ဒီမေးခွန်းဟာ ကျွန်တော်တို့ အမျိုးသားတွေကြားမှာ နှစ်ပေါင်းများစွာ အငြင်းပွားလာခဲ့ကြတာပါ။ ဆွေးနွေးငြင်းခုံမှုတွေ အမျိုးမျိုးရှိကြသလို မတူကွဲပြားတဲ့ အယူအဆ ၊ အမြင်တွေနဲ့ အဖြေတွေလည်း အများကြီး ရှိကြပါတယ်။ အချို့ကလည်း ဖွားဖက်တော် အရွယ်အစားဟာ ချစ်တင်းနှော ချိန်မှာ သာယာပျော်ရွှင်ဖွယ် အတွေ့အကြုံနဲ့ ပိုမိုကောင်းတဲ့ အော်ဂဇင်ရဖို့အတွက် အရေးကြီးတယ်လို့ ယုံကြည်ကြသလို အချို့ကတော့ အရွယ်အစားထက် သိုင်းကွက်ကျွမ်းကျင်မှုက ပိုအရေးကြီးတယ်လို့ ယူဆကြပါတယ်။ ဒီတစ်ခေါက်မှာတော့ အဆိုပါ အတိုအရှည် ကိစ္စနဲ့ ပတ်သတ်ပြီး ဆန့်ကျင်ဘက် အမျိုးသမီးတွေ အမြင်မှာရော ဘယ်လိုရှိလဲ ၊ ဘယ်အရာက ပို အဓိကကျ လဲဆိုတာနဲ့ ပတ်သတ်ပြီး ဆွေးနွေးပေးချင်ပါတယ်။

Does Size Matter?

Photo : Greatist

အချို့ အမျိုးသမီးတွေကတော့ မိန်းမကိုယ်အတွင်းက G-spot ကို ပိုမို နက်ရှိုင်းစွာ ထိုးဖောက်ထိမှန်နိုင်ဖို့ ရှည်တဲ့ ဖွားဖက်တော် ဟာ ပိုကောင်းတယ်လို့ ယုံကြည်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ဒါနဲ့ ပတ်သတ်ပြီး အမျိုးသမီး အများအပြားကို စစ်တမ်းကောက်ယူ ထားတာမျိုး ၊ ခိုင်လုံတဲ့ သက်သေအထောက်အထား ပြထားတာမျိုး မရှိပါဘူး။ အကယ်၍ အမျိုးသားတွေအနေနဲ့ အချိန်ကြာကြာ စွမ်းဆောင်နိုင်ပြီး Clitoral Stimulation များများ လုပ်နိုင်မယ်ဆိုရင် ဆန့်ကျင်ဘက် ပါတနာကို အော်ဂဇင် ကောင်းကောင်းရစေဖို့ လုံလောက်ပါတယ်။

နောက်တစ်ချက်ကတော့ အမျိုးသမီးတွေဟာ အမျိုးသားတစ်ယောက်မှာ ရှိသင့်တဲ့ ပုံမှန် ဖွားဖက်တော် အရွယ်အစား ၄ လက်မခွဲခန့်ကနေ ၆ လက်မ ထက်ပိုပြီး ရှည်နေတယ်ဆိုပါက ထိုးသွင်းဆက်ဆံမှု လုပ်တဲ့အခါ သာယာမှုထက် နာကျင်မှု ခံစားချက်ကို ပိုရစေတာကြောင့် မကြိုက်ဘူးလို့ ဆိုကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ ပိုရှည်တဲ့ လိင်တံအရွယ်အစားထက် လုံးပတ်ပိုတုတ်တဲ့ ဖွားဖက်တော်ဟာ သာယာပျော်ရွှင်မှုကို အမြင့်ဆုံးရရှိစေပြီး ပိုမိုကောင်းမွန်တဲ့ အော်ဂဇင် ရစေဖို့ ကူညီပေးတယ်လို့ လက်ခံထားကြပါသတဲ့။

Does Size Matter?

Photo : Atbuz

ကျွန်တော်တို့ အမျိုးသား အများစု စိတ်ထဲစွဲထင်နေတာကတော့ ညစ်ညမ်းရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေလို ဟဲဗီးဖြစ်တဲ့ ဖွားဖက်တော် အရွယ်အစားကမှ အမျိုးသမီးတစ်ယောက်ကို စိတ်ကျေနပ်သာယာမှု အပြည့်အဝပေးနိုင်မယ်လို့ ယုံကြည်ကြတာပါ။ တကယ်တော့ လက်တွေ့မှာ အမျိုးသမီးတွေအတွက် ဖွားဖက်တော် အတိုအရှည် အရွယ်အစားဟာ ကျွန်တော်တို့ ထင်မှတ်ထားသလောက် အရမ်းကြီး အဓိကကျ နေတာမျိုး မဟုတ်ပါဘူး။

အမျိုးသားတစ်ယောက်ရဲ့ လိင်တံအရွယ်အစားဟာ လူမျိုး ၊ အရပ် ၊ မျိုးဗီဇ စတဲ့ အချက်တွေပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ အာရှဘက်က အမျိုးသားတွေမှာဆိုရင် ပုံမှန်ပျှမ်းမျှ လိင်တံ အရွယ်အစားဟာ ၄ လက်မခွဲကနေ ၅ လက်မခွဲနဲ့ ၆ လက်မကြား ရှိကြပါတယ်။ လေ့လာမှုတစ်ခုအရ အမျိုးသားတွေရဲ့ လိင်တံဟာ ထောင်မတ်နေချိန်မှာ ၄.၅၉ လက်မကနေ ၅.၅ လက်မကြား ရှိပြီး လိင်တံ ထောင်မတ်မှုမရှိတဲ့ အချိန်မှာတော့ ပျှမ်းမျှအားဖြင့် ၃.၃၆ လက်မကနေ ၃.၆၁ လက်မဝန်းကျင် ရှိတယ်လို့ ဖော်ပြထားပါတယ်။

Does Size Matter?

Photo : Robert Farago

အားလုံးကို ချုံငုံပြီး ပြောရမယ်ဆိုရင်တော့ လိင်တံအရွယ်အစားနဲ့ ပတ်သတ်ပြီး တိကျခိုင်မာတဲ့ ကောက်ချက်ချမှု မရှိနိုင်ပါဘူး။ အမျိုးသား တစ်ယောက်ရဲ့ ဖွားဖက်တော် အရှည်နဲ့ လုံးပတ် အရွယ်အစားဟာ ပါတနာအပေါ်  စိတ်ကျေနပ်သာယာမှု အပြည့်အဝ ပေးနိုင်မပေးနိုင် ဆိုတာနဲ့ ပတ်သတ်ပြီးလည်း အတိအကျ သတ်မှတ်လို့ မရနိုင်ပါဘူး။ အဓိကကျ တာကတော့ သင်နဲ့ သင့်ပါတနာကြားမှာ အရွယ်အစားထက် ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှု ကောင်းကောင်းရှိပြီး အပေးအယူမျှမျှ ၊ စကေးကျကျ စွမ်းဆောင်ရည် ကောင်းကောင်း ပြနိုင်မယ်ဆိုရင်ပဲ နှစ်ဦးသား သာယာကျေနပ်ဖွယ် အတွေ့အကြုံကို ရရှိခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

Source : Lybrate

Featured Photo : Healthy Male