ချစ်သူစုံတွဲတို့အတွက် အမှတ်တရ နှစ်ပတ်လည်နေ့တွေ ၊ အရေးပါတဲ့နေ့တွေမှာ စိတ်ကူးယဉ်ဆန်ဆန် အချိန်ကုန်ဆုံးဖို့ စဉ်းစားထားသလား။ ကွီးတို့အနေနဲ့ ကွီးတို့ချစ်ရသူ အမျိုးသမီးလေးကို အချိန်မပေးနိုင်ဖြစ်နေလို့ အားလပ်တဲ့ အချိန်မှာ ပျော်ရွှင်စရာ အချိန်ကောင်းလေး ဖန်တီးပေးချင်ပါသလား။ Relationship တစ်ခု ခိုင်မြဲတည်တံ့ဖို့ဆိုရင် စိတ်ကူးယဉ်ဆန်တဲ့ အမှတ်တရ အချိန်လေးတွေ အတူတကွ ပိုင်ဆိုင်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ချစ်သူစုံတွဲတို့ အတွက် စိတ်ကူးယဉ်ဆန်တဲ့ Nighlife လေး ဖန်တီးနိုင်မဲ့ နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။

စိတ်ကူးယဉ် ညစာစားပွဲလေး ကျင်းပပေးပါ

ချစ်သူစုံတွဲတို့ Nighlife

Photo : Cooking Light

ချစ်သူစုံတွဲတို့ အတွက် စိတ်ကူးယဉ်ဆန်တဲ့ Nighlife လေးကို ဖန်တီးနိုင်ဖို့ဆိုရင် ညစာစားပွဲလေး ကျင်းပပေးတာကလည်း တကယ်ကို စိတ်ကူးကောင်းပါ။ ညစာစားပွဲဟာ ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ ကွီးတို့ရဲ့ စဉ်းစားလုပ်ဆောင်တတ်ပုံပေါ် မူတည်ပြီး ကွီးတို့ရဲ့ ချစ်ရသူလေးရဲ့စိတ်ကို အပြည့်အဝ ဖမ်းစားနိုင်မှာပါ။ ညစာစားပွဲလေး လုပ်ပေးမယ်ဆိုရင် ကွီးတို့ အနေနဲ့ တိတ်ဆိတ်ငြိမ်သက်ပြီး ကွီးတို့နှစ်ယောက် အေးအေးဆေးဆေး အချိန်ဖြုန်းလို့ရမဲ့ ဆိုင်မျိုးကိုရွေးပါ။ အစားအသောက်ကိုလည်း သူမကြိုက်နှစ်သက်တာမျိုး ဖြစ်ပါစေ။ ဝိုင်များကိုလည်း ကြိုတင်ရွေးချယ်ထားပါ။ အရသာရှိတဲ့ အစားအသောက်တွေစားပြီး ဝိုင်လေးသောက်ရင်းနဲ့ ကြည်နူးစရာ အမှတ်တရလေးတွေကို ပြန်လည်တမ်းတပြီး ကွီးတို့နှစ်ယောက်လုံးအတွက် စိတ်ကူးယဉ်ဆန်တဲ့ အချိန်လေးပိုင်ဆိုင်စေမှာ အမှန်ပါပဲ။

Spa Night လေးဖန်တီးပါ

ချစ်သူစုံတွဲတို့ Nighlife

Photo : Villa Del Arco

ကွီးတို့နှစ်ယောက်စလုံး အလုပ်တာဝန်တွေကြောင့် ပင်ပန်းနေပါသလား။ ဒါဆိုရင်တော့ ပင်ပန်းမှုတွေ ပြေပျောက်စေပြီး ကြည်နူးလန်းဆန်းမှု အပြည့်နဲ့ Spa Night လေးဖန်တီးပြီး စိတ်ကူးဆန်တဲ့ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ပါတယ်။ ကွီးတို့ရဲ့ Spa Night လေးကို Spa ဆိုင်တွေမှာ ဝန်ဆောင်မှုယူလို့ရသလို၊ ကိုယ့်အိမ်မှာလည်း လုပ်လို့ရပါတယ်။ မွှေးပျံ့နဲ့ အနံ့လေးများနဲ့ သောက်စရာဝိုင်လေးများကိုလည်း ပြင်ဆင်ထားပါ။ ကွီးတို့အနေနဲ့ စိတ်ပင်ပန်းမှုတွေကို ပျောက်စေရုံသာမက ကြည်နူးမှုကို ခံစားနိုင်ပါတယ်။

အိမ်မှာ ဝိုင်ပါတီလေးလုပ်ပါ

wine party

Photo : New Camp

ချစ်သူစုံတွဲတို့ အတွက် စိတ်ကူးယဉ်ဆန်တဲ့ Nighlife လေး ဖန်တီးနိုင်မဲ့ နောက်ထပ်နည်းလမ်းလေးတစ်ခုကတော့ ဝိုင်ပါတီလေး ကျင်းပခြင်းပဲ ဖြစ်ပါတယ်။ ဝိုင်အမျိုးအစားအနည်းငယ်ကို ပြင်ဆင်ထားပါ။ ထို့နောက် ဝိုင်ပုလင်း တံဆိပ်များကို ဖျောက်ထားနိုင်ပြီး မည်သည့်ဝိုင်သည် အရသာအရှိဆုံးနှင့် စျေးအသက်သာဆုံးဖြစ်သည်ကို ခန့်မှန်းတဲ့နည်းလေးကို အသုံးချလို့ရပါတယ်။ ချိုမြိန်တဲ့ ဝိုင်လေးတွေကို မြည်းစမ်းရင်း၊ တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုန်ရင်းနဲ့ ကွီးတို့အတွက် ကြည်နူးချိုမြိန်တဲ့ အခိုင်အတန့်လေးကို ပိုင်ဆိုင်စေမှာပါ။

Movie Night လေးဖန်တီးပါ

movie night

Photo : Seacoast Moms

ကွီးတို့ချစ်သူလေးနဲ့အတူ အေးအေးဆေးဆေး စိတ်ကူးယဉ်ဆန်တဲ့အချိန်လေးကို ဖြတ်သန်းချင်တယ်ဆိုရင် နောက်ထပ် စိတ်ကူးကောင်းလေးကတော့ အိမ်တွင်းရုပ်ရှင်ရုံလေးဖန်တီးခြင်းပါပဲ။ ကွီးတို့အိမ်ရှေ့ခန်းမှာဖြစ်စေ၊ နောက်ဖေးနေရာလွတ်မှာဖြစ်စေ သေချာပြင်ဆင်ပြီး Movie Night လေးဖန်တီးလိုက်ပါ။ ကွီးရော ကွီးကောင်မလေးပါ ကြိုက်နှစ်သက်တဲ့ ဇာတ်ကား (၂ ) ကားလောက်ပြင်ဆင်ထားပါ။ထို့နောက် သောက်စရာတွေ၊ မုန့်အချို့တဲ့ ဖယောင်းတိုင်လေးတွေကို ပြင်ဆင်ထားပါ။ ကွီးတို့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး ဖန်သားပြင်ပေါ်ရှိတဲ့ လှုပ်ရှားနေဲ့ ပုံရိပ်တွေကို ကြည့်ရှုခံစားရင်း ကွီးတို့ ဆက်ဆံရေးကို ပိုမို တိုးတတ်ကောင်းမွန်စေပါတယ်။

Featured Photo :  Hot Boston