သုတ်လွှတ်မြန်တဲ့ ပြဿနာဟာ အမျိုးသားတွေမှာ အဖြစ်အများဆုံး လိင်မှုဆိုင်ရာကိစ္စ တစ်ခုပါ။ အချိန်မတိုင်မီ သုတ်လွှတ်မြန်တဲ့ ပြဿနာ ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းကို ၂ ပိုင်းခွဲပြီး ပြောရပါမယ်။ ပထမတစ်ခုကတော့ လိင်မှုကိစ္စမှာ အတွေ့အကြုံ လုံးဝမရှိသေးတဲ့ အမျိုးသားတွေ ဒါမှမဟုတ် အတွေ့အကြုံ နုနယ်သေးတဲ့ အမျိုးသားတွေမှာ အထိအတွေ့ ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်း နည်းတာကြောင့် စောစောစီးစီး သုတ်လွှတ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ပါတနာနဲ့ ဆက်ဆံရေးပြဿနာတွေ ဒါမှမဟုတ် သုံးစွဲမှီဝဲရတဲ့ ဆေးဝါးတွေနဲ့ စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်မှု ၊ စိတ်ဓာတ်ကျခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့် သုတ်လွှတ်မြန်တဲ့ ပြဿနာ ခံစားရနိုင်ပါတယ်။ သုတ်လွှတ်မြန်တဲ့ ပြဿနာကို ကုသနိုင်တဲ့နည်းလမ်းတွေ အမျိုးမျိုးရှိပြီး ဒီထဲကမှ အထိရောက်ဆုံး နည်းလမ်း ၃ ခုကို ပြောပြပေးချင်ပါတယ်။ ကွီးတို့က ဘာမှမဘာရသေးပဲ ကိစ္စပြီးနေလို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဖတ်လိုက်ပါ။

(၁) “Stop-Start” Technique သုံးပါ

“Stop-Start” Technique

Photo : Times of India

“Stop-Start” Technique ကို Edging လို့လည်း လူသိများပါတယ်။ အလွယ်ပြောရရင်တော့ ချစ်တင်းနှော နေစဉ်အတွင်းမှာ  အထွတ်အထိပ် ခံစားမှု အော်ဂဇင် ဖြစ်တော့မယ်ဆိုရင် လှုပ်ရှားမှုအားလုံးကို ချက်ချင်းရပ်တန့်ပြီး စက္ကန့် ၃၀ လောက် အနားပေးလိုက်တာပါ။ ပြီးမှ နောက်တစ်ကြိမ် ပြန်စရမှာ ဖြစ်ပါတယ်။ ကိစ္စပြီး လို့ သုတ်မလွှတ်ခင်အထိ ဒီလို ၃ – ၄ ကြိမ်လောက် ပြုလုပ်နိုင်ပါတယ်။ ဒါက အော်ဂဇင် ဖြစ်ချင်တဲ့ ခံစားချက်ကို ထိန်းချုပ်ပေးနိုင်ပြီး ဆက်ဆံနေချိန်အတွင်းမှာ စောစီးစွာ သုတ်လွှတ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။

(၂) တင်ပါးဆုံတွင်း ကြွက်သားတွေကို သန်မာအောင် လေ့ကျင့်ပါ

Strengthen your muscles

Photo : Best Health Magazine

Pelvic Floor Muscles လို့ခေါ်တဲ့ တင်ပါးဆုံတွင်း ကြွက်သားတွေ အားနည်းနေတဲ့ အခါမှာလည်း စောစောစီးစီး ကိစ္စပြီး တက်သလို လိင်တံ ပြည့်ပြည့်ဝဝ ထောင်မတ်နိုင်စွမ်း မပြုနိုင်တဲ့ အခြေအနေတွေလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအတွက်ကကြောင့် တင်ပါးဆုံတွင်း ကြွက်သားတွေကို သန်မာအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ တင်ပါးဆုံတွင်း ကြွက်သားတွေကို အားကောင်းစေဖို့အတွက်ဆိုရင် Kegel လေ့ကျင့်ခန်းတွေက အထိရောက်ဆုံးပဲ ဖြစ်ပါတယ်။ Kegel လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပေးတာဟာ သုတ်လွှတ်မြန်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်သလို လိင်မှုစွမ်းဆောင်ရည်ကိုလည်း တိုးတက်လာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၃) Squeeze နည်းလမ်း သုံးပါ

The squeeze Technique

Photo : Premier Men’s Medical Center

Squeeze နည်းလမ်း ကလည်း Stop-Start” Technique နဲ့ ဆင်တူပါတယ်။ ဆက်ဆံနေချိန် အော်ဂဇင် ဖြစ်ချင်လာပြီဆိုရင် လှုပ်ရှားမှုကို ချက်ချင်းရပ်တန့်ပြီး ဖွားဖက်တော်ရဲ့ ထိပ်ဖူးကို လက်နဲ့ ညှစ်ထားပေးရမှာ ဖြစ်ပါတယ်။ သတိထားရမှာ တစ်ခုကတော့ အမျိုးသားတွေရဲ့ ဖွားဖက်တော်ဟာ နူးညံ့တဲ့ အရေပြား နေရာဖြစ်တာကြောင့် အားသုံးပြီး တင်းတင်းကျပ်ကျပ် ဖိညှစ်တာမျိုးတော့ မလုပ်မိဖို့ လိုပါတယ်။ ဒါက လိင်တံ တစ်ရှုးတွေကို ရောင်ရမ်းစေပြီး အောင့်တာနာတာတွေ ဖြစ်စေနိုင်လို့ပါ။ Squeeze နည်းလမ်းကို ချစ်တင်းနှော စဉ်အတွင်းမှ မဟုတ်ပါဘူး။ တစ်ကိုယ်ရည် အာသာဖြေချိန်မှာလည်း အသုံးပြု လေ့ကျင့်လို့ ရပါတယ်။

လွယ်ကူရိုးရှင်းပြီး လူတိုင်းလုပ်နိုင်တဲ့ အထက်ပါ နည်းလမ်း ၃ ခုကို ပြုလုပ်ပေးခြင်းဖြင့် ချစ်တင်းနှော ချိန်မှာ စောစီးစွာ ကိစ္စပြီး သွားတဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါပြီ။

Source : WebMD

Featured Photo : UPGUYS