ကွီးတို့ ချစ်သူလေးနဲ့ တစ်ခါ တစ်ခါ ချစ်တင်းနှော ဖို့ဆိုတာ ကိုယ်ရော စိတ်ပါ ကျန်းမာနေပြီး သက်လုံကောင်းကာ အမောခံနိုင်ဖို့ လိုအပ်ပါတယ်။ ကွီးတို့သာ မကျန်းမမာ ဖြစ်နေမယ်၊ ရောဂါ အခံတွေ ပြည့်နှက်နေမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ချစ်တင်းနှော ခြင်းဖြစ်စဥ်ကို အနှောင့် အယှက်ဖြစ်စေမှာ အမှန်ပါပဲ။

ဘယ်လို ရောဂါအခံတွေက ကွီးတို့ရဲ့ ချစ်တင်းနှော ခြင်းဖြစ်စဥ်ကို အနှောင့် အယှက်ဖြစ်စေသလဲဆိုတာကို ကွီးတို့ သိပြီးပါပြီလား။

အဆစ်အမြစ် ရောင်ရမ်းခြင်းရောဂါ

အဆစ်အမြစ် ရောင်ရမ်းခြင်းရောဂ

အမေရိကန် အရိုးအကြော ဆေးပညာငှါနက လေ့လာချက်အရ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း၊ ညောင်းညာခြင်း၊ အကြောအခြင်များ တောင့်တင်းနေခြင်းတို့သည် လိင်ပိုင်းဆိုင်ရာ တပ်မက်မှုကို လျော့ကျစေပြီး ချစ်တင်းနှော ခြင်းကို အနှောင့် အယှက်ဖြစ်စေနိုင်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်ခြင်းမျိုးတွေကိုလည်း ကြုံတွေ့ရနိုင်တယ်လို့လည်း ဖော်ပြထားပါသေးတယ်။

ဆီးချိုရောဂါ

ဆီးချိုရောဂါ

သုတေသန လေ့လာချက်များအရ ရွှေပန်းညှိုးသွားတဲ့ အမျိုးသားများရဲ့ တစ်ဝက်ကျော်ခန့်တွင် ဆီးချိုရောဂါ ရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ မွေးရာပါ မျိုးရိုးကြောင့် ဆီးချိုရောဂါ ရှိတာပဲဖြစ်ဖြစ်၊ အသက်ကြီးလာမှ ဆီးချိုရောဂါပဲ ရရ ဘယ်လိုကြောင့်ပဲဖြစ်နေပါစေ သွေးတွင်း သကြားဓာတ်က မြင့်တက်နေမှာပါပဲ။ သွေးတွင်း သကြားဓာတ် မြင့်တက်နေခြင်းသည် ရွှေပန်း ညှိုးသွားစေပြီး လိင်စိတ် တပ်မက်မှုကိုလည်း လျော့ကျစေနိုင်ပါတယ်။

စိတ်ကျရောဂါ

ချစ်တင်းနှော အနှောင့်

စိတ်ကျရောဂါကတော့ ကွီးတို့ရဲ့ နေ့စဥ် ဘဝကို အနှောင့်အယှက်ပေးမယ့် ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ စိတ်အတက် အကျမြန်မယ်၊ တစ်ခုခုဆို ဒေါသထွက်လွယ်မယ်၊ စိတ်ဓာတ်ကျမယ်၊ ဒီအချက်များကလည်း ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သွားထိနိုင်ပါတယ်။

ကင်ဆာရောဂါ

ချစ်တင်းနှော အနှောင့်

ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာသည် မတူညီသော ကင်ဆာရောဂါ အမျိုးမျိုးကို ခံစားနေကြရတာပဲ ဖြစ်ပါတယ်။ ဒီဆိုးရွားလှတဲ့ ကင်ဆာရောဂါသည် ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကင်ဆာရောဂါကြောင့် သောက်သုံးနေရတဲ့ ဆေးဝါးများ၊ ရောဂါကြောင့် ပင်ပန်းနွမ်းနယ်ခြင်းများကို ခံစားနေရမှာဖြစ်ပြီး ချစ်တင်းနှော ဖို့အတွက် ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

နှလုံးရောဂါနှင့် နှလုံးသွေးကြောကျဥ်းရောဂါ

ချစ်တင်းနှော အနှောင့်

ကွီးတို့ ညီလေး နိုးထပြီးထ ထောင်မတ်နေဖို့အတွက်ဆိုရင် ကောင်းမွန်တဲ့ သွေးလှည့်ပတ် စီးဆင်းမှု ရှိနေဖို့ လိုအပ်ပါတယ်။ နှလုံး သွေးကြောကျဥ်းရောဂါနှင့် နှလုံးရောဂါတို့ကြောင့် ခန္ဓာကိုယ်တွင်းမှာ သွေးလှည့်ပတ် စီးဆင်းမှု မကောင်းမွန်တဲ့အခါ ကွီးတို့ ညီလေးဆီလည်း သွေးစီးဆင်းတော့မှာ မဟုတ်ဘဲ ပန်းသေ ပန်းညှိုးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ကွီးတို့ဆီမှာ အထက်ဖော်ပြပါ ရောဂါမျိုး မရှိအောင် ငယ်စဥ်ကတည်းက ကျန်းမာနေအောင် နေထိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ များများစားသုံးခြင်း၊ အိပ်ရေး ဝဝ အိပ်စက် အနားယူခြင်း၊ ကိုယ်ရော စိတ်ပါ ကျန်းမာနေအောင် နေထိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် စိတ်သွားတိုင်း ညီလေးပါပြီး ပါဖောမန့်စ်တွေကို ထုတ်သုံးနိုင်မှာပါ။

ကွီးတို့ရော ကျန်းမာရေးနဲ့အညီ နေထိုင်နေရဲ့လား။

Source: Healthnews

Featured Image: English.jagran