medical

ဒါက ချစ်တင်းနှော ချိန်မှာ အမျိုးသားရော အမျိုးသမီးတွေမှာပါ ကြုံရတက်တဲ့ အဖြစ်အများဆုံး စိတ်မသက်မသာ ဖြစ်စရာ အခြေအနေ တစ်ခုပါပဲ။ ချစ်တင်းနှော နေစဉ်အတွင်းမှာကို ထိန်းမရအောင် အရေးပေါ် ဆီးသွားချင်စိတ် ဖြစ်ပေါ်လာတက်တာပါ။ ဒီလို ဆီးသွားချင်စိတ် ဖြစ်တာဟာ ချစ်တင်းနှော ချိန်အတွင်း အချိန်မရွေး ဖြစ်ပေါ်လာနိုင်သလို ကြိုတင်ကာကွယ်လို့ ရတဲ့ နည်းလမ်းရယ်လည်း မရှိပါဘူး။ ဆီးသွားချင်စိတ် ဖြစ်လာရင် ကိစ္စခဏရပ်ပြီး သန့်စင်ခန်းသွားလိုက်တာ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ပါတယ်။

(၄) သုတ်လွှတ်မြန်ခြင်း

 Early Ejaculation

Photo : Kindly Health

ဒါကတော့ ချစ်တင်းနှော တဲ့အချိန်မှာ အမျိုးသားတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ လိင်မှုဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ပါတယ်။ လုပ်ငန်းစပြီး မိနစ်အနည်းငယ်အတွင်းမှာ ပြီးမြောက်သွားတာဟာ သင်ရော သင့်ပါတနာအတွက်ပါ စိတ်မသက်မသာ ခံစားရစေနိုင်ပါတယ်။ သုတ်လွှတ်မြန်တာဟာ အသက်အရွယ်ကြောင့်လည်း ဖြစ်နိုင်သလို တစ်ခါတစ်လေမှာ စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်မှု စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်း ဖြစ်တက်ပါတယ်။ သတင်းကောင်းကတော့ သုတ်လွှတ်မြန်တဲ့ ပြဿနာကို သဘာဝအတိုင်း ကုသလို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိတာပါ။ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို မွေးမြူပြီး စိတ်ဖိစီးမှုနည်းတဲ့ Lifestyle တစ်ခုကို ပြုစုပျိုးထောင်ခြင်းဖြင့် အိပ်ရာထက်မှာ လုံလောက်တဲ့ စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်မှာဖြစ်သလို ကွန်ဒုံးအသုံးပြုတာ ၊ အတူမနေခင် ကြိုတင် တစ်ကိုယ်ရည်အာသာဖြေတာ ၊ Position အနေအထား ပြောင်းလဲနှစ်ပါးသွားတာ ၊ အာရုံလွဲတာတွေအပြင် လိုအပ်ပါက လိင်မှုရေးရာ ကျွမ်းကျင်ပညာတွေနဲ့ ဆရာဝန်တွေထံ သွားရောက်ပြီး စစ်ဆေးကုသမှု ခံယူလို့လည်း ရပါတယ်။

ကွီးတို့ရော ချစ်တင်းနှော ချိန်မှာ ဘယ်လို စိတ်မသက်မသာ ဖြစ်စရာ အခြေအနေတွေ ကြုံရဖူးပါလဲ ???

Source : My Fit Brain 

Featured Photo : Sydney Pelvic Clinic