ဖွားဖက်တော် သန်မာမှုဟာ ယောကျာ်းတစ်ယောက် အတွက်တော့ အရေးကြီးဆုံးပါပဲ။ ဒါက လိင်မှုဆိုင်ရာလှုပ်ရှားမှုတွေ လုပ်ဆောင်ရာမှာ သာယာကျေနပ်ဖွယ် ခံစားချက်ကို အပြည့်အဝ ခံစားရစေဖို့ အလွန်အရေးပါပါတယ်။ ဖွားဖက်တော် ညီလေးဟာ ပြည့်ပြည့်ဝဝ အချိန်ကြာကြာ သန်စွမ်းမှုရှိမှသာ လိင်မှုကိစ္စ ဆောင်ရွက်ရာမှာ အဆင်ပြေနိုင်မှာ ဖြစ်ပြီး သင့်ချစ်သူပါတနာနဲ့ကြားက ချစ်ခင်ရင်းနှီးမှု ဆက်ဆံရေး ၊ ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရမှု စတဲ့ ကောင်းမွန်တဲ့ ခံစားချက်အတွေ့အကြုံတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေရဲ့ ဖွားဖက်တော် ညီလေး ကို အရင်ကထက် ပိုသန်ပိုမာလာစေဖို့ သိထားသင့်တဲ့ လျှို့ဝှက်ချက် တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) အာဟာရ ပြည့်ဝအောင်စားပါ

Nutritious Diet

Photo : Eat This Not That

ဗီတာမင် ၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေကို ပြည့်စုံမျှတအောင် စားသုံးတာက လိင်မှုစွမ်းဆောင်ရည်နဲ့ ဖွားဖက်တော် ကျန်းမာရေးကို အလွန်အကျိုးပြုပါတယ်။ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ လတ်ဆတ်တဲ့ သစ်သီးတွေ ၊ ဟင်းသီး ဟင်းရွက်တွေ ၊ အဆီနည်းတဲ့ အသားတွေနဲ့ အစေ့အဆန်တွေကို ပါဝင်အောင် စားသုံးပေးရပါမယ်။ အချိုနဲ့ အငန် ပါဝင်မှုများတဲ့ အစားအစာတွေကိုတော့ တက်နိုင်သမျှ ရှောင်ပါ။ ဒါကြောင့် လိင်မှုဆိုင်ရာစွမ်းဆောင်ရည်ကို အကောင်းဆုံး ထိန်းထားနိုင်ဖို့ ရေဓာတ်ပြည့်ဝနေဖို့ကလည်း အဓိကကျတာကြောင့် ရေများများသောက်သုံးပေးဖို့လည်း လိုအပ်ပါတယ်။

(၂) ၇ – ၈ နာရီ ပြည့်အောင် အိပ်ပါ

Sleep

Photo : Men’s Journal

လုံလောက်စွာ အိပ်စက် အနားယူခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းထိန်းညှိမှုနဲ့ လိင်မှုဆိုင်ရာကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုစက်ဝန်းကို ရရှိစေဖို့အတွက် တစ်နေ့တာရဲ့ အနားယူအိပ်စက်ချိန်ကို ပုံမှန်သတ်မှတ်ထားဖို့ လိုပါတယ်။ ဒါမှသာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုယန္တရားတွေကို ကောင်းမွန်စွာ လည်ပတ်နိုင်စေမှာပါ။ တစ်ရက်ကို အနည်းဆုံး ၇ – ၈ နာရီ ပြည့်ဝအောင်နဲ့ အချိန်မှန်မှန် အိပ်စက်အနားယူခြင်းဟာ အမျိုးသားတွေရဲ့ ဖွားဖက်တော် တောင့်တင်းသန်မာစေဖို့ရာမှာ အလွန်အထောက်အကူ ဖြစ်စေတယ်လို့ လေ့လာမှုများစွာက သက်သေပြထားပါတယ်။

(၃) စိတ်ဖိစီးမှု လျှော့ချပါ

meditating

Photo : The Fashionisto

တရားထိုင်ခြင်း ၊ ယောဂကျင့်ခြင်းနဲ့ အသက်ပြင်းပြင်းရှူခြင်း ကဲ့သို့ အလေ့အကျင့်တွေဟာ စိတ်ဖိစီးမှု လျှော့ချမှာ အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနည်းလေလေ ကျန်းမာပျော်ရွှင်တဲ့ နေထိုင်မှုပုံစံကို ရရှိလေ ဖြစ်ပါတယ်။ အမျိုးသားတွေအနေနဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ ဖွားဖက်တော် သန်စွမ်းမှုအတွက် စိတ်ဖိစီးမှု နည်းတဲ့ နေထိုင်မှုပုံစံ ရှိဖို့ဟာ အဓိကကျတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို တက်နိုင်သမျှ လျှော့ချနေနိုင်ဖို့ အကြံပြုချင်ပါတယ်။

(၄) ဆေးလိပ်နဲ့ နီကိုတင်း ဖြတ်ပါ

Quit Smoking and Nicotine

Photo : Verywell Mind

နီကိုတင်း သုံးစွဲမှုနဲ့ ဆေးလိပ်သောက်ခြင်းဟာ သွေးကြောတွေကို ကျဉ်းစေပြီး ဖွားဖက်တော် ဆီသို့ သွေးစီးဆင်းမှုကို ကမောက်ကမ ဖြစ်စေပါတယ်။ လိင်အင်္ဂါရဲ့ လုပ်ဆောင်တွေကို အားကောင်းစေပြီး နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ဖို့ဆိုရင် အရင်ဆုံး ဆေးလိပ်နဲ့ နီကိုတင်း သုံးစွဲကို ဖြတ်သင့်ပါတယ်။ ကွီးတို့ရဲ့ ဖွားဖက်တော်လေး ကောင်းစွာ သန်မာစေနိုင်ဖို့ ဆေးလိပ်သောက်ခြင်းနဲ့ နီကိုတင်း သုံးစွဲခြင်းကို ဒီနေ့ကစပြီး ရပ်တန့်လိုက်ပါ။

(၅) တစ်ရက်ကို ၄၅ မိနစ်ခန့် လေ့ကျင့်ခန်း လုပ်ပါ

Physically Active

Photo : IDEA Health & Fitness Association

နှလုံး ကျန်းမာရေးကို အထောက်အကူ ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ သွေးစီးဆင်းမှုကို ကောင်းမွန်စေဖို့အတွက် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါတယ်။ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားထုနဲ့ အလုံးစုံ ကြံ့ခိုင်မှုကို တိုးတက်စေဖို့ရန်အတွက် Strength Training လေ့ကျင့်ခန်း တွေကို ဦးစားပေး လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ အမျိုးသားတွေရဲ့ ဖွားဖက်တော် ညီလေး တောင့်တင်းသန်မာမှုကို အားကောင်းစေမယ့် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။ ဒါကြောင့် တစ်ရက်ကို အနည်းဆုံး နာရီဝက် ၄၅ မိနစ်ခန့် လေ့ကျင့်ခန်း လုပ်ဆောင်ပေးသင့်ပြီး လိင်အင်္ဂါ သန်စွမ်းမှုကို အထောက်အကူပြုတဲ့ Pelvic Exercises တွေကိုလည်း လုပ်ပေးသင့်ပါတယ်။

(၆) ကျန်းမာရေး အခြေအနေတွေ ဆန်းစစ်ပါ

Underlying Health Conditions

Photo : Asilia Healthcare

အမျိုးသားတွေရဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လိင်အင်္ဂါ သန်စွမ်းမှုဟာ တခြားသော‌ နောက်ခံ ကျန်းမာရေး အခြေအနေတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။ ဥပမာအားဖြင့်တော့ သွေးတွင်းသကြားဓာတ် ၊ သွေးပေါင်ချိန်နဲ့ ကိုလက်စထရော ပမာဏစတာတွေကို ပုံမှန်စစ်ဆေးသင့်ပြီး ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး အခြေအနေတွေကို အမြဲတစေ စောင့်ကြည့်လေ့လာ နေသင့်ပါတယ်။ လိုအပ်ရင် လိုအပ်သလို ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူတွေနဲ့ နားလည်တက်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး အနည်းဆုံး ၆ လ တစ်ကြိမ်ခန့် ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့ အကြံပေးချင်ပါတယ်။

Source : My Fit Brain

Featured Photo : Chemist Click