ပစ္စည်း ပစ္စယတွေ ပြည့်စုံတဲ့ အိပ်ခန်း တစ်ခန်းက ကွီးတို့ အတွဲအတွက် ပြီးပြည့်စုံတဲ့ ချစ်တင်းနှောခြင်းမျိုးကို ပိုင်ဆိုင်ရရှိနိုင်အောင် ကူညီပေးပါတယ်။ ကောင်းသော ချစ်တင်းနှော ခြင်းနဲ့ မကောင်းတဲ့ ခံစားချက်တို့အကြား ကွာခြားချက်ကတော့ ပစ္စည်း ပစ္စယ စုံလင်မှု ရှိခြင်း မရှိခြင်းပဲဖြစ်ပါတယ်။
တကယ်လို့ ကွီးတို့မှာ အခု ဖော်ပြပေးမယ့် ပစ္စည်းတွေ မရှိသေးရင်တော့ သေချာပါတယ်။ ကွီးတို့ဆီမှာ အတွေ့အကြုံကောင်းတစ်ခု မခံစားရသေးဘူးဆိုတာပါပဲ။
Finger Vibrator
ဒီပစ္စည်းလေးကတော့ ကွီးတို့ရဲ့ ရှော်တီလေးကို အထွတ်အထိပ်ရောက်တဲ့ ခံစားချက်မျိုး ပေးစွမ်းချင်တယ်ဆိုရင် ကွီးတို့က ကွီးတို့ရဲ့ လက်ချောင်းများအစား ဒီပစ္စည်းကို အသုံးပြုနိုင်ပါသေးတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၉ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။
အရည်အသွေးကောင်းတဲ့ ချောဆီ
ရေကို အခြေခံကာ ထုတ်လုပ်ထားပြီး အရည် ပျစ်ပျစ်လေးဆိုတော့ ကွီးတို့ နှစ်ဦးသားစလုံးအတွက် ကောင်းမွန်တဲ့ အတွေ့အကြုံကို ခံစားရရှိအောင် ကူညီပေးနိုင်ပါတယ်။ ဆီလီကွန်ကို အခြေခံထားတဲ့ ချောဆီတွေကတော့ ကြာကြာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဆီလီကွန် အရုပ်နဲ့ အတူ အသုံးပြုမယ်ဆိုရင်တော့ ကွီးတို့ ရှော်တီလေးရဲ့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ မိန်းမကိုယ် မှိုစွဲခြင်းကို ခံစားရနိုင်ပါတယ်။ ချောဆီ မသုံးဘဲ သဘာဝအဆီတွေရော သုံးလို့ မရဘူးလားဆိုတော့ နိုးပါ။ ဘာ့ကြောင့်လဲဆိုတော့ သဘာဝအဆီတွေက ကွီးတို့ရဲ့ ကွန်ဒုံးကို ပေါက်ပြဲစေနိုင်လို့ပါပဲ။ အုန်းဆီကိုတော့ အသုံးပြုလို့ ရပါတယ်။ ဒါပေမဲ့ အကောင်းဆုံးကတော့ အခုဖော်ပြသွားတဲ့ ချောဆီ အမျိုးအစားပါပဲ။
ကွန်ဒုံးများ
ဟုတ်ပါတယ်။ ဒီပစ္စည်းကတော့ ကွီးတို့အတွက် ချစ်တင်းနှော တဲ့အခါမှာ မပါမဖြစ်တဲ့ ပစ္စည်း တစ်ခုပဲဖြစ်ပါတယ်။ ကွန်ဒုံး အမျိုးအစားများကလည်း အမျိုးမျိုး ရှိတဲ့အတွက်ကြောင့် ကွီးတို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုကာ အန္တရာယ်ကင်းကင်းနဲ့ ချစ်တင်းနှော နိုင်ပါတယ်။
လူကြီးအရုပ်များကို သန့်စင်ပေးသော စပရေး
ကွီးတို့က လူကြီးအရုပ်တွေကို အသုံးပြုပြီးရင် ဒီအတိုင်းပဲ ပစ်ထားပြီး နောက်တစ်ခါ ထပ်သုံးမယ်ဆို ကောက်ကာ ငင်ကာ အသုံးပြုတတ်တဲ့ သူမျိုးလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်စရာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ထိုအရုပ်များကို အသုံးပြုပြီးတိုင်းမှာ သေချာ စင်ကြယ်အောင် ဆေးကြောပြီး သေချာ သိမ်းဆည်းဖို့ လိုအပ်ပါတယ်။
ဒီသန့်စင် စပရေးကတော့ ကွီးတို့ကို အလုပ်ရှုပ် သက်သာအောင် ကူညီပေးပါလိမ့်မယ်။ ဈေးနှုန်းကတော့ ၁၀ ဒေါ်လာသာ ကုန်ကျမှာ ဖြစ်ပါတယ်။
Cleanup Wipes
ချစ်တင်းနှောတဲ့အခါ ဟိုနားပေ ဒီနားပေတာကတော့ ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ သဘက်တစ်ထည် ကောက်ဆွဲပြီး သုတ်တာထက် အခုလိုမျိုး Cleanup Wipes လေးနဲ့ သုတ်လိုက်မယ်ဆိုရင် ပိုပြီး ကျန်းမာရေးအတွက် ကောင်းပါတယ်။ ပေနေတာတွေကို သုတ်ဖို့အတွက် ကွီးတို့ ရှော်တီလေး တစ်ဦးတည်းမှာသာ တာဝန်ရှိတာမဟုတ်လို့ သူ့ကိုပဲ သန့်ရှင်းရေး လုပ်ခိုင်းမယ်ဆိုရင်တော့ မတရားရာ ကျပါလိမ့်မယ်။
အခုဖော်ပြသွားတဲ့ ပစ္စည်းတွေထဲက ဘယ်နှမျိုးလောက် ကွီးတို့ဆီမှာ ရှိပါသလဲ။
Source: Mensjournal
Featured Image: Cupla.app