ကွီးတို့ ရှော်တီလေးနဲ့ ချစ်တင်းနှောတဲ့အခါ အပေးအယူ မျှခြင်း၊ မမျှခြင်းက အင်မတန်မှ အရေးကြီးပါတယ်။ အပေးအယူ မမျှတဲ့အခါ ကွီးတို့ရဲ့ ချစ်တင်းနှောခြင်းက ဘယ်လိုမှကို ကြည်နူးမှု ဆောင်ကျဥ်းပေးမှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် အပေးအယူ မျှ မျှနဲ့ ချစ်တင်းနှော နိုင်ဖို့ဆိုရင် ချစ်တင်းနှောနေစဥ်အတွင်းမှာ အခုဖော်ပြသွားတာတွေ မ လုပ် မိဖို့ လို အပ်ပါတယ်။

အဆင့်တွေ ကျော်သွားခြင်း

အဆင့်တွေ ကျော်သွားခြင်း

ကွီးတို့က စိတ်ပါနေပေမယ့် ကွီးတို့ရဲ့ ရှော်တီလေးက စိတ်မပါသေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ ရှော်တီလေးကို လိင်ပိုင်းဆိုင်ရာ စိတ်ပါလာအောင် လှုံ့ဆော်ပေးဖို့ မမေ့ပါနဲ့။ သူ(မ)ကို ပွတ်သပ်ပေးတာမျိုး၊ နမ်းရှုံ့ပေးတာမျိုး၊ သူ(မ) စိတ်ထဲ ချစ်တင်းနှော ချင်စိတ် ပေါ်လာအောင် လှုံ့ဆော်ပေးလို့ရတဲ့ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။​ ကွီးတို့ ရှော်တီလေးနဲ့ အဆင်ပြေတဲ့ နည်းလမ်းမျိုးကို အသုံးချသင့်ပါတယ်။

ကွီးတို့ စကီလေး ပြီးမြောက်ဖို့ကိုသာ ဦးစားပေးနေခြင်း

ချစ်တင်းနှော လုပ် လို

ကွီးတို့ ချစ်တင်းနှော တဲ့အခါမှာ မ လုပ် သင့်ဆုံးအရာကတော့ ပြီးမြောက်ဖို့ကို အာရုံစူးစိုက်နေခြင်းပဲ ဖြစ်ပါတယ်။ ထိုအချက်ကို မေ့ထားဖို့ လို အပ်ပါတယ်။ ကွီးတို့ ကိုယ်တိုင်ရဲ့ ပြီးမြောက်ခြင်းအတွက်ပဲဖြစ်စေ၊ ရှော်တီလေးရဲ့ ပြီးမြောက်ခြင်းကိုပဲ ဖြစ်စေ အာရုံစိုက်နေမိမယ်ဆိုရင်တော့ ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ကွီးတို့ စကီလေး မပြီးမှာစိုးပြီး အရိပ်အကဲ ကြည့်နေမယ်ဆိုရင်လည်း ကွီးတို့ ရှော်တီလေးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်တာကြောင့် သတိထားသင့်ပါတယ်။

လူကြီးကားတွေထဲကအတိုင်း လိုက်လုပ်ခြင်း

ချစ်တင်းနှော လုပ် လို

၁၈ ယောက် စုပြီး ကြည့်ကြတဲ့ ဇာတ်ကားတွေက ကွီးတို့ တစ်ကိုယ်ရည် အာသာဖြေတဲ့အခါမှာ အထောက်အကူဖြစ်စေတဲ့ အရာတွေပါပဲ။ ဒါပေမဲ့ အဲ့ဒီ့အထဲကအတိုင်း လိုက်လုပ်ဖို့ဆိုတာက လက်တွေ့မှာတော့ မဖြစ်နိုင်ပါဘူး။ အဲ့ဒီလိုဇာတ်ကားမျိုးတွေက ပြီးပြည့်စုံနေအောင် ရိုက်ကူးထားတာဖြစ်လို့ ကွီးတို့က ကွက်တိကျအောင် တုပပြီး လိုက်လုပ်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါ့ကြောင့် ဘာကိုမှ မမျှော်လင့်ဘဲ ကိုယ့်မှာ တတ်ကျွမ်းထားတဲ့ သိုင်းကွက်များကိုသာ သေသေချာချာ ထုတ်သုံးတတ်ဖို့ လိုအပ်ပါတယ်။​

ကိစ္စပြီးမြောက်သွားတာနဲ့ ချက်ချင်း အိပ်ပျော်သွားခြင်း

ချစ်တင်းနှော လုပ် လို

ဒီအချက်ကတော့ (လုံးဝ)ကို မလုပ်သင့်တဲ့ အမှားတစ်ခု ဖြစ်ပါတယ်။ ကွီးတို့ ရှော်တီလေးနဲ့ ချစ်တင်းနှော ပြီးပြီးချင်း အိပ်မောကျသွားတာမျိုးက ကွီးတို့ ရှော်တီလေးအတွက် စိတ်မလုံခြုံမှု၊ အထီးကျန်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ချစ်တင်းနှောပြီးတာနဲ့ ချက်ချင်း အိပ်မောကျသွားတာမျိုး မဟုတ်ဘဲ အချင်းချင်း ပွေ့ဖက်ထားပြီး တီတီတာတာ စကားပြောဖို့ အချိန်လည်း လိုအပ်ပါတယ်။ ဒါမှသာလျှင် ကွီးတို့ နှစ်ယောက်ကြား သံယောဇဥ်က ပိုမို နက်ရှိုင်းသွားမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ အလွဲတွေကို ချစ်တင်းနှော နေစဥ်မှာ ပြုလုပ်နေမိပြီလား။

Source: Redbookmag

Featured Image: Theadventurechallenge