ချစ်တင်းနှောချိန်မှာ အရေးကြီးဆုံးက သင်ရောသင့်ပါတနာပါ နှစ်ဦးလုံး သာယာကြည်နူးဖွယ် ခံစားမှုအတွေ့အကြုံကို အပေးအယူမျှမျှ ဝေမျှခံစားနိုင်ဖို့ပါပဲ။ တစ်ဦးနဲ့တစ်ဦး အိပ်ရာထက်မှာ ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ အခိုက်အတန့်ကောင်းတစ်ခုကို ရရှိပိုင်ဆိုင်နိုင်ဖို့ဆိုရင် နှစ်ဦးကြား ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုအပြင် စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု ရှိဖို့ကိုလည်း အလေးနက်ထားဖို့ လိုပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ယှဉ်ရင် ခံစားမှုအာရုံ အထွတ်အထိပ် ရောက်ရှိဖို့ ခက်ခဲပါတယ်။ ဒီအတွက်ကြောင့် အမှန်တကယ် လုပ်ငန်းမစခင် ကတည်းက သင်နဲ့ သင့်ချစ်သူပါတနာကြားမှာ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုကို တည်ဆောက်ပြီး သူမရဲ့ စိတ်ခံစားချက်တွေကို တဟုန်းဟုန်းတောက်လောင်စေဖို့အကောင်းဆုံး နှိုးဆွလှုံ့ဆော်ပေးဖို့ လိုပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်တော့ ချစ်တင်းမနှောခင်မှာ သင့်ချစ်သူပါတနာရဲ့ စိတ်ခံစားမှုတွေ ၊ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို အကောင်းဆုံး လှုံ့ဆော်ပေးနိုင်မယ့် တစ်နည်းအားဖြင့် အမျိုးသမီးတွေ အိပ်ရာထက်မှာ လိုချင်ကြတဲ့ နှစ်သက်မှုတွေ အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ချိုမြိန်တဲ့ အချစ်စကားလေးတွေ ဆိုပါ

Couple

Photo : Thriveworks

လုပ်ငန်းမစခင်မှာ သင့်ချစ်သူပါတနာနဲ့ ရင်ခုန်စရာ ချိုမြမြ အချစ်စကားလေးတွေ ပြောသင့်ပါတယ်။ ပါတနာရဲ့ လိုအင်ဆန္ဒတွေ ၊ နှစ်သက်မှုတွေအကြောင်း မေးမြန်ဆွေးနွေးပါ။ သူမရဲ့အကြိုက်နဲ့ မကြိုက်တဲ့အချက်တွေကို လေ့လာပြီး တုံ့ပြန်မှုတွေကို နားထောင်ပေးပါ။

ဒါက နှစ်ဦးသားရဲ့ ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုကို တိုးစေမှာဖြစ်ပြီး ပျော်ရွှင်ကျေနပ်ဖွယ် အတွေ့အကြုံကို ခံစားရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

(၂) ရိုမန်တစ်ဆန်တဲ့ ပြင်ဆင်မှုလေးတွေ ပြင်ဆင်ထားပါ

Couple

Photo : Simply Midori

သင့်ချစ်သူပါတနာရဲ့ စိတ်ခံစားချက်တွေကို ပိုမိုမြင့်တက်လာစေဖို့ ကူညီပေးနိုင်တဲ့ ရိုမန်တစ်ဆန်တဲ့ ပြင်ဆင်မှုလေးတွေကိုလည်း ပြင်ဆင်ထားဖို့ မမေ့သင့်ပါဘူး။ ဥပမာအားဖြင့် အိပ်ခန်းအတွင်းမှာ သင်းပျံ့တဲ့ ရနံ့ဖယောင်းတိုင်လေးတွေ ထွန်းညှိထားတာ ၊ သာယာငြိမ့်ငြောင်းတဲ့ တေးသီချင်း ခပ်အေးအေးလေးတွေ ဖွင့်ထားတာ ၊ နှင်းဆီပန်းလေးတွေနဲ့ အိပ်ရာကို အလှဆင်တာ ၊ ဝိုင်ခွက်လေးတွေ ရယ်ဒီပြင်ဆင်ထားတာ စတဲ့အရာလေးတွေ လုပ်နိုင်ပါတယ်။ ဒါက သူမအပေါ် အမှန်တကယ် ချစ်မြတ်နိုးတန်ဖိုးထားကြောင်း ဖော်ပြတဲ့ ရိုမန်တစ်ဆန်ဆန် အမူအရာလေးတွေ ဖြစ်သလို သူမရဲ့ စိတ်ခံစားချက်တွေကို ပိုမိုနိုးကြားလာစေဖို့ လှုံ့ဆော်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) အထိအတွေ့ရဲ့ စွမ်းအားကို အသုံးချပါ

Couple

Photo : Lifeandtrendz

အထိအတွေ့တွေဟာ သင်နဲ့သင့်ပါတနာကြား ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်ပေးနိုင်တဲ့ အစွမ်းထက် လက်နက်တစ်ခုပါပဲ။ အမျိုးသမီးတွေဟာ အမှန်တကယ် လုပ်ငန်းမစခင် မှာကတည်းက ချစ်သူပါတနာရဲ့ ပွေ့ဖက်မှု ၊ ပွတ်သပ်ထိတွေ့မှုတွေကို လိုချင်တပ်မက်ကြပါတယ်။

အထိအတွေ့တွေက စိတ်ခံစားမှု အာရုံကို နှိုးဆွရာမှာ အခရာကျတဲ့ သော့တစ်ချောင်းဖြစ်တာကြောင့် သူမရဲ့ရင်ခုန်သံတွေ အရှိန်မြင့်လာစေဖို့ ဆံသားလေးတွေ ၊ ပခုံးနဲ့ ကျောပြင်လေးတွေ ဒါမှမဟုတ် သူမရဲ့ ပေါင်တံလေးတွေကို ညင်သာစွာ ပွတ်သပ်ကိုင်တွယ်ခြင်းဖြင့် အစပျိုး နိုင်ပါတယ်။

(၄) သူမ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုတွေကို လေ့လာပါ

Couple

Photo : Aaj Ki Khabar

လုပ်ငန်းမစခင် မှာ သင့်ချစ်သူပါတနာရဲ့ ခန္ဓာကိုယ်ကို စူးစမ်းလေ့လာဖို့အတွက် အချိန်ပေးသင့်ပါတယ်။ နူးညံ့သိမ်မွေ့တဲ့ အနမ်းတွေ ၊ အပွတ်အသပ် ၊ အထိအတွေ့တွေနဲ့ သူမ ဘာလိုချင်လဲ ၊ ဘယ်အရာတွေကို ကြိုက်နှစ်သက်လဲ ဆိုတာကို ပါတနာရဲ့ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုလေးတွေကို ကြည့်ပြီး ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး ခရီးဆက်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ သူမရဲ့ စိတ်ရော ခန္ဓာကိုယ်ပါ သက်တောင့်သက်သာနဲ့ ခံစားမှုအာရုံ အမြင့်ဆုံးထိရောက်အောင် ဆွဲခေါ်နိုင်မှာ ဖြစ်ပါတယ်။

Source : Times of India

Featured Photo : New York Post