လက်သိုင်းကျင့်တာကတော့ ပုရိသတို့အတွက် တစ်ကိုယ်ရည် အာသာဖြေနည်း တစ်ခုဖြစ်ပြီး ပုရိသတို့ရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပါတယ်။ အကာအကွယ် မသုံးဘဲ ချစ်တင်းနှောမယ်ဆိုရင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ဖြစ်ပွားတတ်ပါတယ်။ ဒါဆိုရင် ချစ်တင်းမနှော ဘဲ လက်သိုင်းကျင့်နေရုံနဲ့ ရောဂါ ကူးစက်နိုင်ခြေ မရှိတော့ဘူးလား။

အဖြေကတော့ နိုးပါ။ ချစ်တင်းမနှောဘဲ လက်သိုင်း ကျင့်နေရုံနဲ့တင်လည်း ရောဂါ ကူးစက်နိုင်ခြေ ရှိပါတယ်။ အကြောင်းအရင်းကို သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အကြောင်းအရင်းများကို အဆုံးအထိ ဆက်လက်ဖတ်ရှုပေးလိုက်ပါ။

အရင်ဦးဆုံး လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါတွေက ဘယ်လိုနည်းလမ်းနဲ့ ကူးစက်တတ်သလဲဆိုတာကို သိရှိထားဖို့ လိုအပ်ပါတယ်။

STD

STI ဆိုတာကတော့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကတော့ ကလိုင်မီးဒီးယား (Chlamydia) ၊ ဆီးပူညောင်းကျရောဂါ (Gonorrhea) ၊ Hepatitis B ၊ HSV ၊ HIV နှင့် HPV အစရှိတဲ့ ရောဂါများပဲ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ ရောဂါရှိသူ တစ်ဦးဦးထံကနေ ခန္ဓာကိုယ်က ထွက်ရှိတဲ့ အရည်ကတဆင့် ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် အရေပြား ထိတွေ့မှုကနေတဆင့်လည်း ကူးစက်နိုင်ပါသေးတယ်။

ဒါဆိုရင် ဒီရောဂါတွေက ချစ်တင်းမနှော ဘဲ လက်သိုင်းကျင့်ရုံနဲ့ ဘယ်လိုဖြစ်ပြီး ရောဂါ ကူးစက်သွားနိုင်တာလဲ

ချစ်တင်းမနှော ရောဂါ

ကွီးတို့က လုံးဝ ရောဂါ ကင်းစင်နေတယ်။ ကျန်းမာရေး ရာဇဝင်ကလည်း ဘာပြဿနာမှ မရှိဘူး။ ဒါပေမဲ့ ရောဂါပိုးရှိသူ အသုံးပြုတဲ့ လူကြီးအရုပ်များကို ကွီးတို့ တစ်ကိုယ်ရည် အာသာဖြေနေချိန်မှာ အသုံးပြုမိတယ် ဆိုရင်လည်း ကူးစက်သွားနိုင်ပါတယ်။ ဒါ့အပြင် သွေးမှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေလည်း ရှိတဲ့အတွက်ကြောင့် ကွီးတို့သည် ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အထူး ဂရုစိုက်သင့်ပါတယ်။

ကိုယ့်မှာ ရောဂါ ပိုး ကူးစက်ခံနေရလားဆိုတာကို ဘယ်လို သိနိုင်မလဲ

ချစ်တင်းမနှော ရောဂါ

ကွီးတို့ အပေါ့ (သို့) အလေး သွားတဲ့အခါမျိုးမှာ နာကျင်နေရတဲ့အခါ၊ ရောင်ရမ်းခြင်း၊ အဖု အပိန့် ပေါက်ခြင်း၊ ပြည်တည်ခြင်း စသည့် လက္ခဏာများကို မြင်တွေ့ရခြင်း၊ လည်ချောင်းနာခြင်း၊ တံတွေး မြိုချဖို့ ခက်ခဲခြင်း၊ သွေးထွက်ခြင်း အစရှိတဲ့ ရောဂါ လက္ခဏာများကို မြင်တွေ့ရတဲ့အခါ နီးစပ်ရာ ကျန်းမာရေး ဌာနသို့ သွားရောက်သင့်ပါတယ်။​

ဘယ်အချိန်မှာ ကျန်းမာရေး စစ်ဆေး ထားသင့်သလဲ

ချစ်တင်းမနှော ရောဂါ

စောစောကလို လက္ခဏာများ မြင်တွေ့ရတဲ့အခါ၊ STI ရောဂါ ရှိတဲ့သူနဲ့ ချစ်တင်းနှော ပြီးတဲ့နောက်မှာ၊ ကိုယ့်ပါတနာရဲ့ ကျန်းမာရေး ရာဇဝင်ကို ရေရေရာရာ မသိတဲ့အခါ၊ အခြားသူ အသုံးပြုထားတဲ့ လူကြီးအရုပ်များကို အသုံးပြုပြီးတဲ့နောက်မှာ အစရှိတဲ့ အချိန်တွေမှာ ကွီးတို့ရဲ့ ကျန်းမာရေးကို စစ်ဆေးမှု ခံယူသင့်ပါတယ်။

ကွီးတို့ရော ကိုယ့်ကျန်းမာရေးကို သေချာဂရုစိုက်ရဲ့လား။

Source: Healthline.com

Featured Image: Menshealth