ချစ်တင်းနှော ဖို့အတွက် ရည်ရွယ်ကာ ထုတ်လုပ်ထားတဲ့ ကွန်ဒုံးတွေမှာ သက်တမ်း ကုန်ဆုံးရက် ရှိတယ်ဆိုတာ ကွီးတို့ သိပြီးပါပြီလား။

ကွန်ဒုံး တစ်ခုရဲ့ သက်တမ်းက ပျမ်းမျှအားဖြင့် တစ်နှစ်ကနေ ငါးနှစ်အထိ သက်တမ်းရှိပါတယ်။ ထုတ်လုပ်တဲ့အခါမှာ အသုံးပြုထားတဲ့ ကုန်ကြမ်းများပေါ် မူတည်ပြီးသော်လည်းကောင်း၊ သိုလှောင်ထားပုံပေါ် မူတည်ပြီးသော် လည်းကောင်း သက်တမ်းကြာရှည်ခံနှုန်းက ပြောင်းလဲသွားတတ်ပါတယ်။

ဘာ့ကြောင့် ချစ်တင်းနှော ဖို့အတွက် ထုတ်လုပ်ထားတဲ့ ကွန်ဒုံးတွေမှာ သက်တမ်း ကုန်ဆုံးရက်က ရှိနေရတာလဲ

condoms

ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ကုန်ပစ္စည်းများအားလုံးမှာ သက်တမ်း ကုန်ဆုံးရက်ဆိုတာ ရှိပါတယ်။ ကွန်ဒုံးကလည်း ထိုကျန်းမာရေး ပစ္စည်းများထဲက တစ်ခု အပါအဝင်ပါပဲ။

ကွန်ဒုံးထဲမှာ ပါဝင်တဲ့ ပစ္စည်းများကို ကြည့်ခြင်းအားဖြင့် ဒီကွန်ဒုံးက ဘယ်နှနှစ်ခံသလဲဆိုတာကို သိရှိနိုင်ပါတယ်။ Latex ပါဝင်ပစ္စည်းကိုမှ Spermicide မပါဘူးဆိုရင်တော့ ပျမ်းမျှအားဖြင့် ၅ နှစ်ကြာ ခံပါတယ်။ Polyurethane ပါပြီး Spermicide မပါရင်လည်း ၅ နှစ်နှင့်အထက် ခံပါတယ်။ Latex (သို့) Polyurethane ကိုမှ Spermicide ပါရင်တော့ ၃ နှစ်နှင့် အထက် ခံပါတယ်။ Plolyisoprene ကို သုံးထားရင်လည်း ၃ နှစ်နှင့် အထက်ခံပြီး Lambskin ၊ Sheepskin တို့ကို သုံးထားရင်တော့ ၁ နှစ်နှင့် အထက်သာ ခံပါတယ်။

မမှန်ကန်တဲ့ ထားသိုနည်း

condoms

အပူနှင့် ခြောက်သွေ့မှုက ကွန်ဒုံးရဲ့ အရည်အသွေးနှင့် ထုတ်ပိုးမှု ကွာလတီကို လျော့ကျသွားစေနိုင်ပါတယ်။ အပူနဲ့ ထိတွေ့ပါ များရင် သက်တမ်း ကုန်ဆုံးရက် မတိုင်မီ အာနိသင် ပျက်ပြယ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သေသေချာချာ နည်းမှန် လမ်းမှန် ထိန်းသိမ်း သိုလှောင်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ချွန်ထက်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ဓား၊ ကတ်ကြေးတို့နဲ့အတူတူ သိမ်းဆည်းထားတာမျိုးကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။

မှန်ကန်တဲ့ ထားသိုနည်း

ချစ်တင်းနှော သက်တမ်း

ကွန်ဒုံးများကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပါတယ်။ ဥပမာ ကွီးတို့ရဲ့ အံဆွဲထဲမှာပဲဖြစ်ဖြစ်၊ အဝတ်ဘီဒိုထဲမှာပဲဖြစ်ဖြစ် သိမ်းဆည်းထားသို နိုင်ပါတယ်။ ဒါပေမဲ့ ကားထဲမှာ၊ ရေချိုးခန်းထဲမှာ (သို့) ပိုက်ဆံအိတ်ထဲမှာ သိမ်းထားခြင်းက ကွန်ဒုံးရဲ့ အာနိသင်ကို ပျောက်ပြယ်သွားစေနိုင်တာကြောင့် ရှောင်ကြဥ်သင့်ပါတယ်။

သက်တမ်း ကုန်ဆုံးရက်ကို ဘယ်မှာ မြင်တွေ့နိုင်မလဲ

ချစ်တင်းနှော သက်တမ်း

ကွန်ဒုံး ဝယ်တဲ့အခါ သူ့ရဲ့ ဗူးခွံပေါ်မှာ ရေးထားသလို၊ အထဲက ကွန်ဒုံး အထုပ် တစ်ထုပ်ချင်းစီရဲ့ ထိပ်ဖျားပိုင်းမှာလည်း ရေးထားပါတယ်။ ကွန်ဒုံး မသုံးခင်မှာ ကွန်ဒုံး အထုပ်က သက်တမ်း ကုန်သွားပြီလား၊ အထုပ်က ဖောက်ထားပြီးသား ဖြစ်နေတာမျိုး၊ ပျက်စီးနေတာမျိုး ရှိ မရှိ စစ်ဆေးထားးသင့်ပါတယ်။ အဲ့ဒီလိုမျိုး ပျက်စီး နေတာမျိုးတွေ မြင်တွေ့ရတယ်ဆိုရင်တော့ မသုံးတာ အကောင်းဆုံးပါပဲ။

Source: Verywellhealth

Featured Image: Bridgercare.org