တစ်ကိုယ်ရည် အာသာဖြေတာဟာ ကျန်းမာရေး ရှုထောင့်အရကြည့်မယ်ဆိုရင် သဘာဝပါပဲ။ သို့သော်လည်း နေ့တိုင်း လိုလို အလွန်အကျွံ အာသာဖြေ မိနေတယ်ဆိုရင်တော့ ဆိုးကျိုးတွေ အများကြီး ရှိလာနိုင်ပါတယ်။ အဓိကအားဖြင့်တော့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမကပဲ လူမှုဘဝအရည်အသွေး အပေါ်ပါ ဘေးထွက်ဆိုးကျိုးနဲ့ ထိခိုက်မှုတွေ ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ တစ်ကိုယ်ရည်အာသာဖြေခြင်းကို စွဲလမ်းမှု တနည်းအားဖြင့် နေ့တိုင်း အာသာဖြေမိနေတာကို ဘယ်လိုနည်းလမ်းတွေနဲ့ ရပ်တန့်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အကြောင်းအရင်းကို ဖော်ထုတ်ပါ

Adult man sitting

Photo : Verywell Mind

စွဲလမ်းမှုတစ်ခုကို ရပ်တန့်ဖို့ဆိုရင် နောက်ကွယ်က ဆက်စပ်နေတဲ့ အကြောင်းအရင်းကို သေချာပြန် ဖော်ထုတ်ပြီး တားဆီးဖို့ လိုပါမယ်။ တစ်ကိုယ်ရည် အာသာဖြေ မိနေတာက ဘာကြောင့်လဲ ပြန်သုံးသပ်ပါ။ ညစ်ညမ်း ဝက်ဘ်ဆိုဒ်တွေ အမြဲဝင်ကြည့်နေမိလို့လား ဒါမှမဟုတ် ညစ်ညမ်းစာပေ ၊ ရုပ်ပုံတွေနဲ့ အဆက်စပ် ရှိနေလား စသည်ဖြင့် အာသာဖြေခြင်းဆီ ဦးတည်သွားနေတဲ့ အကြောင်းအရင်းတွေကို သုံးသပ်ဖော်ထုတ်ပြီး တားဆီးရပ်တန့်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

(၂) အတွေးတွေကို ပြောင်းလဲပါ

sad man thinking

Photo : Verywell Mind

တစ်ကိုယ်ရည် အာသာဖြေခြင်း အပါအဝင် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေအပေါ် အလွန်အကျွံအာရုံစိုက်နေတဲ့ အတွေးပုံစံတွေကို အရင်ဆုံး ပြောင်းလဲပစ်ဖို့ လိုပါလိမ့်မယ်။ အတွေးတွေကပဲ အဓိက သင့်ရဲ့ စိတ်ကို ထိန်းချုပ်ခိုင်းစေနေတာပါ။ မကောင်းဘူးလို့ ယူဆရတဲ့ အလေ့အကျင့် တစ်ခုကို ရပ်တန့်ပစ်နိုင်ဖို့ အတွေးတွေကို ပြောင်းလဲရမှာပဲ ဖြစ်ပါတယ်။ တက်နိုင်သမျှ တစ်ကိုယ်ရည် အာသာဖြေ ခြင်းနဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို မတွေးပါနဲ့။ အတွေးတွေ ဝင်လာရင် ချက်ချင်းရပ်တန့်ပြီး အာရုံပြောင်းပါ။ တဖြည်းဖြည်းနဲ့ သင့်အတွေးတွေကို ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။

(၃) ညစ်ညမ်းပစ္စည်းအားလုံးကို စွန့်ပစ်ပါ

Photo : Verywell Mind

ဖုန်းထဲ ၊ လက်ပ်တော့ထဲနဲ့ သင့်အိပ်ခန်းအတွင်းက ညစ်ညမ်းမဂ္ဂဇင်းတွေ ရှိနေတယ်ဆိုရင် ဆက်စပ်သမျှ အားလုံးကို ဖျက်စရာရှိတာဖျက် ၊ ပစ်စရာရှိတာပစ်ပြီး အပြတ်ရှင်းထုတ်ထားဖို့ အကြံပေးချင်ပါတယ်။ ဒီအရာတွေနဲ့ နီးစပ်လေ တစ်ကိုယ်ရည် အာသာဖြေခြင်းကို ဆက်လုပ်နေမိဦးမှာပါ။ လေ့လာမှုတွေအရတော့ သင့်လက်တကမ်းမှာ ရှိနေတဲ့ ညစ်ညမ်းပစ္စည်းတွေအားလုံးကို စွန့်ပစ်ရှင်းထုတ်လိုက်တာဟာ တစ်ကိုယ်ရည်အာသာဖြေခြင်းအပေါ် စွဲလမ်းမှု ရင်ဆိုင်နေရတဲ့ လူအများစုရဲ့ ပြဿနာ ၈၅ ရာခိုင်းနှုန်ကို ပြေလျော့ သက်သာစေနိုင်တယ်လို့ ဆိုထားပါတယ်။

(၄) လူတွေနဲ့ များများထိတွေ့ဆက်ဆံပါ

 Friendships

Photo : Verywell Mind

အားလပ်ချိန်တွေကို တစ်ယောက်တည်း မနေပါနဲ့။ တစ်ယောက်တည်းနေတာက အမှောင်စိတ်ပိုဖုံးလွှမ်းစေပြီး တစ်ကိုယ်ရည် အာသာဖြေမိဖို့ လှုံ့ဆော်ပေးသလို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိသားစု ၊ သူငယ်ချင်း မိတ်ဆွေနဲ့ အချိန်များများ ကုန်ဆုံးပါ။ အိပ်ခန်းအတွင်းမှာ တစ်ယောက်တည်း အခန်းအောင်းနေတာထက် အပြင်သွားတာ ၊ Public Area တွေကို သွားပြီး အချိန်ကုန်ဆုံးတာမျိုး များများလုပ်သင့်ပါတယ်။

(၅) စိတ်ရှည်ပါ

Dysfunction

Photo : Verywell Mind

စွဲလမ်းမှုတစ်ခုကို နေ့ချင်းညချင်း ရပ်တန့်ဖို့တော့ ထင်သလောက် မလွယ်ကူနိုင်ပါဘူး။ အကယ်၍ သင်က တစ်ကိုယ်ရည် အာသာဖြေ ခြင်းကို ရပ်တန့်ဖို့ ကြိုးစားနေသူတစ်ယောက်ဆိုရင်တော့ စိတ်ရှည်ရှည်နဲ့ အချိန်အတိုင်းအတာတစ်ခု ယူပြီး ကိုယ့်ကိုယ်ကိုယ်ပေးထားတဲ့ ကတိကဝတ်တွေကို တည်နိုင်အောင် ကြိုးစားဖို့ လိုပါမယ်။ လိုအပ်ပါက ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကြံဉာဏ်ရယူတာ ပိုထိရောက်စေမှာပဲ ဖြစ်ပါတယ်။

Source : My Fit Brain

Featured Photo : Man Matters