ကွီးတို့ရဲ့ ရှော်တီလေးနဲ့ ဖဲမွေ့ရာထက်မှာ အချိန်ကြာကြာ ချစ်တင်းနှော နိုင်မယ့် နည်းလမ်း ကောင်းများကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့ ကူညီပေးပါလိမ့်မယ်။

ကိုယ့်ရှော်တီလေးနဲ့ ဖဲမွေ့ရာထက်မှာ ချစ်တင်းနှောတဲ့အခါ အချိန်ကြာကြာ ချစ်တင်းနှောနိုင်ခြင်းက ကွီးတို့ရဲ့ အိမ်ထောင်သက် (သို့) အချစ်ခရီးလမ်းကို ပိုမိုကြည်နူးစေနိုင်ပါတယ်။ ဒီလိုမျိုး အချိန်ကြာကြာနဲ့ စိတ် သွားတိုင်း ညီလေး ပါဖို့ဆိုတာကလည်း လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကွီးတို့က ကျွမ်းကျင်အဆင့် ရောက်မှသာလျှင် အချိန်ကြာကြာနဲ့ နှစ်ဦးသွားစလုံး အထွတ်အထိပ်ရောက်အောင် ပို့ဆောင်နိုင်မှာဖြစ်ပါတယ်။

ကွီးတို့ရဲ့ ရှော်တီလေးနဲ့ ဖဲမွေ့ရာထက်မှာ အချိန်ကြာကြာ ချစ်တင်းနှော နိုင်အောင် ကူညီပေးမယ့် နည်းလမ်း ကောင်းတွေက ဘာတွေဖြစ်မလဲ။

Pelvic Floor လေ့ကျင့်ခန်းများကို များများပြုလုပ်ပါ

man exercise

Pelvic Floor လေ့ကျင့်ခန်းများကတော့ အမျိုးသားတိုင်း ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ခြင်းအားဖြင့် ပန်းသေ ပန်းညှိုးရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးနိုင်သလို ဆီးမထိန်းနိုင်ခြင်း ရောဂါမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ချစ်တင်းနှောတဲ့အခါ ကွီးတို့ ညီလေးရဲ့ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါသေးတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လူနေမှု ဘဝပုံစံကို လိုက်နာကျင့်သုံးပါ

couple

ကွီးတို့ရဲ့ နေထိုင်မှု ပုံစံကို ပြောင်းလဲခြင်းကလည်း ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြင့်တင်ပေးနိုင်ပါတယ်။ ၂၀၂၀ ခုနှစ်က လေ့လာတဲ့ လေ့လာချက်များအရ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ တစ်စုံတစ်ရာကို စိုးရိမ်ပူပန်လွန်းခြင်း၊ စိတ်ကျရောဂါ ခံစားရခြင်း အစရှိတဲ့အချက်များက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်တယ်လို့ သိရှိရပါတယ်။

ဒါ့ကြောင့်မို့လို့ ကွီးတို့အနေနဲ့ အချိန်ကြာကြာ နှစ်ပါးသွားကချင်တယ်ဆိုရင်

ချစ်တင်းနှော နည်းလမ်း

  • ဆေးလိပ်ဖြတ်ပါ။
  • အယ်လ်ကိုဟော ဖျော်ရည်များကို ဆေးဖြစ် ဝါးဖြစ်သာ မှီဝဲပါ။
  • လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပါ။
  • တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းတို့ဖြင့် စိတ်ဖိစီးမှုများကို ဖယ်ရှားပါ။
  • ကျန်းမာရေးနဲ့ ညီညွှတ်သော အစားအစာများကို များများစားသုံးပါ။

အိပ်ရေး ဝဝ အိပ်စက် အနားယူပါ

ချစ်တင်းနှော နည်းလမ်း

လေ့လာမှုတစ်ခုအရ အိပ်ရေးပျက်ခြင်း၊ အိပ်ရေးမဝခြင်းတို့က လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း မရှိတာက လိင်အင်္ဂါလုပ်ဆောင်မှုကို ထိခိုက်စေပြီး လိင်အင်္ဂါချို့ယွင်းမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အလုံးစုံသော ကျန်းမာရေးအတွက် လုံလောက်သော အိပ်စက်အနားယူမှုရှိရန် လိုအပ်ပါတယ်။

အခုဖော်ပြသွားတဲ့အချက်တွေကို ကွီးတို့ မှန်မှန် လိုက်လုပ်ဖြစ်ရဲ့လား။

Source: Menshealth

Featured Image: Wilwear