ကွီးတို့က ချစ်တင်းနှော ချင်ပေမယ့် ကွီးတို့ ရှော်တီလေးက ဘယ်လိုမှ စိတ်မပါလို့ ညစ်နေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့ကို ကူညီပေးပါလိမ့်မယ်။ ကွီးတို့ ရှော်တီလေးကို ချစ်တင်းနှော ဖို့အတွက် စိတ် ပါလာအောင် ကြိုးစား ချင်တယ်ဆိုရင်တော့ အခုဖော်ပြမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

(၁) ကြိုတင် ပြင်ဆင်ထားပါ

couple

ကွီးတို့ နှစ်ဦးသားက ချစ်တင်းနှောဖို့ အစီအစဥ်ရှိတယ်၊ ဒါမှမဟုတ် ချစ်တင်းနှော ဖို့ အရိပ်အယောင်လေး မြင်ရတယ်ဆိုရင်တော့ အဓိက ကြိုတင်ပြင်ဆင်ထားရမယ့် အရာတွေ ရှိပါတယ်။ ကျန်းမာရေးအတွက် မဖြစ်မနေ လိုအပ်တဲ့ အကာအကွယ် ပစ္စည်းများပဲဖြစ်ပါတယ်။ အကာအကွယ်ပစ္စည်းများဆိုရင် အမျိုးသားသုံး ကွန်ဒုံး (External Condoms) လား (သို့) အမျိုးသမီးသုံး ကွန်ဒုံး (Internal Condoms) ဆိုပြီး အစားစားရှိတဲ့အနက်မှ ကွီးတို့အတွက် အဆင်ပြေမယ့်အရာကို ရွေးချယ်ထားသင့်ပါတယ်။

(၂) ပတ်ဝန်းကျင် အနေအထားကို ပြောင်းလဲလိုက်ပါ

couple

ချစ်တင်းနှောဖို့အတွက် အခန်းအပြင်အဆင်က အင်မတန်မှကို အရေးကြီးပါတယ်။ ကွီးတို့အခန်းက အဝတ်အစားတွေ၊ စာရွက်စာတမ်းတွေနဲ့ ရှုပ်ပွနေမယ်ဆိုရင်တော့ ဘယ်လိုမှ ရိုမန့်တစ် ဆန်တဲ့ ဖီလင်ကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကွီးတို့ အခန်း အနေအထားကို ပြင်ဆင်လိုက်ပါ။ ရိုမန့်တစ်ဆန်အောင် ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ တေးဂီတ အစ၊ ဝိုင်၊ ချောကလက်၊ နှင်းဆီပန်း စသည်ဖြင့် ပြင်ဆင်ထားလိုက်ပါ။ ပတ်ဝန်းကျင် အနေအထားကို ရိုမန့်တစ် ဆန်ဆန်လေး ပြင်ဆင်ထားမယ်ဆိုရင်တော့ ကွီးတို့ ရှော်တီလေးလည်း စိတ်ပါလာမှာပါ။

(၃) အနမ်းပန်း ခြွေပါ

couple

ကွီးတို့က အနမ်းပန်း ဘယ်လို ခြွေရမလဲဆိုတာ မသိဘူးလား။ ဒါဆိုရင်တော့ ကိုရီးယားကားထဲက ကိုရီးယား မင်းသားတွေ ဘယ်လိုမျိုး အနမ်းပန်း ခြေသလဲဆိုတာကို တစ်ခါပြန် လေ့လာကြည့်လိုက်ပါ။ အနမ်းပန်း ခြွေနည်းကလည်း အမျိုးမျိုး ရှိတာမို့လို့ ကွီးတို့ ကျွမ်းကျင်ရာနဲ့ သူ(မ) နှစ်သက်ရာကို သေချာ အနမ်းပန်း ခြွေတတ်ဖို့ လိုပါတယ်။ နမ်းတဲ့အခါမှာလည်း သတိထားရမယ့်အချက်က အသားကုန် ပိတ်နမ်းပစ်တာမျိုး မလုပ်ရဘဲ သူ(မ) အသက်ရှူဖို့လည်း အချိန်ပေးဖို့ လိုပါသေးတယ်။

(၄) ချက်ချင်းကြီး အဆင့်မတက်ပါနဲ့

ချစ်တင်းနှော စိတ် ကြိုးစား

ပြီးတာနဲ့ ချက်ချင်းကြီး ချစ်တင်းနှောဖို့ အဆင့်မတက်သေးပါနဲ့ဦး။ ကိုယ်ကချည်းပဲ စနေရင် သူ(မ)ဘက်က တောင်းဆိုတာကို ကြားရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သူ(မ)ဘက်က လိုလားတောင့်တလာအောင် ဖြည်းဖြည်းချင်းစီ အစပျိုးဖို့ လိုအပ်ပါတယ်။

(၅) အထိအတွေ့နဲ့ ညှို့ယူပါ

ချစ်တင်းနှော စိတ် ကြိုးစား

သူ(မ)ကို ခါးလေး ဖက်ထားတာမျိုး၊ ကွီးတို့ရဲ့ ရင်ခွင်ထဲ ဖမ်းသိမ်းထားတာမျိုး (သို့) သူမ နား နား တိုးတိုးလေး ကပ်ပြောတာမျိုး အစရှိသည်တို့ကို ပြုလုပ်နိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ ကွီးတို့ အထိအတွေ့တွေကို အဆင့်တက်ပေးနိုင်ပါတယ်။

(၆) သူ(မ)ရဲ့ အမူအရာကို ဘာသာပြန်တတ်ပါစေ

ချစ်တင်းနှော စိတ် ကြိုးစား

သူ(မ)ရဲ့ အမူအရာကို သေချာ ဘာသာပြန်တတ်ဖို့ လိုအပ်ပါတယ်။ ကောင်မလေးတွေက သူတို့ စိတ်ထဲမှာ ရှိတာကို ကွယ်ဝှက်ထားလေ့ရှိကြပါတယ်။ အထူးသဖြင့် ချစ်တင်းနှောခြင်း ကိစ္စတွေဆိုရင် အရှက် အကြောက်ကြီးကြလို့ သူတို့ ဘယ်လောက်ပဲ လိုလား တောင့်တနေပါစေ ကိုယ်တိုင် မဖွင့်ဟကြပါဘူး။ ဒါ့ကြောင့် ကွီးတို့က သူတို့ရဲ့ အမူအရာကို ကောင်းကောင်းကြီး နားလည်ပြီး ဘာသာပြန်ပေးဖို့ လိုအပ်ပါတယ်။

ကွီးတို့ရော ကိုယ့်ရှော်တီလေးရဲ့ အမူအရာကို ဘာသာပြန်တတ်ကြရဲ့လား။

Source: Wikihow

Featured Image: Familylifecanada