ကွီးတို့ ရှော်တီလေးနဲ့ ရေခြား မြေခြား ဝေးနေရလို့ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ချစ်တင်းမနှော ရတဲ့ အချိန်တွေ ကြာ မြင့်လာရင် ဘာတွေ ကြုံတွေ့ ခံစားရသလဲဆိုတာကို ကွီးတို့ သိပြီးပါပြီလား။

၂၃ ရာခိုင်နှုန်းသော အမေရိကန် အမျိုးသားများသည် ၂၀၂၁ တစ်နှစ်တာလုံးကို ချစ်တင်းမနှောဘဲ ဖြတ်သန်းခဲ့ရတယ်လို့ စစ်တမ်းများအရ သိရှိရပါတယ်။ ချစ်တင်းမနှော တာ ကြာ လာရင် စိတ်ရှုပ်ခြင်း ခံစားချက်အပြင် အခြားသော ခံစားချက်များကိုပါ ကြုံတွေ့ ခံစားရတတ်ပါတယ်။

အလုံးစုံ ပြီးမြောက်သော ခံစားချက်ကို မခံစားရတာ ကြာလာတဲ့အခါ ဘာဖြစ်တတ်သလဲ

couple

စိတ်ရောဂါ အထူးကု ဆရာဝန် အဖြစ်သာမက မော်ဒန် လိင်ကျန်းမာရေး ကုသ ဆွေးနွေးပေးခြင်းဆိုင်ရာ အဖွဲ့အစည်းရဲ့ တွဲဖက် ဒါရိုက်တာအဖြစ်လည်း အလုပ်လုပ်နေတဲ့ ဒေါက်တာ Rachel Needle ဆိုသူရဲ့ ပြောကြားချက်အရ ချစ်တင်းမနှောရဘဲ အချိန်အကြာကြီး မြိုသိပ်ထားရခြင်းသည် စိတ်ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်လို့ သိရှိရပါတယ်။

ချစ်တင်းနှောတဲ့အခါ ခံစားရတဲ့ အလုံးစုံ ပြီးမြောက်သွားသော ခံစားချက်သည် ကွီးတို့ကို နှစ်ခြိုက်စွာ အိပ်မောကျအောင် ကူညီပေးရုံသာမက နာကျင်ခြင်းကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ၊ စိတ်ပူပန် စိုးရိမ်ခြင်းတို့ကိုပါ လျော့ချပေးနိုင်ပါတယ်။ ဒီအချက်တွေက ကွီးတို့ရဲ့ ကိုယ်ခန္ဓာ ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့အတွက်ကြောင့် ကွီးတို့ရဲ့ စကီလေးနဲ့ ချစ်တင်းနှောဖို့ အခွင့်အရေး မရှိရင်တောင်မှ တစ်ကိုယ်ရည် အာသာဖြေပြီး အလုံးစုံ ပြီးမြောက်တဲ့ ခံစားချက်ကို ရယူဖို့ ကြိုးပမ်းသင့်ကြောင့် ဒေါက်တာ Rachel Needle က ပြောကြားထားပါတယ်။

အထိအတွေ့ကို ဆာလောင်မွတ်သိပ်လာမယ်

ချစ်တင်းမနှော ကြုံတွေ့

ချစ်တင်းနှောခြင်းကြောင့် ကွီးတို့ ရရှိမယ့် အကျိုးကျေးဇူးတွေက အများကြီးပဲဆိုတော့ ချစ်တင်းမနှောတာ အချိန်ကြာလာတဲ့အခါ ခံစားရမယ့် ဆိုးကျိုးတွေကလည်း အများကြီးပါပဲ။ လပေါင်းများစွာ ချစ်တင်းမနှောဘဲ နေရတဲ့သူတစ်ယောက်အဖို့ အထိအတွေ့ကို ဆာလောင်မွတ်သိပ်လာပါလိမ့်မယ်။ ဒီလိုကနေ ကိုယ်ခံစွမ်းအားကိုလည်း အားနည်းသွားစေပြီး စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများကို တရိပ်ရိပ် တိုးလာစေပါတယ်။ ဒါ့အပြင် အထီးကျန်မှုကိုလည်း ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ကျဆင်းလာစေနိုင်ပါတယ်။

ကွီးတို့အနေနဲ့ အခုဖော်ပြသွားတဲ့ ဆိုးကျိုးများကို မခံစားချင်ဘူးဆိုရင်တော့ အချိန်အကြာကြီး ချစ်တင်းမနှောဘဲ ကိုယ့် ညီလေးရဲ့ ကျန်းမာရေးကို လျစ်လျူရှုထားတာမျိုး မပြုလုပ်သင့်ပါဘူး။

ဒါဆိုရင် စုံတွဲတွေအနေနဲ့ တစ်ရက်လျှင် ဘယ်နှကြိမ်လောက် ချစ်တင်းနှောသင့်သလဲ

ချစ်တင်းမနှော ကြုံတွေ့

ဒါကတော့ ကွီးတို့ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ နေ့တိုင်း ချစ်တင်းနှောလို့ ဘာဆိုးကျိုးမှ မရှိနိုင်ဘူးလို့ သိပ္ပံနည်းကျ လေ့လာချက်အရ သိရှိရပါတယ်။ ဒါပေမဲ့ တစ်ရက်တည်းနဲ့ ကြိမ်ဖန်များစွာ ချစ်တင်းနှောမယ်ဆိုရင်တော့လည်း ရုပ်ပိုင်းဆိုင်ရာအရ နာကျင်မှုကိုတော့ ခံစားရနိုင်ပါတယ်။ ကွီးတို့သာ ကျန်းမာရေးနဲ့ အညီ ချစ်တင်းနှောမယ်ဆိုရင်တော့ အခြားသော ဘာဆိုးကျိုးမှ ခံစားရမှာ မဟုတ်ပါဘူး။

ကွီးတို့ စုံတွဲရော ချစ်တင်းမနှောဘဲ မြိုသိပ်ထားရတာတွေ များနေပြီလား။

Source: Businessinsider

Featured Image: Flo.health