အသစ်အဆန်းဆိုရင် စူးစမ်းလေ့လာချင်ကြတာ၊ လက်တည့်စမ်းချင်ကြတာက လူသားတွေရဲ့ သဘာဝပါပဲ။ တချို့အတွဲတွေဆိုရင် ရိုးရိုး ချစ်တင်းနှောရတာကို ငြီးငွေ့လာကြလို့ အနောက် တံခါးဝဆီ ပြောင်းရွေ့ပြီး ချစ်တင်းနှော ကြပါတယ်။ ဒီလိုမျိုး အနောက် တံခါးဝကနေ ချစ်တင်းနှော မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေ အများကြီး ရှိပါတယ်။

ကွီးတို့အနေနဲ့ ဒီအချက်တွေကို သိထားမှသာလျှင် ကိုယ့်ရဲ့ ရှော်တီလေးအတွက်ရော ကိုယ့်အတွက်ပါ ဘေးအန္တရာယ်ကင်းပြီး ကျန်းမာရေးအတွက် ထိခိုက်မှု မရှိမှာပါ။

(၁) ကိုယ့်ရဲ့ ပါတနာကို ယုံကြည်ပါ

depressed couple

အနောက် တံခါးဝနဲ့ ချစ်တင်းနှော တာသည် အရှေ့ တံခါးဝဆီကနေ ချစ်တင်းနှောတာနဲ့ မတူပါဘူး။ ကိုယ့်ရဲ့ ပါတနာကို ယုံကြည်မှု အပြည့်အဝ ထားရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ့် ပါတနာရဲ့ သဘောတူညီချက်ကိုလည်း ရရှိထားဖို့ လိုအပ်ပါတယ်။ သူ့ဘက်က လိုလားမှသာလျှင် အစပြုသင့်ပါတယ်။​

(၂) သန့်ရှင်းမှု ရှိပါစေ

condom

အနောက်တံခါးဝနဲ့ ချစ်တင်းနှောတဲ့အခါ လူအများ စိတ်ပူကြတဲ့အရာကတော့ မစင်တွေ ပေမှာကို စိုးရိမ်ကြတာပါ။ ဒါပေမဲ့ ဒီအချက်သည် စိုးရိမ်စရာမဟုတ်ပါဘူး။ တကယ်လို့ ကွီးတို့ရဲ့ ပါတနာက ဝမ်းမှန်တဲ့ အစာအိမ်နဲ့ ပတ်သက်တဲ့ ဘာပြဿနာမှ မရှီဘူးဆိုရင်တော့ ဘာမှ စိတ်ပူစရာမလိုအပ်ပါဘူး။ ဒါ့အပြင် အကောင်းဆုံးကတော့ ကွန်ဒုံးကို အသုံးပြုတာ အကောင်းဆုံးပါပဲ။ ဒါ့အပြင် ကွီးတို့က Anal Sex ကနေ Vaginal Sex (သို့) Vaginal Sex ကနေ Anal Sex ဆီ ပြောင်းတဲ့အခါမှာလည်း ကွန်ဒုံး အသစ် ပြောင်းလဲ အသုံးပြုပေးဖို့ လိုအပ်ပါတယ်။

(၃) သွေးပူလေ့ကျင့်ခန်းနဲ့ အရင်စပါ

couple on bed

ကွီးတို့ လူကြီးကားတွေထဲက တွေ့သမျှကို အမှန်လို့ မထင်ပါနဲ့။ တကယ်တမ်း အပြင်မှာ ချစ်တင်းနှောရတာသည် လူကြီးကားတွေထဲက ချစ်တင်းနှောသလောက် မလွယ်ကူပါဘူး။ အထူးသဖြင့် ကွီးတို့သည် အနောက်တံခါးဝနဲ့ အခုမှ ပထမဦးဆုံး ချစ်တင်းနှောမယ်ဆိုရင် ပိုလို့တောင် မလွယ်ကူပါဘူး။ သွေးပူလေ့ကျင့်ခန်း အမျိုးမျိုး ပြုလုပ်ပြီးမှသာလျှင် ချစ်တင်းနှောဖို့ ရယ်ဒီဖြစ်မှာပါ။

(၄) ချောဆီ အသုံးပြုပါ

lube

အနောက်တံခါးဝဆိုတာသည် အမျိုးသမီးတွေရဲ့ မိန်းမကိုယ်နဲ့ မတူပါဘူး။ အမျိုးသမီးများရဲ့ မိန်းမကိုယ်သည် ချစ်တင်းနှောမယ်ဆိုရင် သဘာဝ ချောဆီ ထွက်ပေမယ့် အနောက်တံခါးဝကတော့ သဘာဝ ချောဆီ မထွက်တဲ့အတွက်ကြောင့် ချောဆီကို မဖြစ်မနေ အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် နာကျင်မှု လျော့နည်းပြီး အထွတ်အထိပ် ခံစားချက်ကို ရရှိပိုင်ဆိုင်နိုင်မှာပါ။

(၅) လူကြီး အရုပ်တွေကို ရွေးချယ်မှု မှန်ကန်ပါစေ

အနောက် ချစ်တင်းနှော

လူကြီး အရုပ်များ အမျိုးမျိုး ရှိတဲ့အနက် အနောက်တံခါးဝအတွက်ဆိုရင်တော့ သေးသေးသွယ်သွယ်နဲ့ ရှည်မျောမျောရှိတဲ့ လူကြီးအရုပ်တွေက အကောင်းဆုံးပါပဲ။ ဒီနည်းလမ်းနဲ့လည်း သွေးပူလေ့ကျင့်ခန်းကို အစပြုနုိင်ပါတယ်။

(၆) အကောင်းဆုံး Position ကတော့

အနောက် ချစ်တင်းနှော

အနောက်တံခါးဝအတွက် အကောင်းဆုံးအနေအထားကတော့ ဒေါ့ဂီအနေအထားပဲဖြစ်ပါတယ်။ ဒါ့အပြင် မြင်းစီးတဲ့ အနေအထားကလည်း ကွီးတို့ ရှော်တီလေးအတွက် ကောင်းမွန်စေပါတယ်။ တကယ်လို့ ကွီးတို့ ရှော်တီလေးက ဦးဆောင်ချင်တယ်ဆိုရင်တော့ အဲ့ဒီ အနေအထားက အကောင်းဆုံးပါပဲ။​

(၇) အလျင်မလိုပါနဲ့

အနောက် ချစ်တင်းနှော

ဖြည်းဖြည်းချင်းသာ အစပြုဖို့ လိုအပ်ပါတယ်။ တချို့တွေဆိုရင် တစ်ညတည်းနဲ့ မပြီးသွားတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါ့ကြောင့် ပထမတစ်ရက် မအောင်မြင်သွားလို့ စိတ်ဓာတ်မကျပါနဲ့။ ပုံမှန်ဆိုရင် နှစ်ရက်လောက်ကြာမှသာလျှင် အသားကျသွားတတ်တာမျိုးပါ။

(၈) ကိုယ့်ရဲ့ ပါတနာအတွက်လည်း ထည့်စဥ်းစားပါ

အနောက် ချစ်တင်းနှော

နာကျင်မှုကို အများဆုံး ခံစားရတဲ့သူကတော့ ကွီးတို့ရဲ့ ပါတနာပဲဖြစ်ပါတယ်။ ထိုးသွင်းခံရသူသည် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနဲ့ သွေးထွက်ခြင်းမျိုးတို့ကိုပါ ကြုံတွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ နှစ်ဦးသား စလုံဂ ဘေးကင်း လုံခြုံဖို့အတွက် ကွန်ဒုံးကို အသုံးပြုရမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော အနောက်တံခါးဝနဲ့ ချစ်တင်းနှောတဲ့အခါ ဘယ်လို အခက်အခဲမျိုးတွေ ကြုံတွေ့ရလေ့ရှိပါသလဲ။

Source: Mensjournal

Featured Image: Businessinsider