ကွီးတို့ရဲ့ ကျန်းမာရေးအတွက် ထည့်စဥ်းစားရင်ပဲဖြစ်ဖြစ်၊ ကိုယ့် ရှော်တီလေးရဲ့ ကျန်းမာရေးကို ထည့်စဥ်းစားရင်ပဲဖြစ်ဖြစ်၊ ချစ်တင်းနှောခြင်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေးအသိ ရှိထားဖို့ လိုအပ်ပါတယ်။ ကျန်းမာရေး အသိ မရှိဘဲနဲ့ အခုဖော်ပြပေးမယ့် အချိန် တွေမှာ အတင်းအကြပ် ချစ်တင်းနှော မယ်ဆိုရင်တော့ ကွီးတို့အတွက် ဆိုးကျိုးတွေချည်းပါပဲ။

ဆီးလမ်းကြောင်း ပိုးဝင်လို့ ကုသနေရတဲ့အချိန်

man itchy penis

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် အမျိုးသားရော၊ အမျိုးသမီးများမှာပါ ဖြစ်တတ်တဲ့ ရောဂါ တစ်ခုပါ။ အမျိုးသမီးများရဲ့ ဆီးပြွန်က ပိုပြီး တိုတဲ့အတွက်ကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရောဂါကို ခံစားရနိုင်ခြေ ပိုမို မြင့်မားတာဖြစ်ပါတယ်။ အမျိုးသမီးများတွင်တော့ မိုးရာသီလို ကာလတွေမှာ အဖြစ်များတတ်ပါတယ်။ အမျိုးသားများကတော့ များသောအားဖြင့် အနောက်တံခါးဝကနေ တိုးဝင်ပြီးနောက်မှာ ထိုအနောက်တံခါးဝနဲ့ ဆက်စပ်တဲ့နေရာမှာ ရှိနေတဲ့ ဘက်တီးရီးယားများကြောင့် ဆီးလမ်းကြောင်း ပိုးဝင်တတ်ပါတယ်။

ကွီးတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်က ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့အခါ သိသိချင်းပဲ ဆရာဝန်ထံ​ သွားရောက်ပြီး ကုသမှု ခံယူသင့်ပါတယ်။ ဒါ့အပြင် ရောဂါ သက်သာလာတဲ့အချိန်အထိ ချစ်တင်းနှောခြင်းကို ရပ်တန့်ထားဖို့ လိုအပ်ပါတယ်။

ညီလေး ယားယံနေတဲ့အချိန်

couple on bed

ကွီးတို့ရဲ့ ညီလေးသည် အကြောင်းအရင်းအမျိုးမျိုးကြောင့် ယားယံတတ်ပါတယ်။ ရောင်ရမ်းခြင်းကြောင့်သော်လည်းကောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်းကြောင့်သော်လည်းကောင်း၊ ရောဂါပိုး ဝင်ခြင်းကြောင့်သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ယားယံတတ်ပါတယ်။ ဒီလိုမျိုး ယားယံ နေချိန်မှာ ချစ်တင်းနှောခြင်းကို မဆိုထားနဲ့ ကွီးတို့ ညီလေးကို ကိုင်တွယ် ထိတွေ့နေခြင်းမှ ရှောင်ကြဥ်သင့်ပါတယ်။

အကာအကွယ်ပစ္စည်းများ ကုန်သွားတဲ့အချိန်

အချိန် ချစ်တင်းနှော

အကာအကွယ် ပစ္စည်းတွေက ကွီးတို့ကို လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။ မှန်ကန်စွာ အသုံးပြုမယ်၊ ဒါ့အပြင် ကွီးတို့ ကိုယ်တိုင်ကရော၊ ကွီးတို့ ပါတနာကရော ကျန်းမာရေး နောက်ကြောင်း ရာဇဝင် ရှင်းလင်းမယ်ဆိုရင်တော့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ပူနေစရာမလိုပါဘူး။ အကာအကွယ်နဲ့ ချစ်တင်းနှောခြင်းသည် မစီစဥ်ထားဘဲ ကိုယ်ဝန်ရသွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့သည် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကို မခံစားချင်ဘူး၊ ကိုယ့်ရဲ့ ရင်သွေးကို ပြုစုပျိုးထောင်ဖို့ ရယ်ဒီ မဖြစ်သေးဘူးဆိုရင်တော့ အကာအကွယ်ပစ္စည်းများ မရှိတဲ့အချိန်မှာ ချစ်တင်းမနှောသင့်ပါဘူး။

အယ်လ်လိုဟော ဖျော်ရည်များသောက်ပြီး မူးဝေနေချိန်

အချိန် ချစ်တင်းနှော

ကွီးတို့ အယ်လ်ကိုဟော ဖျော်ရည် သောက်နေချိန်တွင် လူက မူးဝေဝေနဲ့ ရီဝေယံဖြစ်နေမှာပါ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုလည်း ချမှတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အယ်လ်ကိုဟော ဖျော်ရည် သောက်ထားချိန်မှာလည်း ချစ်တင်းနှောဖို့ရာ မသင့်တော်ပါဘူး။

ကွီးတို့ မဟေသီ ကလေးမီးဖွားပြီးခါစအချိန်

အချိန် ချစ်တင်းနှော

ကွီးတို့ မဟေသီ ကိုယ်ဝန်ဆောင်ချိန်မှာပဲဖြစ်ဖြစ်၊ ကလေး မီးဖွားပြီးချိန်မှာပဲဖြစ်ဖြစ် ချစ်တင်းနှော ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ ဆရာဝန်ထံ တိုင်ပင်ဆွေးနွေးပြီး ဇနီးအတွက် ဘေးကင်းဖို့အရေး ဦးစားပေးဖို့ လိုအပ်ပါတယ်။ ကလေးမီးဖွားပြီးချိန်မှာဆိုရင်တော့ ရက်သတ္တပတ် ၄ ပတ်ကနေ ၆ ပတ်အထိ စောင့်ဆိုင်းဖို့ လိုအပ်ပါတယ်။ မစောင့်နိုင်ဘဲ ချစ်တင်းနှောမယ်ဆိုရင်တော့ ကွီးတို့ မဟေသီရဲ့ ကျန်းမာရေးအတွက် မကောင်းပါဘူး။

အခုဖော်ပြသွားတဲ့ အချိန် တွေမှာ ကွီးတို့ဘက်က ဘယ်လောက်ပဲ ချစ်တင်းနှော ချင်စိတ် ပြင်းပြနေပါစေ အောင့်အီး သည်းခံထားဖို့ လိုအပ်ပါတယ်။ မအောင့်အီးနိုင်ဘဲ အတင်းအကြပ် ချစ်တင်းနှော မယ်ဆိုရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို လှလှကြီး ခံစားသွားရပါလိမ့်မယ်။

ကွီးတို့လည်း ထိုနောက်ဆက်တွဲ ဆိုးကျိုးတွေကို မခံစားချင်ဘူး မဟုတ်လား။

Source: Prevention

Featured Image: Timesofindia.indiatimes.com