ကွီးတို့ရေ သူငယ်ချင်းတွေနဲ့အတူ ညဘက်တွေမှာ ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းချင်ပါသလား။ ဒါမှမဟုတ် ကွီးတို့ဘော်ဒါတွေစုပြီး တစ်ပတ်တစ်ခါဖြစ်စေ၊ တစ်လတစ်ခါဖြစ်စေ၊ အချိန်တူတူ ကုန်ဆုံးချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဘော်ဒါတွေနဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ Nightlife လေးကို ဖန်တီးနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

(၁) အိမ်တွင်းပါတီ

ဘော်ဒါတွေနဲ့ Nightlife

Photo : Wishes Planet

ဘော်ဒါတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ Nightlife ကိုဖန်တီးနိုင်ဖို့ နည်းလမ်းတစ်ခုကတော့ ဘော်ဒါတွေစုပြီး အိမ်တွင်းပါတီလေး လုပ်ခြင်းပဲဖြစ်ပါတယ်။ အိမ်တွင်းပါတီလေးမှာ ကွီးတို့ဘော်ဒါတွေနဲ့အတူ ပျော်ပျော်ပျော်ပါးပါး စားသောက်ရင်း မြူးကြွတဲ့ တေးဂီတတွေနဲ့ အတူကခုန်လို့ ရပါတယ်။ ဒါမှမဟုတ် ပါတီဂိမ်းလေးတွေကစားရင်း စိတ်လှုပ်ရှားပြီး ပျော်ရွှင်ဖွယ် အချိန်လေးတွေ ဖန်တီးကြမလား။ အိမ်တွင်းပါတီလေး လုပ်မယ်ဆိုရင် ကွီးတို့အနေနဲ့ အဖျော်ယမကာမျိုးစုံနဲ့ စားစရာ အစုံအလင်ကိုတော့ ပြင်ဆင်ထားဖို့တော့ လိုပါမယ်နော်။

(၂) မီးပုံပွဲ

ဘော်ဒါတွေနဲ့ Nightlife

Photo : CNN

မီးပုံပွဲက နွေးထွေးတဲ့ခံစားချက်တွေကို ပေးစွမ်းနိုင်တဲ့အပြင် ကွီးတို့ ဘော်ဒါတွေ အားလုံးကို ပျော်ရွှင်စေပါလိမ့်မယ်။ မီးပုံပွဲလေးလုပ်ဖို့ အတွက် ကွီးတို့ ကမ်းခြေတွေ၊ စခန်းချတဲ့နေရာတွေ အထိသွားဖို့မလိုပါဘူး။ ကွီးတို့ရဲ့ အိမ်ခြံဝင်း တစ်နေရာမှာပဲ ပြင်ဆင်လို့ရပါတယ်။ မီးပုံပွဲလေး လုပ်ဖို့အတွက် နေရာ၊ ထိုင်ဖို့အခင်းအကျင်းတွေနဲ့ စားသောက်စရာလေးတွေပါ ပြင်ဆင်ပါ။ မီးပုံပွဲကလာတဲ့ နွေးထွေးတဲ့ အလင်းရောင်နဲ့ သူငယ်ချင်းတွေနဲ့အတူ ဝိုင်ချိုချိုလေးတွေသောက်ရင်း စကားပြောမလား၊ သို့မဟုတ် ဂီတာတီးပြီး တစ်ညလုံး သီချင်းဆိုကြမလား ၊ ကွီးတို့ စိတ်ကြိုက်ရွေးချယ်လိုက်ပါ။ မီးပုံလေး အဆင်သင့်ရှိတဲ့ အတွက် ကွီးတို့ဘော်ဒါတွေနဲ့ အတူ BBQ ဒင်နာလေးပါ လုပ်ရင်း ပျော်ပျော်ပါးပါး စားသောက်လို့ ရပါသေးတယ်။

(၃) Movie Night

Happy with friends

Photo : Good House Keeping

ဘော်ဒါတွေနဲ့ အတူ ရုပ်ရှင်ကြည့်ပြီး ပျော်ရွှင် စိတ်လှုပ်ရှားစရာကောင်းတဲ့ Nightlife လေးကို ဖန်တီးလို့ရပါတယ်။ သူငယ်ချင်းတွေ စုပေါင်းပြီး ရုပ်ရှင်ကြည့်တာဟာ ရိုးရှင်းမလိုနဲ့ ကတယ်တော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကွီးတို့အနေနဲ့ သူငယ်ချင်းတွေနဲ့ စုကြည့်ဖိုဆိုရင် သည်းထိတ်ရင်ဖို ဇာတ်ကားတွေ၊ သရဲကားတွေကို ရွေးချယ်လို့ရသလို၊ ကွီးတို့ဘော်ဒါတွေ အားလုံးမကြည့်ဖူးသေးတဲ့ Drama ကားကောင်းလေးတွေကိုလည်း ရွေးချယ်လို့ရပါတယ်။ ဘော်ဒါတွေနဲ့ ရုပ်ရှင်ကြည့်မဲ့နေရာကို သေချာပြင်ဆင်ပြီး ရုပ်ရှင်ကြည့်ရင်း စားဖို့ ပေါက်ပေါက်ဆုတ် ၊ အခြားစားစရာများနဲ့ သောက်စရာများကိုလည်း ပြင်ဆင်ထားပါ။

(၄) Game Night

Happy with friends

Photo : ICO Fairbourn Station

ကွီးတို့ရေ ဘော်ဒါတွေနဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ Nightlife ကိုဖန်တီးဖို့ဆိုရင် ဘော်ဒါတွေဆုံပြီး ဂိမ်းကစားလို့လည်း ရပါသေးတယ်။ ကွီးတို့အားလုံး ပါဝင်ကစားလို့ရတဲ့  ဂိမ်းတွေကို ရွေးချယ်ထားပါ။ ဒါမှမဟုတ် အခြားသော ပျော်ရွှင်စရာ ဂိမ်းတွေကိုလည်း ကစားလို့ရပါသေးတယ်။ အရသာရှိတဲ့ အစားအစာနဲ့ သောက်စရာများကို စားသောက်ရင်း ပျော်ပျော်ရွှင်ရွှင် ဂိမ်းကစားရင်း ကွီးတိုဘော်ဒါချင်း ခင်မင်ရင်းနှီးမှုကို ပိုမိုခိုင်ခံ့စေပါတယ်။

ကွီးတို့ရေ အခုဖော်ပြလိုက်တဲ့ နည်းလမ်းတွေတင်မကပဲ ဘော်ဒါတွေနဲ့အတူ ညဘက်မှာ ဘားတွေသွားပြီး Chill တာ၊ ကလပ်သွားပြီး အတူတူပျော်ပါးကခုန်တာ၊ ညစာအတူ စားပြီး စကားပြောကြတာ၊ စသည်ဖြင့် အခြားသော နည်းလမ်းများစွာလည်း ရှိပါသေးတယ်။ ဘယ်လိုနည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် ဘောဒါတွေနဲ့ ပျော်ရွှင်စရာ အချိန်တွေကို ဖန်တီးတာဟာ ကွီးတိုရဲ့ ဘော်ဒါချင်း ရင်ဘတ်ချင်း ပိုမိုနီးစပ်ပြီး ခင်မင်ရင်းနှီးမှု ပိုမိုခိုင်ခံ့လာစေပါလိမ့်မယ်။

Featured Photo : Good House Keeping