ချစ်တင်းနှော နေစဥ်မှာ ကွီးတို့ ညီလေးရဲ့ အနံ့အသက်တွေ ကောင်းမွန်ဖို့ ရေမွှေး တွေ အသားကုန် ဆွတ်နေရပြီလား။ ဒါဆိုရင်တော့ မဟုတ်သေးပါဘူး။ ကွီးတို့ ညီလေးကို အနံ့အသက် ဆိုးရွားစေတဲ့ တရားခံကို သေချာ ရှာဖွေပြီး ဆိုးရွားတဲ့ အနံ့အသက်များကို သေချာ ဖယ်ရှားဖို့ လိုအပ်ပါတယ်။

ကွီးတို့ ခန္ဓာကိုယ်က အနံ့အသက်တွေ ထုတ်လွှတ်တာကတော့ ပုံမှန်ပါပဲ။ ထူးဆန်းတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ကွီးတို့ ညီလေးသည်လည်း အနံ့အသက် ပြင်းနိုင်ပါတယ်။ လေဝင် လေထွက် မရှိခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေး မရှိခြင်း၊ ချွေးထွက်များခြင်း၊ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ခံစားနေရခြင်း (သို့) Smegma များ စုပုံနေခြင်း အစရှိတဲ့ အကြောင်းအရင်းများကြောင့် ဖြစ်နိုင်ပါတယ်။

အကြောင်းအရင်းပေါ် မူတည်ပြီး ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ပါ။

လေဝင်လေထွက် မကောင်းတဲ့အခါ

man with underwear

ကွီးတို့ ဝတ်ဆင်တဲ့ အဝတ်အစားများက လေဝင်လေထွက် မကောင်းဘူးဆိုရင်လည်း ကွီးတို့ ညီလေးက အနံ့အသက်တွေ ပြင်းထန်နိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လေဝင်လေထွက် မရှိတဲ့အတွက်ကြောင့် ဆဲသေများက ချွေးနဲ့အတူ ပိတ်မိနေပြီး အနံ့အသက်ဆိုးများ ထွက်ရှိနေခြင်းဖြစ်ပါတယ်။

ဘယ်လိုဖြေရှင်းရမလဲဆိုရင်

ချည်သားလိုမျိုး လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံ ဘောင်းဘီများ ပြောင်းလဲ ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ ကြပ်ထုတ်လွန်းတဲ့ ဘောင်းဘီများလည်း မဝတ်ဆင်သင့်ပါဘူး။ ဒါ့အပြင် အတွင်းခံဘောင်းဘီများကိုလည်း ပုံမှန် လျှော်ဖွတ်၊ နေလှန်း အခြောက်ခံပြီးမှ ဝတ်ဆင်သင့်ပါတယ်။

လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ခံစားရတဲ့အခါ

ချစ်တင်းနှော ရေမွှေး

ကလိုင်မီးဒီးယား (Chlamydia) ၊ ဆီးပူညောင်းကျ ရောဂါ၊ လိင်အင်္ဂါ ကြွက်နို့ရောဂါ အစရှိတဲ့ ရောဂါများ ခံစားနေရတဲ့အချိန်မှာ ကွီးတို့ ညီလေးကနေ အစိမ်းရောင် (သို့) အဖြူရောင် (သို့) အဝါရောင် အရည်များ ထွက်ရှိနေတတ်ပါတယ်။ ဆီးလမ်းကြောင်းကနေတဆင့် ပါလာတာမျိုးလည်း ရှိတတ်ပါတယ်။ ထိုအရည်တွေကလည်း အနံ့အသက် ပြင်းထန်တတ်ပါတယ်။

ဒီလိုမျိုး ကြုံတွေ့နေရရင် အကောင်းဆုံးကတော့ ဆရာဝန်ထံမှာ ကုသမှု ခံယူတာပါပဲ။ ဒီရောဂါတွေ မခံစားရဖို့အတွက် အကောင်းဆုံး ကာကွယ်နည်းကတော့ ကွန်ဒုံး အသုံးပြုခြင်းပဲဖြစ်ပါတယ်။

ချွေးထွက်များတဲ့အခါ

ချစ်တင်းနှော ရေမွှေး

ကွီးတို့ ခန္ဓာကိုယ် တစ်ခုလုံးသည် ချွေးဂလင်းများနဲ့ ဖုံးအုပ်ထားတာဖြစ်ပါတယ်။ ထိုဂလင်းများက ရေနှင့် ဆားကို စုပ်ယူထားပြီး ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို အေးမြအောင် ပြုလုပ်ပေးထားတာပါ။ ချွေးဂလင်းကနေ ပြန်ထွက်လာတဲ့ ချွေးတွေက ခန္ဓာကိုယ် အနံ့တွေ ပါလာတတ်ပါတယ်။ ကွီးတို့ ညီလေးရဲ့ အနံ့ကလည်းပဲ ကွီးတို့ရဲ့ ချိုင်းချွေးနံ့လိုပဲ တစ်နေ့တာလုံး ချွေးနံ့တွေ ဖုံးလွှမ်းနေတဲ့အခါ အနံ့အသက်တွေ ပြင်းထန်နိုင်ပါတယ်။

ကွီးတို့ ဘာလုပ်လို့ရလဲဆိုရင် နေ့စဥ် နေ့တိုင်း ရေမှန်မှန်ချိုးပေးဖို့ လိုအပ်ပါတယ်။ အခုလို ချွေးထွက်များနဲ့ ကာလတွေမှာဆိုရင် မနက် အိပ်ရာနိုးတဲ့အချိန် တစ်ချိန်၊ ညဘက် အိပ်ရာဝင်ခါနီးအချိန် တစ်ချိန် ရေချိုးပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ချည်သားလိုမျိုး ပွပွ ရောင်းရောင်းရှိပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများကို ဝတ်ဆင်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကွီးတို့ ကိစ္စ ပြီးမြောက်လို့ သုတ်ရည်များ ထွက်ပြီးတဲ့နောက်မှာလည်း ကွီးတို့ ညီလေးကို သေချာ သန့်ရှင်းရေး လုပ်ဖို့ လိုအပ်ပါတယ်။

တစ်ကိုယ်ရည် သန့်ရှင်းရေး နိုင်နိုင်လုပ်ပြီး ကျန်းမာရေး အသိလည်း ဆောင်ထားမယ်ဆိုရင်တော့ ချစ်တင်းနှော တဲ့အခါ ဘာ ရေမွှေး မှ မလိုအပ်ပါဘူး။

ကွီးတို့ရော ဒီအချက်များကို လိုက်နာနိုင်ရဲ့လား။

Source: Health.com

Featured Image: Rapidstdtesting