ရံဖန်ရံခါမှာ ချစ်တင်းနှော ချင်စိတ်တွေ ကုန်ခမ်းတာမျိုးက ဖြစ်တတ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာလဲဆိုရင် စိတ်ဖိစီးမှုတွေ များနေတဲ့ အချိန်မျိုးမှာ၊ နာမကျန်းဖြစ်တဲ့ အချိန်မျိုးမှာ ချစ်တင်းနှော ချင်စိတ်တွေ ကုန်ခမ်းသွားလေ့ရှိပါတယ်။ ကွီးတို့ရဲ့ ကုန်ခမ်းနေတဲ့ ချစ်တင်းနှော ချင်စိတ်တွေကို ပြန်လည် ဖြည့်တင်း ဖို့ဆိုရင်တော့ အခု ဖော်ပြပေးမယ့် အစားအစာများက အသင့်တော်ဆုံးပါပဲ။

ကမာကောင်များ

ကမာကောင်များ

ကမာကောင်များသည် ဇင့်ဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် ကွီးတို့ရဲ့ Testosterone ပမာဏကို မြှင့်တင်ပေးဖို့အတွက် ကူညီပေးနိုင်ပါတယ်။ Testosterone ဆိုတာကတော့ ကွီးတို့ကို ချစ်တင်းနှော ချင်စိတ်တွေ တဖွားဖွားပေါ်လာအောင် ကူညီပေးမယ့် ဟော်မုန်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဇင့်ဓာတ်က ကွီးတို့ဆီမှာ သုတ်ကောင်ရေ များများ ထွက်ရှိအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ တကယ်လို့ ကွီးတို့က ဒီလိုမျိုး အခွံမာတဲ့ ကမာကောင်တွေကို မစားချင်ဘူးဆိုရင်တော့ ဇင့်ဓာတ် ကြွယ်ဝတဲ့ အမဲသား၊ ဝက်သား၊ ရွှေဖရုံစေ့၊ ဒိန်ချဥ်နှင့် သီဟိုစေ့များကို အစားထိုး စားသုံးနိုင်ပါသေးတယ်။

သလဲသီး

သလဲသီး

ကျွမ်းကျင် ပညာရှင်များရဲ့ ပြောကြားချက်အရ သလဲသီး ဖျော်ရည်ကို သောက်သုံးပေးခြင်းအားဖြင့် ကွီးတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးလှည့်ပတ်မှု ကောင်းမွန်လာပြီး Testosterone ပမာဏလည်း မြှင့်တက်လာတဲ့အပြင် စိတ်ခံစားချက်များကိုလည်း ကောင်းမွန်လာစေ နိုင်ပါတယ်။ ကွီးတို့သည် ဖဲမွေ့ရာထက်မှာ ပါဖောမန့်စ် ကောင်းချင်တယ်ဆိုရင်တော့ သလဲသီး ဖျော်ရည်များကို များများ သောက်သုံးသင့်ပါတယ်။

ချောကလက်

ချစ်တင်းနှော ဖြည့်တင်း

ချောကလက်နဲ့ ရိုမန့်တစ်ဆန်ခြင်းသည် တစ်တွဲတည်း တွဲနေကြတာက ထူးဆန်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒီလိုမျိုး ချိုမြတဲ့ ချောကလက်သည် ကွီးတို့ရဲ့ ပျော်ရွှင်မှုကို တိုးမြှင့်သွားအောင်လည်း ကူညီပေးနိုင်ပြီး ချစ်တင်းနှော ဖို့ရန်အတွက် ပြန်လည် အားအင် ဖြည့်တင်း ပေးနိုင်ပါတယ်။

ဟင်းနုနွယ်

ချစ်တင်းနှော ဖြည့်တင်း

ဟင်းနုနွယ်ရွက်ထဲတွင် မဂ္ဂနီစီယမ်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ထို မဂ္ဂနီစီယမ်ဓာတ်က ကွီးတို့ ခန္ဓာကိုယ်တွင်းရှိ Testosterone ပမာဏကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သူ့ထဲတွင် သံဓာတ်လည်း ပါဝင်ပြီး ထိုသံဓာတ်က ချစ်တင်းနှော နေစဥ်အတွင်း (အထူးသဖြင့် အမျိုးသမီးများတွင်) စိတ်ကျေနပ်မှု အပြည့်အဝ ရရှိအောင် ကူညီပေးနိုင်ပါတယ်။

ဖရဲသီး

ချစ်တင်းနှော ဖြည့်တင်း

ဖရဲသီးထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်များက ခန္ဓာကိုယ်ထဲတွင် သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး ညီလေးဆီသို့ သွေး ရောက်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ပန်းသေ ပန်းညှိုး ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

ထောပတ်သီး

ချစ်တင်းနှော ဖြည့်တင်း

ကျွမ်းကျင် ပညာရှင်များရဲ့ ပြောကြားချက်အရ ထောပတ်သီးသည် ပင်ပန်းနွမ်းနယ်မှုများကို ပြေလျော့သွားစေပြီး ကွီးတို့ရဲ့ စွမ်းဆောင်ရည် မြင့်တက်လာအောင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ ကွီးတို့ စားတာနဲ့ ကွီးတို့အတွက် အကျိုးထူးစေမှာ မယုံမရှိပါနဲ့။

ရှောင်ကြဥ်ရမယ့် အစားအစာများကတော့ …

  • ပြည့်ဝဆီ လွန်ကဲတဲ့ အစားအစာများ
  • ကြာရှည်ခံ အစားအစာများ
  • အယ်လ်ကိုဟော ဖျော်ရည်များကို ဆေးဖြစ်ဝါးဖြစ်ထက် ကျော်လွန်ပြီး အလွန်အမင်း မှီဝဲခြင်း

အစရှိတဲ့ အရာများကို ရှောင်ကြဥ်ဖို့ လိုအပ်ပါတယ်။

ကဲ… ဒါဆိုရင် ကွီးတို့ရဲ့ ချစ်တင်းနှော ချင် စိတ်ကို ပြန်လည် ဖြည့်တင်း ဖို့ အဆင်သင့်ပဲလား။

Source: Webmd

Featured Image: Earth.com