လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေဟာ လူတစ်ယောက်ချင်းစီတိုင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ် ရွေးချယ်ခွင့်တစ်ခုဖြစ်ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်မှုကိစ္စတွေကို လုပ်ဆောင်မယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးနဲ့ အန္တရာယ်အလွန်များတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။ ဒါဆိုရင် ချစ်တင်းနှော ဖို့ ပျမ်းမျှအသက်အရွယ်က ဘယ်လောက်လဲလို့ မေးစရာရှိပါတယ်။ အဓိကကတော့ လူပျိုဖော် အပျိုဖော်ဝင်စ အသက် ၁၆ ကနေ ၁၈ နှစ်အတွင်း ဒါမှမဟုတ် ဒီထက်ပိုစောတဲ့ အသက်အရွယ်မှာ လိင်မှုကိစ္စ တနည်းအားဖြင့် ချစ်တင်းနှော မယ်ဆိုရင် အားနည်းချက်နဲ့ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိနိုင်ပါတယ်။

(၁) လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါအန္တရာယ် မြင့်မားတယ်

Doctor physician consulting with male patients in hospital psychology clinic exam room.

Photo : STD Free Los Angeles

လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး အသိပညာဗဟုသုတ နည်းပါးသေးတဲ့ အသက်ငယ်ရွယ် သူတွေအနေနဲ့ ချစ်တင်းနှော မယ်ဆိုရင် ကလက်မိုင်ဒီးယား (Chlamydia) ၊ ဆီးပူညောင်းကျရောဂါ (Gonorrhea) နဲ့ HIV အပါအဝင် လိင်မှတစ်ဆင့်ကူးစက်တဲ့ ကူးစက်ရောဂါတွေ (STIs) ကူးစက်ခံရနိုင်ခြေ အလားအလာပို များပါတယ်။ ဒီရောဂါပိုးတွေဟာ နောက်ဆက်တွဲအနေနဲ့ မျိုးမပွားနိုင်ခြင်း ၊ နာတာရှည် နာကျင်မှုဝေဒနာ ခံစားရခြင်းနဲ့ အချို့သော ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေ တိုးမြင့်စေတဲ့ ဆိုးကျိုးအန္တရာယ်တွေနဲ့ ဆက်စပ်နေပါတယ်။

(၂) ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်တယ်

couple on bed

Photo : The Independent

ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်မိတဲ့အခါ တနည်းအားဖြင့် ချစ်တင်းနှော မိတဲ့အခါတွေမှာ အသိသာအထင်ရှားဆုံး ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုကတော့ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်တာပါ။ လေ့လာမှုတွေအရ ငယ်ရွယ်ချိန်မှာ ချစ်တင်းနှော မိကြတဲ့ လူငယ်တွေအနေနဲ့ စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာတွေကို ပိုမိုခံစားရနိုင်ခြေများပြီး ၊ မိမိကိုယ်ကို ယုံကြည်မှု ကျဆင်းခြင်း ၊ မိမိကိုယ်ကို ချစ်ခင်လေးစားမှု လျှော့ကျခြင်းတို့ အပါအဝင် အပျက်သဘောဆောင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကြုံတွေ့ ခံစားရနိုင်တယ်လို့ ဆိုထားပါတယ်။

(၃) ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေ များတယ်

unwanted pregnancy

Photo : American Pregnancy Association

ငယ်ရွယ်စဉ်မှာ ချစ်တင်းနှော တာက ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို တိုးစေပါတယ်။ ငယ်ရွယ်သူတွေအနေနဲ့ စိတ်ခံစားချက်နဲ့ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းတွေမှာ အားနည်းနေနိုင်သလို အကာကွယ်မဲ့ သို့မဟုတ် သန္ဓေတားနည်းတွေရဲ့ ကောင်းကျိုးဆိုးပြစ် အကျိုးရလဒ်တွေနဲ့ ပတ်သတ်ပြီး သေချာသိနားလည်ထားခြင်း မရှိဘူးဆိုရင် ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ စိန်ခေါ်မှုများတဲ့ မမျှော်လင့်ထားတဲ့ မိခင်ဘဝကို ရောက်ချင်းမလှ ရောက်ရှိသွားနိုင်ပါတယ်။

(၄) ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်များ ခံစားရနိုင်တယ်

Pregnant woman

Photo : Ohio Capital Journal

မတော်တဆ ကိုယ်ဝန်ရသွားခဲ့သည်ရှိသော် ကလေးမွေးဖွားဖို့အတွက် အဆင်သင့် မဖြစ်သေးပါက ငယ်ရွယ်သူတွေအနေနဲ့ ကိုယ်ဝန်ဖျက်ချခြင်းကိုပဲ အများဆုံး ရွေးချယ်ကြပါလိမ့်မယ်။ ကိုယ်ဝန်ဖျက်ချခြင်း လုပ်ငန်းစဉ်ဟာ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ များစွာကို ဖြစ်ပေါ်စေနိုင်ပြီး အမျိုးသမီးငယ်တွေမှာ မိန်းမကိုယ် ရောင်ရမ်းတာ ၊ သွေးဆင်းတာ ၊ ဆီးလမ်းကြောင်းနဲ့ မိန်းမကိုယ်အတွင်း ပိုးဝင်တာ ၊ သားအိမ်နဲ့ ဆိုင်တဲ့ ပြဿနာတွေ အများကြီးကို ဖြစ်ပေါ်စေနိုင်တာ စတဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေပြီး အရွယ်ရောက်ပြီး ချိန်မှာလည်း ကိုယ်ဝန်ဆောင်ဖို့ခက်ခဲတာ ၊ မျိုးမပွားနိုင်တာတွေအထိ ဖြစ်ပေါ်စေနိုင်ပါတယ်။

Source : My Fit Brain

Featured Photo : Everyday Health